Skip to main content

Posts

Showing posts from October, 2013

‘လှိုက်လှဲဖိတ်ခေါ် ဆီးဂိမ်းပွဲတော်’ [ Welcome to Myanmar , 27th Sea Games 2013 ]

မြန်မာ့ရှုခင်း မြန်မာ့စိတ်ရင်း အခွင့်သာခိုက် ၀င်ကြည့်လှည့် … အဆွေ ။ မြန်မာ့အလှ မြန်မာ့ဘ၀ အခွင့်သာတုန်း ရှုကြည့်လှည့် …လေ ။ မြန်မာ့သတ္တိ မြန်မာ့အားမာန် … အားကစားဟန်ထဲ ဆန်းစစ်လှည့် …လေ။ ပိတ်ဆို့ခြေရာ မြူမှုန်ခွာရှင်း … တာဝေးကမ္ဘာ့ အပြေးလမ်းမတစ်ခွင် … ချဉ်းနင်းဝင်ရောက် တရှိန်ထိုးဖောက်မည်… ဇွဲလုံ့လနှင့် အားမာန်နှင့် ..၊ ဂုဏ်ယူပီတိနှင့် ချစ်ကြည်ရေးလက်နှင့်…၊ ဖော်ရွေအပြုံးနှင့် အားကစားစိတ်ဓါတ်နှင့်။ အရှေ့တောင်အာရှ ပဲ့တင်ထပ်အော် … နွေးထွေးဖိတ်ခေါ် လှမ်းခဲ့ပါနော် … လှိုက်လှဲကမ်းလင့် မြန်မာတို့မြေပေါ် … နှစ်ဆယ့်ခုနစ်ကြိမ်မြောက် ဆီးဂိမ်းပွဲတော် … ။            ။ “လေပြည်ချမ်းချမ်း”