Skip to main content

Posts

Showing posts from January, 2013

" ရိုးစင်းစွာ လွဲချော်ခြင်း "

" ရိုးစင်းစွာ လွဲချော်ခြင်း " ရိုးရိုးလေးပါပဲ … ငါက စမ်းချောင်းလေးတစ်စင်း … ခံစားချက်တွေနဲ့ ညင်ညင်သာသာ စီးဆင်းတယ် ။ နင်က ကွေ့ကောက်တဲ့မြစ် … လျှို့ဝှက်မှုတွေနဲ့ သေသေသပ်သပ် စီးဆင်းတယ် ။ အပြောကျယ်တဲ့ ပင်လယ်ကြီးကရော …၊ ငါတို့ရဲ့ တိတ်ဆိတ်တဲ့ စကားသံတွေကို နားလည်နိုင်မှာလား … ။ ရိုးရိုးလေးပါပဲ … ငါက … ပွင့်လင်းချိုမြတဲ့ နေခြည်နွေးနွေးကို တမ်းမက်တယ် …။ နင်က … တစိမ့်စိမ့်ရွာကျတဲ့  မိုးရေစက်တွေကိုမြတ်နိုးတယ် …။ ဆောင်းရဲ့ ဆေးဖြူသုတ် နှင်းစက်တွေကရော … ငါတို့ကို ငြိမ်းချမ်းရေး သရုပ် ဖေါ်လာနိုင်မှာလား … ။ ရိုးရိုးလေးပါပဲ … ငါက …Lenka  ကို ကြိုက်တယ် ။ နင်က … Nicki Minaj ကို သဘောကျတယ် ။ Jason Mraz  ကရော“ I Won’t Give Up ” ဆိုတဲ့ သီချင်းကို … သံသယကင်းကင်းနဲ့ ငါတို့ရှေ့မှာ ရွတ်ဆိုနိုင်ဦးမလား … ။ ရိုးရိုးလေးပါပဲ … ငါက ခံစားချက်တွေကို ကဗျာအဖြစ် … ဖန်ဆငိုက်ဆိုင်မှုသက်သက်ပဲ … မဟုတ်လား ။ ရိုးရိုးလေးပါပဲ … ငါက နင့်ရဲ့ စိတ်ကျေနပ်မှုလေးတစ်ခုအတွက် … ငါ့အတ္တတွေကို မီးတင်ရှို့ခဲ့တယ်  ။ နင်က ငါ့အပေါ် အနိုင်ဆိုတာလေးတစ်ခုအတွက် …. နင့်နှလုံးသားကို ...

" ကြေးစား "

" ကြေးစား " [ The Life of a professional football player ] ငွေကြေးနဲ့သစ္စာတရား ၊ လွန်ဆွဲပွဲမှာ သူက … သားကောင်သက်သက်  ။ နယ်ရုပ်တစ်ရုပ်လို အရွှေ့ခံရတဲ့အကွက်မှာ သူ့ဘ၀သူ မတ်မတ်ရပ်တည်တာ ဘာများ မှားနေလဲ။ မြက်ခင်းတွေက သူတို့ရဲ့ဘ၀မျက်နှာစာ ပရိသတ်လက်ခုပ်သံက သူတို့ရဲ့ စိတ်ဖြေရာ အချစ်ကြီးလို့ အမျက်ကြီးတတ်တာလည်း ဒီပရိသတ်တွေပဲ မဟုတ်ပါလား ။ ( နောက်ဆုံးတော့ ) ကိုယ့်လိုအပ်ချက်နဲ့ကိုက်ညီတဲ့ရပ်တည်ချက်မှာ အနှောင့်အဖွဲ့စကားသံတွေကို နားပိတ်ရင်း ၊ ကိုယ့်လမ်းကိုယ်ခင်း ခပ်တင်းတင်းပဲ ဘ၀ကို နင်းလျှောက်နေလေရဲ့ ။       ။ “လေပြည်ချမ်းချမ်း” Nov 26 th , Monday! 00:28 am ; 2012!

“ လွတ်လပ်ခြင်းရဲ့ ကြယ်တစ်ပွင့် ”

“ လွတ်လပ်ခြင်းရဲ့ ကြယ်တစ်ပွင့် ” ကြယ်တွေစုံတဲ့ညကို လွမ်းတယ် ... ။ ဗလာသက်သက် နက်မှောင်နေတဲ့ ကောင်းကင်ကိုတွေ့မှ ...၊ ကြယ်တွေ တည်ရှိခြင်းရဲ့ သာယာဝေစည်ခြင်း ကို နားလည်တယ် ။ ၁၉၄၇ မှာပေါ့ ... ကောင်းကင်ရင်ခွင်မှာ .. အစောဆုံး ကြွေလွင့်သွားတာ ... အစားထိုးမရနိုင်တဲ့ လမ်းပြကြယ်တစ်ပွင့် .. ပါ ။ လင်းနိုင်သလောက် လင်းပေးဖို့ ..၊ သူ့ဘ၀ ... ဖယောင်းတိုင်လို ရပ်တည်ပေးခဲ့တယ်။ သမိုင်းကြောင်း မတိမ်းစောင်းဖို့ စိတ်ဓါတ်တွေ သွေးပေးရင်း .. သူ့အနာဂတ်တွေ လုံးပါးပါးသွားတဲ့ ဓါးသွေးကျောက်တစ်တုံး … လား ။ သေချာတာကတော့... သူချစ်တဲ့ လူမျိုးရဲ့ သမိုင်းကြောင်းမှာ သူ့သမိုင်းဟာ .. ရွှေမှုန်လို လက်နေတုန်း .. ပါ ။ ခုတော့ .. အနာဂတ်ရဲ့ ကြယ်ကလေးတွေ … ကောင်းကင်ယံမှာ ..လင်းလက်လို့ မြေပြင်ကို ငြိမ်းချမ်းခြင်းအရိပ်ဆင်နိုင်ပြီ ။ လွတ်လပ်ခြင်းရဲ့ အနှစ်သာရကို ဖြန့်ဝေပေးခဲ့တဲ့ ..လမ်းပြကြယ်ရေ ...၊ ပေးဆပ်မှုနဲ့ မပျော်ရတဲ့ လွတ်လပ်အေးချမ်းတဲ့ဘုံမှာ ... ဇန်န၀ါရီ (၄) ရဲ့ ... လွတ်လပ်ရေးအောင်ပွဲအသံတွေ နားဆင်ရင်း ထာဝရ ... အပြုံးတွေဝေပါစေ ။ ။ “ လေပြည်ချမ်းချမ်း ” 4th January 2012, 00:29 am ,Wednesday ! [ "မြန်မာပြည်၏ (၆၅)နှစ်ေ...