Skip to main content

Posts

Showing posts from January, 2018

Ethic

• [ About Ethic ] • 💭💭💭💭💭💭 တစ်ချို့ကိစ္စတွေဟာ အချစ်နဲ့မဆိုင်ဘူး။ အမှား/အမှန်နဲ့ မဆိုင်ဘူး။ လူတစ်ယောက်က အခြားလူတစ်ယောက်အပေါ်  ငဲ့ညှာမှု၊ ဂရုစိုက်မှု၊ ကိုယ်ချင်းစာမှု၊ နားလည်မှုနဲ့  ပြီးတော့ အဲဒီလူရဲ့ 'အတွင်းစိတ် Personality....' အဲဒီ 'အတွင်းစိတ်Personality'ကို 'Ethic'လို့ပဲ ဆိုမလား ။ တစ်ချို့ကိစ္စတွေကို  တစ်ချို့လူတွေ ကိုင်တွယ်ဖြေရှင်းပုံမှာ .... အဲဒီလူတစ်ယောက်ရဲ့ Ethic နဲ့ပဲ ဆိုင်တယ်။  #လေပြည်ချမ်းချမ်း 13:58 PM/ Dec 22nd/ 2017/ Friday.

Mean

[ ခက်ဆစ် ] ရေမွှေးပုလင်းထဲမှာ ....  နေပြီး  တစ်လောကလုံးကို မွှေးပျံ့နေမယ်  .... လို့  ငယ်ငယ်က ထင်ခဲ့ဖူးတယ်။  #လေပြည်ချမ်းချမ်း ❤

About The Rings

[ About The Rings ] မြည်သံများ  ကျောက်တုံးတစ်တုံးပေါ်ကို အလင်းရောင်ကျနေတယ် ။ အလင်းကွယ်သွားတဲ့အခါ ကျောက်တုံးပေါ် အမှောင်ရိပ်ကျလာမှာပဲပေါ့ ။ ကျောက်တုံးဟာ ဘာမှ မပြောင်းလဲသွားပါဘူး ။ လူတွေဟာ ကိုယ် ကောင်းမှုပြုတဲ့အခါ  တစ်လောကလုံးကို သိစေချင်ကြတယ်.... ။ ကိုယ်က မကောင်းမှုပြုတဲ့အခါကျတော့ တစ်လောကလုံး ဘယ်သူမှ မသိစေချင်ကြပြန်ဘူး ။ လောကကတော့ ဘာမှ မပြောင်းလဲပါဘူး ။ သင့်စိတ်ကသာ အလင်း အမှောင်ကို ထွန်းညှိနေတာပါ ။  #သုည #မင်းခိုက်စိုးစန်

About Open Hands

• [ About Open Hands ] • ❤💖❤❤💖❤❤💖❤ နေရောင်ခြည်ကို ချစ်တယ် ။ ဆောင်းနှင်းမှုန်တွေကို ချစ်တယ် ။ လေပြည်ညင်းတွေကိုချစ်တယ် ။ တိမ်တွေ တောင်တွေကို ချစ်တယ် ။ သူတို့ဆီက အချစ်နဲ့ ကြင်နာယုယမှုကို  ကျွန်မတို့တန်ပြန်မျှော်လင့်ခဲ့ကြပါသလား ။ သူတို့ကို မြတ်နိုးမှုနဲ့အတူ ကရုဏာထားခြင်းမျိုးနဲ့ရော ချစ်ခင်ခဲ့ကြတာလား ။ ၁၅၀၀ နဲ့ ၅၂၈ မှာတောင် ၁၀၀% သန့်ရှင်းစင်ကြယ်စွာချစ်တယ်ဆိုရင်တောင် အနည်းဆုံးအဖြူရောင်မျှော်လင့်ခြင်းလေးတွေ စွန်းထင်ပါနေတတ်တယ် ။ သဘာဝတရားကြီးကို ချစ်မြတ်နိုးခြင်းဟာ အသိဥာဏ်အရင့်သန်ဆုံး ချစ်မြတ်နိုးမှုပါ ။ သင်ချစ်မြတ်နိုးတဲ့လူတွေကို သဘာဝတရားကြီးလိုချစ်ပါ။  သူတို့စိတ်ကြိုက် စီးဆင်းပါစေ ။ သူတို့စိတ်ကြိုက်လွင့်မျောပါစေ ။ သူတို့စိတ်ကြိုက်ပြောင်းလဲဖွံ့ဖြိုးကြီးပြင်းပါစေ ။ ပင်လယ်တွေ၊ တိမ်တွေ၊ သစ်ပင်ကလေးတွေရဲ့ဖြစ်စဉ်ကို ငေးမောကြည်နူးမိသလိုပေါ့။ သင်ချစ်မြတ်နိုးတဲ့လူတွေကို သဘာဝတရားကြီးလိုချစ်ပါ။  သင်အမြဲတမ်းစိတ်ချမ်းမြေ့ပါလိမ့်မယ်။  #လေပြည်ချမ်းချမ်း ❤

Nay Pyaw Chin - 2

 [နပျော်ခြင်း-၂ ]  ☕☕☕☕☕☕☕☕ ဆောင်းက အေးတယ် ကော်ဖီက နွေးတယ်  ငါ.... ကုတ်အင်္ကျီထဲမှာပဲ ဝင်နေလိုက်မယ် ။ နှလုံးသားမျက်နှာကျက်မှာ ကြယ်တွေရှိရင် ကိုယ့်ကိုကိုယ်တွေ့ရှိတဲ့  ငါ့ရဲ့ညတွေ ....  မမှောင်ပါဘူးကွယ် ။  ။ #လေပြည်ချမ်းချမ်း 10:18 PM/ Dec 17th/ 2016/ Saturday

About Flying

📖📖📖📖 'If you want to fly,  give up everything that weighs you down.' ပျံသန်းချင်ရင်လေးလံသမျှ လွှတ်ချခဲ့ပါ။ 📚📚📚📚

🎉 Welcome 2018 🎉