" အတွေး" လေလှိုင်းတွေထက် … အလျား ပိုရှည်တယ်။ တိတ်ဆိတ်မှုတွေထဲမှာ အဖြစ်အပျက်တွေ ခြေသံတိတ်ရွေ့လျား …၊ အစတစ်စရရုံနဲ့ ပင့်ကူအိမ်တွေလို မီးခိုးကြွက်လျှောက် ၊ ခြေရာဆက်ကောက်တော့ “စိတ်ကူး”အိမ်လေးတွေ နံရံမှာတွဲရရွဲစီ ။ ချုံ့နိုင် ချဲ့နိုင် ၊ ဆွဲနိုင် တန့်နိုင် အချိန်မရွေးပြန်ဆက်နိုင်တဲ့ ကြိုးတစ်ချောင်းလို … ။ မဆုံးနိုင်တဲ့ အာရုံဝင်္ကပါထဲ အာရုံတွေနောက် … တကောက်ကောက်လိုက်ရင်း စက္ကန့်တံတွေ တချပ်ချပ်စားသုံး ၊ အတိတ်၊ ပစ္စုပန်၊ အနာဂတ် သုံးပါးစလုံးမှာ (သူဟာ ….) ဒြပ်မဲ့သက်ရှိတစ်ခုလို … လူသားသခင်နဲ့ မခွဲတမ်း ၊ အမြဲ လိုက်ပါရှင်သန်နေတော့တယ် … ။ ။ “လေပြည်ချမ်းချမ်း” 30 th March : 2013 Saturday :13:18 pm !
" Let's Write ... Let's Read " လေပြည်ချမ်းချမ်း ကဗျာများ နှင့် ရသ ထောင့်ချိုး