[ ချစ်တယ်လို့ ခဏ ခဏစကားလုံးတွေနဲ့ မပြောဘဲ ဖော်ပြနိုင်မယ့် နည်းလမ်း (၁၁)ချက် ] အချစ်မှာ အမျိုးမျိုးရှိပါတယ်။ မိဘဆွေမျိုးသားချင်းနဲ့ မိသားစုရဲ့အချစ်၊ မိတ်ဆွေသူငယ်ချင်းစစ်တွေရဲ့အချစ်၊ ဘ၀လက်တွဲဖော်လိုအချစ် နဲ့ ပရဟိတသဘောမျိုး လူလူချင်းအကျိုးပြုပေးချင်တဲ့ မွန်မြတ်တဲ့ ချစ်ခြင်းမေတ္တာမျိုးပါ ။ တစ်ခါတစ်ရံ ချစ်တယ်ဆိုတာကို ပါးစပ်နဲ့တဖွဖွပြောပြစရာမလိုပါဘူးနော် ။ ချစ်တယ် …. ချစ်တယ်ပြောပြီး ရန်ဖြစ်ကြတာ …. တကယ့်အရေးအကြောင်းကိစ္စတွေမှာ စကားနောက် အမူအရာမပါလို့ပါ ။ တစ်ခါတစ်ရံအသေးအဖွဲဂရုစိုက်မှုလေးတွေဟာ ချစ်ခြင်းမေတ္တာကို လေးနက်စွာ ခံစားမိစေနိုင်ပါတယ် ။ ၁/ တခါတရံ သူများမတွေ့တဲ့ ကောင်းကွက်ကို ရှာတွေ့ပြီး ချီးမွမ်းတာ။ ၂/ တခါတရံ ကြင်နာစွာ ပုခုံးလေးကိုဖက်တာ ။ ၃/ ဖျားနေတဲ့သူနဲ့ အဖော်ပြုပြီး တစ်နေရာရာကိုသွားတာ ။ ၄/ မတောင်းခံရဘဲနဲ့ အိမ်မှုကိစ္စတွေဝင်ရောက်ကူညီတာ ။ ၅/ တစ်စုံတစ်ယောက်ကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေတာ ။ ၆/ ပန်းခြင်းလက်ဆောင်ပေးတာ ။ ၇/ လေဆိပ်မှာကြိုပြီး ပြေးပွေ့နှုတ်ဆက်တာ ။ ၈/ အလုပ်ကို နေ့လည်စာဗူးအကြီးကြီးယူသွားတာ ။ ၉/ ဘတ်စ်ကားပေါ်မှာ ထိုင်ခုံဖယ်ပေးတာ ။ ၁၀...