Skip to main content

Posts

Showing posts from August, 2013

" Lover Game" [ ချစ်သူရွေးမယ် ]

ပုံပြင်လေးတစ်ပုဒ် ပြောပြမယ် … ။ တစ်ခါက  ရင်ဘတ်ချင်းတိုက်ရတဲ့ ဂိမ်းတစ်ခုရှိတယ်...။  စာမေးပွဲပြီး အဖြေတိုက်ကြသလိုပေါ့ … ။ “ဘ၀”ဆိုတဲ့ ကွန်ပျူတာစက်ကြီးကို ရှေ့ချရင်း စိတ်ကူးတူတဲ့သူနှစ်ယောက် အဖွဲ့ဖွဲ့ပြီး ကစားပွဲကို တူတူကစားကြည့်ကြတယ် ။ အဖြေမှားနေရင် … လက်ဆွဲပြီး အပြုံးနဲ့ နှုတ်ဆက်ကြမယ် … ။  ရန်မဖြစ်ကြေး ၊ အစွဲအလမ်းမထားကြေး ။ “ဘ၀” ဆိုတာ ခွဲခွာရခြင်းတွေကို ကြောက်ရွံ့နေရုံနဲ့မှ မပြီးတာ … ။ ဆက်လျှောက်ရမယ့် လမ်းတွေက ရှိသေးတယ် ။ အဲ .. အဖြေမှန်သွားရင်တော့  ဘ၀ခရီးလမ်းမှာ “ အချစ်” ဆိုတဲ့ ကားတစ်စီး … ကောက်ရလိုက်ပြီပဲ မှတ်လိုက်ပါတော့ ။ သူနဲ့ဆို “ဘ၀”ကို ဖြတ်သန်းရတာ လွယ်ကူလျင်မြန်လာမယ် …။ ပိုပြီးခရီးတွင်လာမယ် … ။ အခက်အခဲတွေကို သိပ်မမှုတော့ဘူး ။ ဘ၀နေ့ရက်တွေက အဓိပ္ပါ ယ်ရှိလာမယ် ။ အဓိကကတော့ အချစ်က “ခွန်အား”တစ်ခုဖြစ်လာပြီး  နေ့ရက်တိုင်းက စိတ်ချမ်းသာစရာတွေ   ဖြစ်လာလိမ့်မယ် …. ။ ◘ အချစ်ကို ရွေးချယ်တတ်ပါစေ … ခံစားတတ်တဲ့ ဦးနှောက်နဲ့ တွေးတောဥာဏ်အသိရှိတဲ့ နှလုံးသားကို ပိုင်ဆိုင်နိုင်ကြပါစေ … ။ ...

" ငါးမျှားချိတ် "

" ငါးမျှားချိတ် " ဇာတ်ညွှန်း မှားမှားနေမှတော့ ဇာတ်ဝင်ခန်းတွေလည်း ဘယ်လှပနိုင်ပါ့မလဲ .. ။ တေ့လွဲကလေးတွေကပဲ နောက်ဆုံး ဖြောင့်ဖြောင့်ကြီး လွဲသွားတတ်ကြတာ မဟုတ်လား ။ “ ဆန္ဒ ” ဆိုတဲ့ အရောင်ကလေး ထပ်ကြည့်တော့ မျှော်လင့်ချက်ကလေး အရောင်ပိုလက်ခဲ့တယ် ။ လှည့်စားတတ်တဲ့ ငါးမျှားချိတ်လို … အပျင်းပြေ ဆော့ကစားရုံသက်သက်ပဲလား … ။ လွှတ်လိုက်၊ တင်းလိုက်၊ လျှော့လိုက် ၊ တိုးလိုက် လွဲဝင်လာတဲ့ ငါးကလေးမှာပဲ ဒဏ်ရာတွေ ပိုနက်ခဲ့ … ပေါ့ ။ မျက်ရည်မကျတတ်ပေမယ့် … ဒဏ်ရာသွေးတွေက … နာကျင်တတ်ခဲ့တယ် ။ မေ့တတ်ဖို့ ကြိုးစားခဲ့ပေမယ့် အမာရွတ်တွေက ထင်ကျန်ရစ်ဆဲပဲ .. ။ ခံစားချက်ရေပြင်မှာ   ဘ၀ကိုကူးခတ်နေရသရွေ့ အပြစ်ကင်းတဲ့ ဖြစ်တည်ချက်ဆန္ဒတွေ မှန်သမျှ ၊ အဲဒီ … ငါးမျှားချိတ် တွေမှာ … ထပ် … ထပ် မမိချင် တော့ဘူး … ။                  ။                               ...

" အချစ်စစ် "

" အချစ်စစ် " “ အချစ်စစ် ” ဆိုတာ … “ရူပဗေဒ” လို တခမ်းတနား တွေးတောစရာမလိုဘူး ။ “သင်္ချာ” လို လှည့်ကွက်တွေနဲ့တွက်ချက်စရာမလိုဘူး ။ “အဂၤလိပ္စာ” လို အဓိပၸ ၸ ါယ္အေသမွတ္စရာမလိုဘူး ။ တစ်ယောက် နှလုံးသားကိုတစ်ယောက် ရိုးစင်းစွာဖတ်တတ်ရင်… ရပြီ။ “ အချစ်စစ် ” ဆိုတာ “အရှုံးအမြတ်” တွက်ချက်ရအောင် “စီးပွားရေး”မဟုတ်ဘူး “အနိုင်အရှုံး” ဆုံးဖြတ်ရအောင် “ပြိုင်ပွဲတစ်ခု” မဟုတ်ဘူး မိုက်မဲရူးသွပ်ရလောက်အောင် “လောင်းကစားမှု” မဟုတ်ဘူး ငြိတွယ်ချိတ်ဆက်မိတဲ့ နှလုံးသားချင်း ညှိတဲ့ “ကြိုး” တစ်ချောင်းသာဖြစ်တယ် ။ “ အချစ်စစ် ” ဆိုတာ လွယ်လွယ်လေး မဖြစ်တည်ဘူး၊ တော်တော်နဲ့ မပြိုပျက်ဘူး “မိုးနဲ့မြေ” လို ဝေးကွာနေလည်း မိုးကုပ်စက်ဝိုင်းတစ်နေရာမှာ နှလုံးသားနှစ်စုံဟာ မျှော်လင့်ချက်ခြယ် သက်တန့်ကြီးနဲ့အတူ ထာဝရ … ချိတ်ဆက်ထားခဲ့တယ် ။ " လေပြည်ချမ်းချမ်း "