မြန်မာ့ရှုခင်း မြန်မာ့စိတ်ရင်း
အခွင့်သာခိုက် ၀င်ကြည့်လှည့် … အဆွေ ။
မြန်မာ့အလှ မြန်မာ့ဘဝ
အခွင့်သာတုန်း ရှုကြည့်လှည့် …လေ ။
မြန်မာ့သတ္တိ မြန်မာ့အားမာန် …
အားကစားဟန်ထဲ ဆန်းစစ်လှည့် …လေ။
ပိတ်ဆို့ခြေရာ မြူမှုန်ခွာရှင်း …
တာဝေးကမ္ဘာ့ အပြေးလမ်းမတစ်ခွင် …
ချဉ်းနင်းဝင်ရောက် တရှိန်ထိုးဖောက်မည်…
ဇွဲလုံ့လနှင့် အားမာန်နှင့် ..၊
ဂုဏ်ယူပီတိနှင့် ချစ်ကြည်ရေးလက်နှင့်…၊
ဖော်ရွေအပြုံးနှင့် အားကစားစိတ်ဓါတ်နှင့်။
အရှေ့တောင်အာရှ ပဲ့တင်ထပ်အော် …
နွေးထွေးဖိတ်ခေါ် လှမ်းခဲ့ပါနော် …
လှိုက်လှဲကမ်းလင့် မြန်မာတို့မြေပေါ် …
နှစ်ဆယ့်ခုနစ်ကြိမ်မြောက် ဆီးဂိမ်းပွဲတော် … ။ ။
“လေပြည်ချမ်းချမ်း”
Comments
Post a Comment