Skip to main content

Seasons

ဘ၀၏ ရာသီများ





`မနက်ခင်း´…
လေထုထဲမှာ တချို့သောအရာတွေ ရှိနေပုံပဲ။ ဒါ့ကြောင့် လမ်လျှောက်​​နေရာကနေ ရပ်လိုက်တယ်။ ပြီးတော့ ခေါင်းကိုမော့၊ လေကို တဝရှုသွင်းလိုက်မိတယ်

‘အို ... ဒါ နွေဦး ပဲ။’

အောက်က မြက်ခင်းကို ငုံ့ကြည့်လိုက်​​တော့
ကြက်သွန်နီအရိုင်းပင်တွေရယ်၊ ထွားကျိုင်းတဲ့ မြက်ပင်ရှည်ခပ်စိမ်းစိမ်တွေရယ်
ခတ္တာတွေနဲ့ ဒက်ဖိုဒယ် ( Daffodils) လို့ခေါ်တဲ့ အဝါရောင်ပန်တွေလည်း ပွင့်ဖူးနေကြတယ်
သူတို့ဆီက အနီရောင်နဲ့ အဝါသွေးတွေဟာ ခြံဝန်းထဲမှာ အကန့်သတ်မဲ့ လင်းဖြာနေကြလေရဲ့။
ချိုင့်ဝှမ်းထဲမှာ ဒန်ဒီလီယွန်(Dandelion) လို့ခေါ်တဲ့ ခွေးသွားစိတ်အနားတန်းအရွက်နဲ့ ဒါဇင်လိုက်ချီတဲ့ အလေ့ကျပန်းဝါဝါတွေဟာ အထပ်ထပ်​​​ပေါက်​​ရောက်​​​နေကြပြီး နေရောင်ခြည်ကို အလျှံပယ် သောက်သုံးနေကြတယ်

အရင်​​ဆောင်းကာလတုန်းက အရွက်​​တွေအားလုံးကြွေကျသွားတဲ့အပင်​​တွေဟာ ပုရစ်ဖူးသစ်​​တွေဝေပြီးလို့ ရွက်နုသစ်ကလေး​​တွေထွက်စပြုပါပြီ။ အဲဒီသစ်ပင်​​တွေအောက်က ဖြတ်​​လျှောက်မိတဲ့အခါ အသိုက်အမြုံကို ထိန်းသိမ်စောင်ရှောက်သူဖြစ်တဲ့ မိခင်သပိတ်လွယ်ငှက်မကြီးရဲ့အသံဟာ အသိုက်ထဲကနေ ထွက်ပေါ်လာတယ်

ကျွန်​​တော် ပြုံးမိပြီး နွေးထွေးတဲ့ နေရောင်ခြည်​​အောက်မှာ အကြာကြီးရှေ့ ဆက်​​လျှောက်ခဲ့တယ်။ အချမ်းဓာတ်မပါဘဲနဲ့ လေက အေးမြလတ်ဆတ်နေပြီး လေထုထဲမှာ ဝဲခိုကခုန်စီးမြောနေတဲ့  ရနံ့ပေါင်းများစွာကို ခံစားမိလာတယ်

ဝတ်​​နေကျ ကုတ်အကျီရှည်ကြီးကတော့ အိမ်ထဲက ထိုင်ခုံမှာ လဲလျောင်နေရစ်ခဲ့ပြီ။ နောက်လာမယ့် လပေါင်းများစွာထိလဲ သူ အဲဒီမှာ နားနေနိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော် ကလေးလေးတစ်​​ယောက်လို ငယ်ရွယ်နုပျိုမှုကိုခံစားမိလာတယ်ဘေးနားမှာတဝီဝီမြည်​​နေတဲ့ ပျားစွပ်ပနီတစ်​​ကောင်ကိုလည်တုပ်မိလို့ ဖျားနာမှာကို မကြောက်ဘဲမောင်းထုတ်လိုက်ပါတယ်

ပြီးနောက်မှာတော့ ရှည်လျားလှတဲ့ ဆောင်းရာသီတစ်​​လျှောက်လုံး ကျွန်​​တော် အလုပ်ချင်ဆုံးအရာတစ်ခုကို ကျွန်တော်လုပ်တော့မယ်။ တစ်ချက်ရယ်​​မောလိုက်ပြီး ခပ်မြန်မြန်ပဲ ဖိနပ်​​တွေကို ချွတ်ပစ်လိုက်တယ်။ ပြီးတော့ ခြေထောက်သက်သက်နဲ့ မြက်ခင်တွေပေါ် ကျွန်တော် လမ်းစ,လျှောက်တယ်

လမ်းလျှောက်ရင်း ဒါဇင်ချီတဲ့ငှက်​​ကလေးတွေ တေးသံစုံသီကျူးတာကို နားထောင်တယ်။ ဒါဟာ ပျော်ရွှင်မှုတွေစုသီထားတဲ့ သီချင်းရဲ့ Chorus ပိုဒ်တစ်ပိုဒ်ကို နားထောင်ရသလိုပဲ။ နောက်ဆုံးမှာတော့ ကျွန်တော်လမ်းလျှောက်တာကိုရပ်လိုက်ပြီး မနက်ခင်းနေလုံးကြီးထွက်ပေါ်လာတာကို စောင့်ကြည့်တယ်။ အဲဒီနောက်မှာ ဘုရားသခင်ရဲ့ကျေးဇူးတော်ဆုတောင်းစကားများကို ရွတ်ဆိုမိတယ်။

နွေးမြပြီး ရွှေရောင်တောက်နေတဲ့ နေရောင်ခြည်အလင်းအတွက်၊ ပန်းပွင့်ကလေးတွေနဲ့ သစ်ပင်တွေအတွက်၊ မြက်ခင်းပြင်စိမ်းစိမ်းကလေးတွေနဲ့ အင်းဆက်ပိုးမွှားကလေးတွေအတွက်၊ ငှက်ကလေးတွေနဲ့ သူတို့ရဲ့တေးသံအတွက်၊ ပြီးတော့ အဓိကကတော့ ကျွန်တော့်ရဲ့ဘ၀မှာ နွေဦးရာသီလို တောက်ပနွေးထွေးတဲ့ရာသီတစ်ခုကို ဖန်ဆင်းပေးတော်မူတဲ့အတွက် ဖြစ်ပါတယ်။

မနှစ်က ဆောင်းရာသီမှာ … ကျွန်တော့်မိတ်ဆွေတစ်ယောက်က အေးခဲတဲ့တောင်တန်းတွေဆီက ကျွန်တော့်အိမ်ကနေ တောင်အရပ်ကို ဘာကြောင့် ပြောင်းရွှေ့နေထိုင်ခြင်းမပြုသလဲလို့ မေးခဲ့ဖူးတယ်။ အဖြေကတော့ ဒီတောင်တန်းတွေက အပျော်ရွှင်ဆုံးလို့ ကျွန်တော်ခံစားရတဲ့ ‘ကျွန်တော့်အိမ်’ ဖြစ်လို့ပါပဲ။  ဒီတောင်တန်းတွေရှိတဲ့အရပ်ဟာ ဘုရားသခင်က ကျွန်တော့်ကိုရှိစေချင်တဲ့နေရာလည်း ဖြစ်ပါတယ်။ တကယ့်လို့ ဆောင်းရာသီသာမရှိခဲ့ဘူးဆိုရင် လှပနွေးထွေးသာယာလှတဲ့နွေဦးကို ကျွန်တော် တန်ဖိုးထားခံစားတတ်လာမှာမဟုတ်ပါဘူး ။

ကျွန်တော်တို့ရဲ့ဘ၀မှာ ရာသီပေါင်းမြောက်များစွာကိုဖြတ်သန်းသွားရတဲ့အခါ အတတ်နိုင်ဆုံး ပျော်ရွှင်ခံစားသင့်ပါတယ်။ ဘ၀မှာ `နွေဦး´အခိုက်အတန့်တိုင်းကို ချစ်ခင်မြတ်နိုးသင့်ပါတယ်။ နွေရာသီရဲ့စက္ကန့်တိုင်းကိုလည်း နှစ်ခြိုက်ခံစားသင့်ပါတယ်။ ဆောင်းဦးရဲ့ထူးကဲတဲ့အလှကို ကျွန်တော်တို့နှလုံးသားထဲမှာ ထွန်းညှိထားသင့်ပြီး ခိုက်ခိုက်တုန်အေးစိမ့်တဲ့ ဆောင်းရာသီကိုရောက်ရှိလာတဲ့အခါ ကျွန်တော်တို့ရဲ့နွေးထွေးမှုနဲ့ အလင်းရောင်ကို အတူတူ မျှဝေခံစားသင့်ပါတယ်။

ဘ၀မှာ ရာသီတိုင်းကို ထွေးပွေ့ထားသင့်ပြီး နေ့ရက်တိုင်းကို ကျေးဇူးတင်မှုအပြည့်နဲ့ ချစ်ခင်မြတ်နိုးသင့်ပါတယ်။ သင့်နှလုံးသားမှာ အမြဲတမ်းချစ်ခြင်းမေတ္တာတွေပြည့်ဝပြီး သင့် စိတ်ဝိညာဉ်ထဲမှာ လှပတဲ့နွေဦးအချိန်လေးကို အမြဲတမ်း အမြတ်တနိုးသိမ်းထားနိုင်ပါစေ  ။   ။

'လေပြည်ချမ်းချမ်း'
Ref Source : _ #Seasons_By_Joseph J. Mazzella



Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´