Skip to main content

Posts

Showing posts from July, 2019

[ The Very First Tip To Make Your Life Happy ]

🎈 • [ Life's Tips ] • 🎈 👒 👒 👒 👒 👒 👒 👒 👒 `လှပတဲ့အတွေးတွေရှိခြင်းဟာ ပြီးပြည့်စုံတဲ့ဘဝတစ်ခုပဲ ~~~´ ကဲ ဒါကို ဘယ်သူငြင်းမလဲ ။ ။   😍 # လေပြည်ချမ်းချမ်း   ❤

Let's Think And Fun!

🎈 • [ Sunday's Special Fun Fact ] • 🎈 😄 😄 😄 😄 😄 😄 😄 😄 😄 😄 😄 😄 😄 " မိန်းကလေးတွေ သင့်ဘေးနား ဝိုင်းဝိုင်းလည်နေစေချင်ပါသ လား " အမျိုးသားများဖတ်ရန် - -  - - - -  - - - - - - -  - - - -  - - - သင့်ချစ်သူဟာ အချိန်တိုင်းပြုံးပျော်လှပေ နတယ်ဆိုရင် သင်က သူ့ကို စိတ်ချမ်းသာအောင်ထားလို့ပါ ။  တကယ်လို့ သင်က သစ္စာဖောက်ချင်တယ်ဆိုရင်လည်း သင့်ချစ်သူကို အချိန်တိုင်းပြုံးပျော်လှပေ နအောင်ထားပါ ။  မိန်းမတွေဟာ နူးညံ့တဲ့နှလုံးသားရှိကြလို့  ပျော့ညံ့ချင် ပျော့ညံ့ကြမယ် ။ ဘယ်တော့မှ မ,အကြပါဘူး ။ မိန်းမသားတွေမှာ မွေးကတည်းက အလိုလိုခံစားသိတဲ့ မိန်းမဗီဇစိတ်တွေရှိကြတယ်.. ..။ သင့်ဘေးနားက စိတ်ချမ်းသာပျော်ရွှင်နေတဲ့မိန်းကလေးကို သူတို့အချင်းချင်း အားကျနေမှာပါ ။ အဲဒီတော့ ဒီနေ့.... သင့်ချစ်သူကို လှပရွှင်ပြုံးနေအောင်ထားပါ ။ သင့်နံဘေးနားတဝိုက်မှာ သင့်ကြင်နာမှုကိုလိုချင်တဲ့ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေပါလိမ့်မယ် ။ #လေပြည်ချမ်းချမ်း   ❤ 5:30 PM/ Apr 26th/ 2018/ Thursday. 

[ Attitude - 18 ]

🎈 • [ Attitude _ 18 ] • 🎈 🎡 🎡 🎡 🎡 🎡 🎡 🎡 🎡 🎡 အခက်အခဲတွေနဲ့တွေ့တဲ့အခါ ငါဟာ ကျော်လွှားနိုင်တယ်လို့ ယုံတယ် ။ အတားအဆီးတွေနဲ့ တွေ့တဲ့အခါ ငါဟာ ကျော်ဖြတ်နိုင်တယ်လို့ယုံတယ် ။ ရက်စက်ခြင်းတွေနဲ့ တွေ့တဲ့အခါ ငါဟာ ကိုယ့်ကိုကိုယ် ကယ်တင်ကုသနိုင်တယ်လို့ ယုံတယ် ။ ကြင်နာခြင်းနဲ့ တွေ့တဲ့အခါ ငါဟာ လက်ခံယူနိုင်တယ်လို့ ယုံတယ် ။ အမုန်းနဲ့တွေ့တဲ့အခါ ငါဟာ ဥပေက္ခာပြုနိုင်တယ်လို့ ယုံတယ် ။ ဟန်ဆောင်ခြင်းနဲ့ တွေ့တဲ့အခါ ငါဟာ ပြုံးနေနိုင်တယ်လို့ ယုံတယ် ။ ပွင့်လင်းခြင်းနဲ့တွေ့တဲ့အခါ ငါဟာ တန်ဖိုးထားနိုင်တယ်ဆိုတာ ယုံတယ် ။ သူတပါးအမှားလုပ်တဲ့အခါ ကိုယ်ထိလက်ရောက် မတုံ့ပြန်ဘဲ ခွင့်လွှတ်နိုင်မယ်လို့ ငါ ယုံတယ် ။ ကိုယ်ကအမှားလုပ်မိတဲ့အခါလည်း တောင်းပန်ဖို့ဝန်မလေးဘဲ ကိုယ့်ကိုကိုယ် ခွင့်လွှတ်နိုင်မယ်လို့ ငါယုံတယ် ။ သင့်မှာ မျှော်လင့်ချက်တစုံတရာရှိနေ ဦးမယ်ဆိုရင် ဥပမာ.... ဆန္ဒတစ်ခုခု၊ ဘဝရည်မှန်းချက်တစ်ခုခု ရှိနေသေးတယ်ဆိုရင် ပိုလို့တောင် အဲဒီမျှော်လင့်ချက်တွေအပေါ် ယုံကြည်လိုက်ပါ။ ဘဝက တိုတယ်။ ယုံကြည်မှုတွေနဲ့သာ ဘဝကို တည်ဆောက်ပါ ။  ❤ #လေပြည်ချမ်းချမ်း   ❤ 16:42 PM/ 14th April/ 2018/ Sunday.

Did You Know?

🎈 • [ Attitude _ 17 ] • 🎈 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 ဆရာတော်ဦးဇောတိက  အမြဲပြောတဲ့စကားလေးရှိပါတယ် ။ 'တစ်ယောက်တည်းနေ တစ်စိတ်တည်းထား' တဲ့ ။   အဲဒါအငြိမ်းချမ်းဆုံးပဲ လို့ ဆရာတော်က ဆိုပါတယ် ။ ဒါပေမယ့် ကိုယ်ကဘယ်လောက်ငြိမ်းငြိမ်းချမ်းချမ်းနေချင်သော်လည်း ဟောဒီလောကကြီးဟာ အချိန်ပေါင်းများစွာ တစ်ယောက်တည်းနေလို့ မရတတ်ဘူး။ အဲဒီတော့ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်လို့ စိတ်ထားတတ်ဖို့ သိပ်အရေးကြီးလာတယ် ။ ဒီမေးခွန်းလေးကို ပေါင်းသင်းဆက်ဆံရေးနဲ့ အတွင်းစိတ်ထားမှန်ကန်ရေး ရှုထောင့်ကနေ အဓိကထားစဉ်းစားကြည့်တဲ့အခါ - ၁/ 'ကိုယ့်ကိုကိုယ်ဘယ်သူလဲ ၊ ဘယ်လိုသူမျိုးလဲဆိုတာ လူပုဂ္ဂိုလ်တစုံတယောက်ကို တကူးတကသွားပြီး သက်သေပြစရာ မလိုတဲ့အချိန် ။ အတိတ် /ပစ္စုပ္ပန် / အနာဂတ် ကိုယ်ဘာတွေလုပ်ခဲ့လဲ   စေ့စေ့စပ်စပ် မှန်မှန်ကန်ကန်တွေးတောတတ်ပြီး   ကိုယ့်ရပ်တည်ချက် ၊ ကိုယ့်ခံယူချက် နဲ့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်စွမ်းရှိတဲ့အချိန် ။ ၂/ ဆိုလိုတာက လူတွေရဲ့အတွေးအမြင်ကို ဂရုမစိုက်ဘဲ ၊ ငါ့ကို သူတို့ဘယ်လိုတွေးမှာလဲဆိုပြီး ကြောက်ရွံ့ခံရခက်တွေးပူမနေဘဲ 'ကိုယ့်ကိ...