" အတွေး"
လေလှိုင်းတွေထက် …
အလျား ပိုရှည်တယ်။
တိတ်ဆိတ်မှုတွေထဲမှာ
အဖြစ်အပျက်တွေ ခြေသံတိတ်ရွေ့လျား …၊
အစတစ်စရရုံနဲ့
ပင့်ကူအိမ်တွေလို မီးခိုးကြွက်လျှောက် ၊
ခြေရာဆက်ကောက်တော့
“စိတ်ကူး”အိမ်လေးတွေ နံရံမှာတွဲရရွဲစီ ။
ချုံ့နိုင် ချဲ့နိုင် ၊ ဆွဲနိုင် တန့်နိုင်
အချိန်မရွေးပြန်ဆက်နိုင်တဲ့ ကြိုးတစ်ချောင်းလို … ။
မဆုံးနိုင်တဲ့ အာရုံဝင်္ကပါထဲ
အာရုံတွေနောက် …
တကောက်ကောက်လိုက်ရင်း
စက္ကန့်တံတွေ တချပ်ချပ်စားသုံး ၊
အတိတ်၊ ပစ္စုပန်၊ အနာဂတ်
သုံးပါးစလုံးမှာ
(သူဟာ ….)
ဒြပ်မဲ့သက်ရှိတစ်ခုလို …
လူသားသခင်နဲ့ မခွဲတမ်း ၊
အမြဲ လိုက်ပါရှင်သန်နေတော့တယ် … ။ ။
“လေပြည်ချမ်းချမ်း”
30th March : 2013
Saturday :13:18 pm !
Comments
Post a Comment