ချစ်ခြင်း မရှိဘူး
မုန်းခြင်း
မရှိဘူး ၊
နာကျင်တာ
မသိဘူး
ပျော်ရွှင်တာ
မသိဘူး ။
ဝမ်းလည်း
ဝမ်းမသာတတ်ဘူး
ငိုလည်း
မငိုကြွေးတတ်ဘူး ၊
ဒါပေမယ့်
… ကျောက်ရုပ်တစ်ရုပ်လို
သက်မဲ့တစ်ခုတော့
မဟုတ်ခဲ့ဘူး ။
စိတ်နှလုံးအမြစ်တွေကို
ဥပေက္ခာတရားတွေ
စိမ့်ဝင်နေတဲ့
မြေဆီမြေသားထဲ
…
နက်နက်ရှိုင်းရှိုင်း
ထိုးဖွက်ထားတတ်တယ်။
နွေးထွေးရုံဖြာတဲ့
နံနက်ခင်းနေခြည်မှာ
..
သူရဲ့
မနက်စာ ကို …
သူကိုယ်တိုင်
ချက်လုပ်တတ်တယ် ။
အစိမ်းရောင်ကလိုရိုဖီးလ်ဟာ
သူကိုယ်တိုင်
ရှင်သန်ဖို့…
သူ့ရဲ့
….
အသက်ရှုသွင်းချက်
တွေလိုပဲ ၊
အစိမ်းရောင်
သွေးခုန်နှုန်းတွေနဲ့
ဘယ်သူမှမကြားလည်း
…
သူ
…..
ခပ်တိုးတိုးလေး
ရင်ခုန်နေပါတယ် ။
ကိုယ့်ကိုကိုယ်
မရပ်တန့်နိုင်ဘဲ
တစ်နေကုန်
လည်ပတ်နေရတဲ့ ကမ္ဘာကြီးမှာ
ယှဉ်ပြိုင်လိုက်
၊ ပျော်ရွှင်လိုက်
နာကျင်လိုက်
၊ ငိုကြွေးလိုက်….၊
ဘယ်တော့မှ
အပြီးသတ် မပိုင်ဆိုင်နိုင်ပေမယ့်
အလိုဆန္ဒတွေ
မရပ်တန့်နိုင်တဲ့
သံသရာ
ဝဲဂယက်ထဲက
မလိမ္မာတဲ့
လူသားတွေအသက်ဆက်ဖို့ …
(သူဟာ
)…) အောက်ဆီဂျင်ပေးတဲ့စက် ။
လူသားတွေ
စွန့်ပစ်တဲ့ …
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ
စားသုံးပြီး
သန့်စင်တဲ့
အောက်ဆီဂျင်ကိုပဲ…
(
ဘာကြောင့်မှန်း … မသိ )
ပြန်ပြန်
ထုတ်ပေးတယ် ။
ဒီလိုနဲ့
.. သူဟာ
ဝဋ် ဆိုတာကို
နားမလည်ပေမယ့်
ကမ္ဘာမြေအတွက်
အမြဲတမ်းသစ်တဲ့
ထက်ရှရှ
ပင်အပ်တစ်ချောင်း …
ဖြစ်သွားလေရဲ့
…… ။
တကယ်လို့များ
…
ဆုတောင်းလို့ပြည့်မယ်ဆို
၊
ငါလည်း
…. ဒီကမ္ဘာမြေထဲ
သစ်ပင်လေး
တစ်ပင်ပဲ …
ဖြစ်...လိုက်...ချင်...တယ် …. ။ ။
“လေပြည်ချမ်းချမ်း”
31st
March; 2012
9:09
pm , Saturday !
Comments
Post a Comment