Skip to main content

Posts

Showing posts from August, 2016

If You Fall In Love

[If You Fall In Love] <3 <3 <3 <3 <3 <3 "လူတစ်ယောက်ကို ချစ်တယ်"ဆိုတာ သဘာဝတရားကြီးကို ချစ်တာနဲ့တူတယ် ။  နံနက်ခင်းနေခြည်နုအလင်းတစ်ချက်က ငွေ့ရည်ဆွတ်တဲ့ သစ်ရွက်စိမ်းကလေးပေါ် လက်ခနဲ တောက်လက်သွားသလိုမျိုး ။ ညနေခင်းကြယ်တွေ ညမှောင်ရင် အလိုလို ဝင်းပထွက်ပေါ်လာသလိုမျိုး ။ မိုးရွာပြီးစကောင်းကင်မှာ နေခြည်မှုန်တစ်ချို့နဲ့ သက်တန့်တစ်စင်း ထွန်းလင်းလာသလိုမျိုး ။  အရာရာတိုင်းဟာ အကြောင်းပြချက်ရှိပေမယ့် ဖန်တီးမထားဘဲ သူ့အလိုလို ဖြစ်တည်လာတဲ့အရာ ။ "သိပ်လှတဲ့နွေဦး"ရှိသလို "သိပ်ပူလောင်တဲ့နွေ" ရှိမယ် ။ "သိပ်ဆွတ်ပျံ့ဖွယ်ရာကောင်းတဲ့ မိုးဖွဲလေး"ရှိသလို "သိပ်မုန်တိုင်းထန်တဲ့ မိုး"လည်းရှိမယ် ။ "အေးချမ်းတဲ့နှင်းမှုန်တို့ရဲ့ဆောင်း"ရှိသလို "အအေးလှိုင်းဖြတ်တဲ့ ရေခဲမှုန်တို့ရဲ့ ဆောင်း"ရှိမယ် ။ လူတစ်ယောက်ကို ချစ်မြတ်နိုးတယ်ဆိုတာ သူ့ဖြစ်တည်မှုကိုငေးမောကြည့်နေရုံနဲ့ သာယာကြည်ရွှင်မှုတွေ အလိုလိုခံစားပျော်ဝင်လာတတ်တဲ့အရာ ။ "အချစ်"ဆိုတာ ... ခံစားတတ်တဲ့သူအတွက် ဘယ...

Life ,Roads And Quotes

Town Story

" မြို့ကလေး "   မြို့ကလေးရဲ့ 'ပျော်ရွှင်မှု'ဆိုတာ ဖျပ်ခနဲ လက်လာတဲ့ အလင်းတစ်ချပ်လည်း ဖြစ်နိုင်တယ်။ မြို့ကလေးရဲ့ 'စိတ်ညစ်မှု'ဆိုတာ မီးခိုးတလူလူနဲ့ မှိုင်းညို့အုပ်ပျတဲ့ မနက်ခင်းတစ်ခုလည်း ဖြစ်နိုင်တယ်။ စိတ်ရှည်ပါတယ် သည်းခံပါတယ် 'အပြောင်းအလဲ'မှာ စနစ်သေမြို့ကလေးက သံချေးတက်နေဆဲ သူ့လူတွေစိတ်ကို မူလီချောင်ဖို့ ကြိုးစားနေဆဲဆိုတော့ စနစ်တကျ ဆွဲဖြုတ်လွှင့်ပစ်ဖို့ ... မတတ်နိုင်သေးဘူးပေါ့။ ရပါတယ် ခပ်အုပ်အုပ်ကလေးပဲ ညင်သာတီးတိုး ငါ ဂစ်တာတီးနေမယ် ငါ့အသံကိုတော့ လျှပ်စစ်မီးက ခိုးယူသွားလို့ မရဘူး မဟုတ်လား။ Chord တစ်ချို့လည်း မေ့နေဆဲ... ဒီတစ်ပိုဒ်တည်း ထပ်တလဲလဲ ဆိုညည်းဆဲ... `Love is easy ... Love is easy´ Mc Fly ကိုတော့ အားနာတယ် ဒါပေမယ့် ... ငါ စာသားသစ် ထပ်တိုးမယ် But `Change´ is hard. ‪#‎ လေပြည်ချမ်းချမ်း‬ 12:39 PM/ 2016/Aug 18th/Thurs.

Passenger

"ခရီးသည်"   ခု​ကြွေကျသွားတဲ့ တစ်​စက္ကန့်​ဟာ ဘဝရဲ့အ​ကောင်းဆုံးအချိန်​ကာလတစ်​ချပ် ။ စက္ကန့်​တံချပ်​​ရေ​တွေကို ပြန်​ဖမ်းဆုပ်​ကြည့်​မိတဲ့အခါ ​မေးခွန်းက... `စိတ်​​ကျေနပ်​ခဲ့ရဲ့လား´ ။ အချိန်​သစ်​ပင်​အကိုင်းအခက်​​တွေဟာ လက်​​ကောက်​ဝတ်​​သွေး​ကြောတဒိတ်​ဒိတ်ကို ​လာ​ထောက်လို့ ဘဝဟာ လူတိုင်းစီးရမြဲ အချိန်​ရထားကြီးပါပဲ ။ ​ပျော်​ရွှင်​ခြင်း​တွေ တင်​​ဆောင်​ခဲ့ပါ ။ စိတ်​​ကျေနပ်​မှု​တွေ တင်​​ဆောင်​ခဲ့ပါ။ အတိတ်​က အ​တွေ့အကြုံ​တွေ တင်​​ဆောင်​ခဲ့ပါ။ ပြီး​တော့ အနာဂတ်​လမ်းပြ​မြေပုံကို တင်​​ဆောင်​ခဲ့ပါ။ တဒီးဒီးအရှိန်​မြှင့်​​မောင်းနှင်​ရင်း ​ချွေးစက်​​တွေကုန်​ခမ်း ​မောပန်းနွမ်းနယ်​တဲ့အခါ ဘူတာရုံတစ်​ခုခုမှာ ရပ်​နားပါ။ အပြုံး​တွေ ရှာ​ဖွေဖို့ မ​မေ့နဲ့ ...၊ ဒီလိုပဲ ကမ္ဘာကြီးကို အပြုံး​တွေ ​ပေးဆပ်​ဖို့လည်း မ​မေ့နဲ့ ။ တစ်​ချိန်​ချိန်​ ... ဒီကမ္ဘာ​ပေါ်မှာ သင်​​ပျောက်​ကွယ်​သွားတဲ့အခါ တစ်​စုံတစ်​​ယောက်​ရဲ့ညမှာ လမ်းရှာ​တွေ့ဖို့ ​ကောင်းကင်​ကကြယ်​​တွေနဲ့အပြိုင် ကမ္ဘာ​မြေပြင်​မှာ ​သင့်​​ခြေရာ​လေး​တွေ လင်းလက်​ကျန်​ခဲ့...

"ဆည်းဆာဆွတ်တဲ့ ညနေခင်းရဲ့တိမ်"

"ဆည်းဆာဆွတ်တဲ့ ညနေခင်းရဲ့တိမ်" [1] ​ နေတစ် ​ စင်း၏ ​ အေးချမ်း ​ သောအပြုံးကို မြင် ​ ဖူးပါသလား။ ညို ​ ရော် ​​ ရော် ​ ဝါရီ ​ သော ခရမ်းနု ​ ရောင် ​​ အလင်းဆွတ် ​ သည့်မျက် ​ နှာရိပ် ​ တစ် ​ ခုကို “ည ​ နေရီ”ဟု ​ ခေါ်ပါသည် ​ ။  စကားစမြည် ​​ ပြောလာ ​ သည့် အုပ် ​ စုလိုက် ​ အိမ် ​ ပြန် ​ ချိန် ​ စက် ​ ဘီးများ။ ​ ကောင်းကင် ​​​ ပေါ်က အိပ် ​ တန်းပြန် ​ ငှက် ​ ငယ် ​ များ။  ​ ကျောပိုးအိတ် ​ ကိုယ် ​ စီနှင့် အဖြူအစိမ်းဝတ် ​ စုံများ ...။  “ည ​ နေရီ”ဆိုတာ အပြုံးလဲ့လဲ့ ​ လေးလင်းနေတတ် ​ သည့် တံခါးတစ် ​ ချပ် ​ ။ အဲသည် ​ နှုတ် ​ ခမ်းနှစ် ​ ချပ် ​ က ​ ဆွေးရီစွာ ပြုံးတတ် ​ လွန်းသည် ​ ။ နှုတ် ​ ဆက် ​ စကားများကို မဆို ​ သေးမီ။ [2] တစ် ​ .. နှစ် ​ .. သုံး .. ​ လေး .. ငါး … ။ လွန် ​ ခဲ့ ​ သောလက် ​ ငါး ​ ချောင်းစာနှစ် ​ များအ ​ ဝေးကတည်းက ည ​ နေခင်းဟာ သည် ​ အတိုင်းပဲ။ သတိရခြင်း ​ တွေ ခပ် ​ ဖွဖွ ​​ ရေးခြယ် ​ ထား ​ သောဆည်းဆာသည် ​ ည ​ နေခင်း၏ ညှို့ငင် ​ ဆွဲ ​ ဆောင် ​ မှုဖြစ် ​ ခဲ့၏။ ​ ည ​ နေခင်းတစ် ​ ...