Skip to main content

11 ways to say I love you without words

[ ချစ်တယ်လို့ ခဏ ခဏစကားလုံးတွေနဲ့ မပြောဘဲ ဖော်ပြနိုင်မယ့် နည်းလမ်း (၁၁)ချက် ]



အချစ်မှာ အမျိုးမျိုးရှိပါတယ်။
မိဘဆွေမျိုးသားချင်းနဲ့ မိသားစုရဲ့အချစ်၊
မိတ်ဆွေသူငယ်ချင်းစစ်တွေရဲ့အချစ်၊
ဘ၀လက်တွဲဖော်လိုအချစ်နဲ့
ပရဟိတသဘောမျိုး လူလူချင်းအကျိုးပြုပေးချင်တဲ့ မွန်မြတ်တဲ့ ချစ်ခြင်းမေတ္တာမျိုးပါ ။
တစ်ခါတစ်ရံ ချစ်တယ်ဆိုတာကို ပါးစပ်နဲ့တဖွဖွပြောပြစရာမလိုပါဘူးနော် ။
ချစ်တယ် …. ချစ်တယ်ပြောပြီး ရန်ဖြစ်ကြတာ ….
တကယ့်အရေးအကြောင်းကိစ္စတွေမှာ စကားနောက် အမူအရာမပါလို့ပါ ။
တစ်ခါတစ်ရံအသေးအဖွဲဂရုစိုက်မှုလေးတွေဟာ ချစ်ခြင်းမေတ္တာကို လေးနက်စွာ ခံစားမိစေနိုင်ပါတယ် ။

၁/ တခါတရံ သူများမတွေ့တဲ့ ကောင်းကွက်ကို ရှာတွေ့ပြီး ချီးမွမ်းတာ။ 
၂/ တခါတရံ ကြင်နာစွာ ပုခုံးလေးကိုဖက်တာ ။
၃/ ဖျားနေတဲ့သူနဲ့ အဖော်ပြုပြီး တစ်နေရာရာကိုသွားတာ ။
၎/ မတောင်းခံရဘဲနဲ့ အိမ်မှုကိစ္စတွေဝင်ရောက်ကူညီတာ ။
၅/ တစ်စုံတစ်ယောက်ကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေတာ ။
၆/ ပန်းခြင်းလက်ဆောင်ပေးတာ ။
၇/ လေဆိပ်မှာကြိုပြီး ပြေးပွေ့နှုတ်ဆက်တာ ။
၈/ အလုပ်ကို နေ့လည်စာဗူးအကြီးကြီးယူသွားတာ ။
၉/ ဘတ်စ်ကားပေါ်မှာ ထိုင်ခုံဖယ်ပေးတာ ။
၁၀/ ဒုက္ခရောက်နေတဲ့သူနဲ့ အတူရပ်တည်ပေးတာ ။
၁၁/ မှတ်စုတိုလေးတွေ ချန်ထားခဲ့တာ ။

ကဲ …. ချစ်ခင်တဲ့သူတွေအပေါ် သင်ပြုလုပ်တတ်တာက ဘယ်အချက်လေးတွေများပါလဲနော် ။

ရေးသားသူ -  Susan_Patterson_via_Reader's_Digest
#လေပြည်ချမ်းချမ်း


Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´