Skip to main content

Posts

Showing posts from March, 2013

"သစ်ပင်"

ချစ်ခြင်း မရှိဘူး မုန်းခြင်း  မရှိဘူး ၊ နာကျင်တာ မသိဘူး ပျော်ရွှင်တာ မသိဘူး ။ ၀မ်းလည်း ၀မ်းမသာတတ်ဘူး ငိုလည်း မငိုကြွေးတတ်ဘူး ၊ ဒါပေမယ့် … ကျောက်ရုပ်တစ်ရုပ်လို သက်မဲ့တစ်ခုတော့ မဟုတ်ခဲ့ဘူး ။ စိတ်နှလုံးအမြစ်တွေကို ဥပေက္ခာတရားတွေ စိမ့်ဝင်နေတဲ့ မြေဆီမြေသားထဲ … နက်နက်ရှိုင်းရှိုင်း ထိုးဖွက်ထားတတ်တယ်။ နွေးထွေးရုံဖြာတဲ့ နံနက်ခင်းနေခြည်မှာ .. သူရဲ့ မနက်စာ ကို … သူကိုယ်တိုင် ချက်လုပ်တတ်တယ် ။ အစိမ်းရောင်ကလိုရိုဖီးလ်ဟာ သူကိုယ်တိုင် ရှင်သန်ဖို့… သူ့ရဲ့ …. အသက်ရှုသွင်းချက် တွေလိုပဲ ၊ အစိမ်းရောင် သွေးခုန်နှုန်းတွေနဲ့ ဘယ်သူမှမကြားလည်း … သူ ….. ခပ်တိုးတိုးလေး ရင်ခုန်နေပါတယ် ။ ကိုယ့်ကိုကိုယ် မရပ်တန့်နိုင်ဘဲ တစ်နေကုန် လည်ပတ်နေရတဲ့ ကမ္ဘာကြီးမှာ ယှဉ်ပြိုင်လိုက် ၊ ပျော်ရွှင်လိုက် နာကျင်လိုက် ၊ ငိုကြွေးလိုက်….၊ ဘယ်တော့မှ အပြီးသတ် မပိုင်ဆိုင်နိုင်ပေမယ့် အလိုဆန္ဒတွေ မရပ်တန့်နိုင်တဲ့ သံသရာ ၀ဲဂယက်ထဲက မလိမ္မာတဲ့ လူသားတွေအသက်ဆက်ဖို့ … (သူဟာ )…) အောက်ဆီဂျင်ပေးတဲ့စက် ။ လူသားတွေ စွန့်ပစ်တဲ့ … ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စားသုံး...