Skip to main content

Posts

Showing posts from July, 2018

Life Is Simple

“One, remember to look up at the stars and not down at your feet. Two, never give up work. Work gives you meaning and purpose and life is empty without it. Three, if you are lucky enough to find love, remember it is there and don't throw it away.” - Stephen Hawking  ကိန်းဗရစ်ဂ်ျတက္ကသိုလ်က အယူအဆရေးရာ ရူပဗေဒပညာရှင်၊ စကြာဝဠာဗေဒဆိုင်ရာ သိပ္ပံပညာရှင် နဲ့ စာရေးဆရာ 'စတီဖင် ဟော့ကင်း' က ဆိုတယ်.... ဘဝမှာ ကောင်းကောင်းမွန်မွန်ပျော်ရွှင်ဖို့ သိပ်ရိုးရှင်းတဲ့ ဒီအချက်လေးတွေပဲ လိုသတဲ့ ။ တစ် - ကြယ်တွေကို မော့ကြည့်ဖို့ သတိရပါ။ မင်းခြေဖဝါးတွေကိုပဲ ငုံ့ကြည့်နေမယ့်အစား ။ နှစ် - မင်း 'အလုပ်’ အပေါ်မှာ ဘယ်တော့မှ အရှုံးမပေးပါနဲ့ ။ 'အလုပ်'ဟာ မင်း ဘဝကို ရည်မှန်းချက်တွေနဲ့ အဓိပ္ပါယ်ပြည့်ဝစေတယ်။ လုပ်အားမရှိရင် ဘဝက ဘာအဓိပ္ပါယ်မှ မရှိဘူး။ သုံး -   အကယ်၍ မင်းမှာ 'အချစ်စစ်'ကို တွေ့ရှိလောက်အောင် ကံကောင်းခဲ့မယ်ဆိုရင် အဲဒီ'အချစ်စစ်' မင်းဆီမှာ ပိုင်ဆိုင်တည်ရှိနေမှုကို အသိအမှတ်ပြုအလေးထားပါ ။ အဲဒါကို လွှင့်မပစ်လိုက်နဲ့ ။ #လေပြည်ချမ်းချမ်း ❤ www.la...

Unconditional Love

[ Unconditional Love ] ________ 'ယုတ်ညံ့တာ'၊ 'လှည့်ဖြားတာ' 'အောက်တန်းကျတာ'၊' ကောက်ကျစ်တာ' ဒါတွေအားလုံး ကိုယ် မကြောက်ဘူး ။ ဘာလို့လဲဆိုတော့  အဲဒါတွေအပေါ် ကိုယ် 'အနိုင်ယူနိုင်လို့ပဲ' ။ ဒါပေမယ့် 'ချစ်ခြင်းမေတ္တာတရား'ကိုတော့  ကိုယ်ကြောက်တယ်။ ချစ်လည်းချစ်တယ် ။ ဘာလို့လဲဆိုတော့ ကိုယ်က 'ချစ်ခြင်းမေတ္တာထားလိုက်တဲ့သူ'နဲ့ ကိုယ့်အပေါ် 'ချစ်ခြင်းမေတ္တာထားတဲ့သူ'အပေါ်  ကိုယ် ဘယ်တော့မှ 'အနိုင်မယူရက်လို့ပဲ' ။ "လေပြည်ချမ်းချမ်း"