Skip to main content

Posts

Showing posts from 2019

[ ပိုင်ဆိုင်ခြင်း - ၂ ]

[ Attitude _ 21 ]

🎈 • [ Attitude_21 ] • 🎈 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 ပတ်ဝန်းကျင်ကောင်းမှာမနေရရင်  သင့်စိတ်တွေကို နံရံဆောက်ထားဖို့လိုတယ် ။ ဥပေက္ခာဆိုတဲ့ အပြုံးလေးနဲ့ပေါ့ ။ လူတစ်ယောက်အတွက် သူ့ကို   ကောင်းသောဘက်မှာ Potential ပေးဖို့   အားတွေလိုတယ် ။ တချို့စိတ်အင်အားကြီးတဲ့လူတွေကျတော့   ပတ်ဝန်းကျင် ထောက်ကူမှ စိတ်လုံခြုံသူတွေ   မဟုတ်ကြတော့ဘူး ။ ဘယ်သူ့ကိုမှ မထိခိုက်စေဘဲနဲ့ ကိုယ်ကောင်းရာ မှန်ရာကို လုပ်နေတယ်ဆိုတဲ့ စိတ်ဟာ သင့်ကိုယ်သင် ယုံကြည်စိတ်ချမှုတွေ အဖြစ်ထွန်းစေဆုံးပါ ။ ထိပ်ဆုံးဆိုတဲ့ နေရာဟာ   ကိုယ်တိုင်ရပ်တည်နိုင်သူအတွက်သာ ဖြစ်တယ် ။ # လေပြည်ချမ်းချမ်း   ❤ www.laypyaychanchan.blogspot.com   💌

[ Attitude _ 20 ]

🎈 • [ Attitude _20 ] • 🎈 💭 💭 💭 💭 💭 💭 💭 💭 💭 💭 I don't judge who you are. I watch what you do. # Laypyaychanchan   💗

What is your OXYGEN?

🎈 •[ အောက်ဆီဂျင် ] • 🎈 🍃 🍃 🍃 🍃 🍃 🍃 🍃 🍃 ကောင်းကင်လား သစ်ပင်လား အရှိတရားက ဘာလဲ  အသက်ရှူ နေခြင်းကို မေ့လျော့နေတဲ့လူလို  နေ့ရက်တွေ ရှင်သန်ခဲ့ကြပါတယ် ။ # လေပြည်ချမ်းချမ်း   ❤ 9:05 AM/ Aug 18th/ 2019/ Sunday. www.laypyaychanchan.blogspot.com   💌

[ Bagan In My Heart ]

ရစ်ခွေစီးဆင်းနေတဲ့ဧရာဝတီမြစ်ကြီးဘေးက ရှေးဟောင်းစေတီပုထိုးများစွာနဲ့ လေ့လာကြည့်ရှုစရာ မကုန်နိုင်တဲ့ ရှေးဟောင်းလက်ရာမြောက် ဗိသုကာလက်ရာများစွာနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ တည်ရှိတဲ့ 'ပုဂံ' ကို UNESCO အဖွဲ့ကြီးရဲ့  ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် မနေ့က ကြေညာလိုက်ပါတယ် ။ အင်မတန် ဂုဏ်ယူမိသလိုေ ရှးမူရှေးဟန်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်လည်းပိုကြီးလာပါမယ် ။ နိုင်ငံတစ်နိုင်ငံမှာ သူတို့ရာဇ၀င်နဲ့ သမိုင်းကြောင်းဟာ မပျောက်ပျက်ကောင်းဘူးလေ။ #လေပြည်ချမ်းချမ်း July 7th 2019

[ Martin Luther King Jr.'s Quote ]

[ Me Vs Me ]

You just exactly need the one who could see and love the reals in you  at everytime and in every situations. #Laypyaychanchan

[ အရိပ် အ ယောင်များ ]

[ Dale Carnegie 's Quote ]

ကမ္ဘာပေါ်က အရေးကြီးတဲ့အရာအများစုဟာ မျှော်လင့်ချက်လုံးလုံးမရှိတော့ဘူးရယ်လို့ ထင်မြင်ရတဲ့အခြေအနေမှာ ကြိုးစားမှု မလျှော့ခဲ့တဲ့လူတွေကြောင့် ပြီးမြောက်အောင်မြင်ခဲ့ရတာဖြစ်တယ် ။ -  ဒေးလ်ကာနက်ဂျီ 

[ သူရဲကောင်း စိတ်ဓာတ် ]

#72thMyanmarMartyrs'Day #July19th2019

[ The Very First Tip To Make Your Life Happy ]

🎈 • [ Life's Tips ] • 🎈 👒 👒 👒 👒 👒 👒 👒 👒 `လှပတဲ့အတွေးတွေရှိခြင်းဟာ ပြီးပြည့်စုံတဲ့ဘဝတစ်ခုပဲ ~~~´ ကဲ ဒါကို ဘယ်သူငြင်းမလဲ ။ ။   😍 # လေပြည်ချမ်းချမ်း   ❤

Let's Think And Fun!

🎈 • [ Sunday's Special Fun Fact ] • 🎈 😄 😄 😄 😄 😄 😄 😄 😄 😄 😄 😄 😄 😄 " မိန်းကလေးတွေ သင့်ဘေးနား ဝိုင်းဝိုင်းလည်နေစေချင်ပါသ လား " အမျိုးသားများဖတ်ရန် - -  - - - -  - - - - - - -  - - - -  - - - သင့်ချစ်သူဟာ အချိန်တိုင်းပြုံးပျော်လှပေ နတယ်ဆိုရင် သင်က သူ့ကို စိတ်ချမ်းသာအောင်ထားလို့ပါ ။  တကယ်လို့ သင်က သစ္စာဖောက်ချင်တယ်ဆိုရင်လည်း သင့်ချစ်သူကို အချိန်တိုင်းပြုံးပျော်လှပေ နအောင်ထားပါ ။  မိန်းမတွေဟာ နူးညံ့တဲ့နှလုံးသားရှိကြလို့  ပျော့ညံ့ချင် ပျော့ညံ့ကြမယ် ။ ဘယ်တော့မှ မ,အကြပါဘူး ။ မိန်းမသားတွေမှာ မွေးကတည်းက အလိုလိုခံစားသိတဲ့ မိန်းမဗီဇစိတ်တွေရှိကြတယ်.. ..။ သင့်ဘေးနားက စိတ်ချမ်းသာပျော်ရွှင်နေတဲ့မိန်းကလေးကို သူတို့အချင်းချင်း အားကျနေမှာပါ ။ အဲဒီတော့ ဒီနေ့.... သင့်ချစ်သူကို လှပရွှင်ပြုံးနေအောင်ထားပါ ။ သင့်နံဘေးနားတဝိုက်မှာ သင့်ကြင်နာမှုကိုလိုချင်တဲ့ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေပါလိမ့်မယ် ။ #လေပြည်ချမ်းချမ်း   ❤ 5:30 PM/ Apr 26th/ 2018/ Thursday. 

[ Attitude - 18 ]

🎈 • [ Attitude _ 18 ] • 🎈 🎡 🎡 🎡 🎡 🎡 🎡 🎡 🎡 🎡 အခက်အခဲတွေနဲ့တွေ့တဲ့အခါ ငါဟာ ကျော်လွှားနိုင်တယ်လို့ ယုံတယ် ။ အတားအဆီးတွေနဲ့ တွေ့တဲ့အခါ ငါဟာ ကျော်ဖြတ်နိုင်တယ်လို့ယုံတယ် ။ ရက်စက်ခြင်းတွေနဲ့ တွေ့တဲ့အခါ ငါဟာ ကိုယ့်ကိုကိုယ် ကယ်တင်ကုသနိုင်တယ်လို့ ယုံတယ် ။ ကြင်နာခြင်းနဲ့ တွေ့တဲ့အခါ ငါဟာ လက်ခံယူနိုင်တယ်လို့ ယုံတယ် ။ အမုန်းနဲ့တွေ့တဲ့အခါ ငါဟာ ဥပေက္ခာပြုနိုင်တယ်လို့ ယုံတယ် ။ ဟန်ဆောင်ခြင်းနဲ့ တွေ့တဲ့အခါ ငါဟာ ပြုံးနေနိုင်တယ်လို့ ယုံတယ် ။ ပွင့်လင်းခြင်းနဲ့တွေ့တဲ့အခါ ငါဟာ တန်ဖိုးထားနိုင်တယ်ဆိုတာ ယုံတယ် ။ သူတပါးအမှားလုပ်တဲ့အခါ ကိုယ်ထိလက်ရောက် မတုံ့ပြန်ဘဲ ခွင့်လွှတ်နိုင်မယ်လို့ ငါ ယုံတယ် ။ ကိုယ်ကအမှားလုပ်မိတဲ့အခါလည်း တောင်းပန်ဖို့ဝန်မလေးဘဲ ကိုယ့်ကိုကိုယ် ခွင့်လွှတ်နိုင်မယ်လို့ ငါယုံတယ် ။ သင့်မှာ မျှော်လင့်ချက်တစုံတရာရှိနေ ဦးမယ်ဆိုရင် ဥပမာ.... ဆန္ဒတစ်ခုခု၊ ဘဝရည်မှန်းချက်တစ်ခုခု ရှိနေသေးတယ်ဆိုရင် ပိုလို့တောင် အဲဒီမျှော်လင့်ချက်တွေအပေါ် ယုံကြည်လိုက်ပါ။ ဘဝက တိုတယ်။ ယုံကြည်မှုတွေနဲ့သာ ဘဝကို တည်ဆောက်ပါ ။  ❤ #လေပြည်ချမ်းချမ်း   ❤ 16:42 PM/ 14th April/ 2018/ Sunday.

Did You Know?

🎈 • [ Attitude _ 17 ] • 🎈 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 ဆရာတော်ဦးဇောတိက  အမြဲပြောတဲ့စကားလေးရှိပါတယ် ။ 'တစ်ယောက်တည်းနေ တစ်စိတ်တည်းထား' တဲ့ ။   အဲဒါအငြိမ်းချမ်းဆုံးပဲ လို့ ဆရာတော်က ဆိုပါတယ် ။ ဒါပေမယ့် ကိုယ်ကဘယ်လောက်ငြိမ်းငြိမ်းချမ်းချမ်းနေချင်သော်လည်း ဟောဒီလောကကြီးဟာ အချိန်ပေါင်းများစွာ တစ်ယောက်တည်းနေလို့ မရတတ်ဘူး။ အဲဒီတော့ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်လို့ စိတ်ထားတတ်ဖို့ သိပ်အရေးကြီးလာတယ် ။ ဒီမေးခွန်းလေးကို ပေါင်းသင်းဆက်ဆံရေးနဲ့ အတွင်းစိတ်ထားမှန်ကန်ရေး ရှုထောင့်ကနေ အဓိကထားစဉ်းစားကြည့်တဲ့အခါ - ၁/ 'ကိုယ့်ကိုကိုယ်ဘယ်သူလဲ ၊ ဘယ်လိုသူမျိုးလဲဆိုတာ လူပုဂ္ဂိုလ်တစုံတယောက်ကို တကူးတကသွားပြီး သက်သေပြစရာ မလိုတဲ့အချိန် ။ အတိတ် /ပစ္စုပ္ပန် / အနာဂတ် ကိုယ်ဘာတွေလုပ်ခဲ့လဲ   စေ့စေ့စပ်စပ် မှန်မှန်ကန်ကန်တွေးတောတတ်ပြီး   ကိုယ့်ရပ်တည်ချက် ၊ ကိုယ့်ခံယူချက် နဲ့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်စွမ်းရှိတဲ့အချိန် ။ ၂/ ဆိုလိုတာက လူတွေရဲ့အတွေးအမြင်ကို ဂရုမစိုက်ဘဲ ၊ ငါ့ကို သူတို့ဘယ်လိုတွေးမှာလဲဆိုပြီး ကြောက်ရွံ့ခံရခက်တွေးပူမနေဘဲ 'ကိုယ့်ကိ...

Who is the Master of Your Life?

🎈 • [ Thursday Fun Fact ] • 🎈 ❤ 💛 💜 💚 💗 💗 💗 💚 💜 💛 ❤ ဘဝကဇာတ်မှာ  ဗီလိန်တွေမရှိဘဲ  ဘယ်သူမင်းသား/မင်းသမီးလဲဆိုတာ မသိနိုင်ကြဘူး ။ သင့်ဘဝမှာ သင့်ကို သိမ်သိမ်ငယ်ငယ်နဲ့ အမျိုးမျိုး   (အမျိုးမျိုး) လိုက်နှောင့်ယှက်နေတဲ့သူတွေရှိရင်   အလှပဆုံး ပြုံးထားလိုက်ပါ ။ သူတို့က သင် နင်းတက်သွားရမယ့်   လှေကားထစ်တွေပါပဲ ။   😄 😄 😄 # လေပြည်ချမ်းချမ်း   ❤

[ Attitude - 16 ]

🎈 • [ Attitude - 16 ] • 🎈 👑 👑 👑 👑 👑 👑 👑 👑 👑 ဖေးမတတ်တဲ့လက်တွေကို လိုတယ် ။ တွန်းချတတ်တဲ့လက်တွေကို မလိုဘူး ။ ကိုယ့်မှန်ကန်မှုကို မနာလိုတဲ့လူထက် ကိုယ့်အမှားရှိရင် စိတ်ရင်းစေတနာနဲ့   အမုန်းခံထောက်ပြတတ်တဲ့လူကို လိုတယ် ။ ကောင်းတာလုပ်ကြဖို့ လာမခေါ်ရင်နေပါစေ ။ မကောင်းတာလုပ်တဲ့အခါ   ဘုရားမကြိုက် တရားမကြိုက်   နတ်လူသာဓုမခေါ်တဲ့ အလုပ်ကို လုပ်တဲ့အခါ   ငရဲအိုးဂျိုးကပ်အောင် ကိုယ့်ပါစည်းရုံးဆွဲမခေါ်သွားမယ့်   မိတ်ဆွေစစ်ပဲလိုတယ် ။ လူပေါ့လူပြက်တွေ များတဲ့လောကကြီးမှာ အလိုက်အထိုက်နေတယ်ဆိုတာ   အတော်အန္တရာယ်ကြီးတဲ့ အလုပ် ။ လူတစ်ယောက်နဲ့တစ်ယောက်ပေါင်းသင်းဆက်ဆံရာမှာ ကိုယ့်ရဲ့အပြုအမူ အလုပ်အကိုင် အပြောအဆို အနေအထိုင် စည်းကမ်းကျနမှု အိနြေ္ဒှစောင့်ထိန်းတတ်မှု   အားလုံးဟာ ကိုယ့်တန်ဖိုးကိုယ် ဆောင်နေကြတာပါ ။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ခိုင်မာစွာနေတတ်အောင်ကြိုးစားပါ ။ မှားနေနေ မှန်နေနေ   သူများအားပေးမှ သူများကိုယ့်ဘက်မှာရှိမှ   နေသာထိုင်သာရှိတယ်ဆိုရင်   သင်သာ သိမ်ငယ်သူစင်စစ်တစ်ယောက်ပါ ။ စိတ်ဓာတ်အင်အားရှိတဲ့သူမှ...