Skip to main content

Posts

Showing posts from July, 2016

Learning to love yourself

Learning to love yourself is the greatest love of all. -- Michael Masser NOTE:_ Michael William Masser (March 24, 1941 – July 9, 2015) was an American songwriter, composer and producer of popular music.

Decorate Your Heart

💓Decorate Your Heart 💓 💞💝💝💝💝💝💝💝💝💞 • ​ဟောင်းနွမ်းအိုမင်း​နေတဲ့ အိမ်​အ​ဆောက်​အဦတစ်​ခုလုံးကို    မပြုပြင်​နိုင်​​သေးရင်​ နေပါ ... ။ • အမြဲ​နေထိုင်​တဲ့ကိုယ်​ပိုင်​အခန်း​လေးမှာ "သစ်​လွင်​တောက်ပတဲ့ ခန်းဆီးလှလှလေး"တွေ လဲလှယ်​ချိတ်​ဆွဲတပ်​ဆင်​ဖို့ အမြဲ ကြိုးစားပါ။ • စိတ်​ပျက်​ငြီး​ငွေ့ဖွယ်​​ လောဘ၊​ ဒေါသ​တွေပြည့်​ပြီး သောကဖိစီးနာမကျန်းတဲ့ စိတ်​အို​ဟောင်းတစ်​ခုလုံးကို မပြုပြင်​နိုင်​​သေးရင်​ နေပါ ... ။ • အမြဲ​နေထိုင်​တဲ့ စိတ်​ရဲ့ကွက်​လပ်​​လေးမှာ "သစ်​လွင်​​တောက်​ပတဲ့ စိတ်​အ​တွေးလှလှလေး​"​တွေ လဲလှယ်​ချိတ်​ဆွဲတပ်​ဆင်​ဖို့ အမြဲ ကြိုးစားပါ။ #​လေပြည်​ချမ်းချမ်း

July In Hand

" ဇူလိုင် " နေရောင်ခြည်ကို လိုက်ဖမ်းသူ ၀ါဖျော့ဖျော့မိုးစက်မှုန်တွေသာ စိတ်ထဲစိုစွတ် ...။ တစ်နေ့လုံးတဖွဲဖွဲ သူ့ဂီတနဲ့သူ သာယာနေလိုက်တာ ကမ္ဘာမြေပေါ် ဖုန်မှုန့်တွေအားလုံး အတုံးအရုံး အိပ်ပျော်သွားတယ်။ ကြယ်တွေပုန်းနေတယ်။ ညခင်းတိမ်တွေ လရောင်ပြာဆွတ်နေတယ်။ ညဟာ မိုးစက်တယောသံလွင့်ပျံလို့ ... နံရံမှာ ရက်စွဲတစ်ချပ်ချင်း သူ့ရင်ခွင်ကနေတစ်လွှာစီကြွေ ... ။ တစ်နေ့လုံးစွေနေတဲ့ မိုးစက်မှုန်တွေ ... ကမ္ဘာမြေကို ပြုံးပြနေတဲ့ အလှဆုံးဂီတတွေ ။ ။  ‪#‎ လေပြည်ချမ်းချမ်း‬ July 20th/ 10:08PM/ 2016/ Wed.

The Best Quote of Marilyn Monroe

တစ်ချို့အရာတွေဟာ  အံဝင်ခွင်ကျပေါင်းစည်းဖို့အတွက် တစ်စစီ ပြိုကွဲတတ်ပါတယ်။  #Marilyn_Monroe

July 19 Heroes

-        နေမ၀င်သူရဲကောင်းများ   -   (၁၉၄၇)-ခုနှစ်၊ ဇူလိုင်လ(၁၉)ရက် ...  မြန်မာနိုင်ငံရဲ့သမိုင်းမှာ နှမြောတသရင်ထုမနာအဖြစ်ရဆုံး၊ ၀မ်းနည်းစရာအကောင်းဆုံး လူကောင်း၊လူတော်၊ လူမှန်တွေ ဆုံးရှုံးခဲ့ရတဲ့ ကြေကွဲဖွယ်အတိတ်ရက်စွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ - ၁၉၄၇) ဦးရာဇတ် (၁၈၉၈ - ၁၉၄၇) သခင်မြ (၁၈၉၇ - ၁၉၄၇) ဒီးဒုတ်ဦးဘချို (၁၈၉၃ - ၁၉၄၇) ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇) မိုင်းပွန်းစော်ဘွားကြီး စ၀်စံထွန်း (၁၉၀၇ - ၁၉၄၇) ဦးဘ၀င်း (၁၉၀၁ - ၁၉၄၇) မန်းဘခိုင် (၁၉၀၃ -- ၁၉၄၇) ရဲဘော်ကိုထွေး (၁၉၂၉ - ၁၉၄၇) [၁] ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း တွေ တီဗွီက အမှတ်တရပြန်လွှင့်တာ နားထောင်ခဲ့ရတယ်။ ဗိုလ်ချုပ်အသံက မာထန်တယ်။ ပြ တ်သားတယ်။ စစ်သူကြီးတစ်ယောက်ရဲ့ မာန်အပြည့်။ ဒါပေမယ့် အဲဒီ့အသံမှာ ပျော်ဝင်နေတဲ့စေတနာတရားအကြောင်း အမြော်အမြင်ရှိတဲ့ပြည်သူတိုင်း နားလည်တယ်။ ဗိုလ်ချုပ်လောက် ကိုယ့်နိုင်ငံအကြောင်း၊ ကိုယ့်နိုင်ငံသားတွေအကြောင်းသိတဲ့သူ မရှိပါဘူး။ လွတ်လပ်ရေးရပြ...

Try Again and Don't Give Up!