Skip to main content

Posts

Showing posts from November, 2016

Let nature be your teacher

ကဗျာဆရာကြီး `William Wordsworth´ က ဆိုပါတယ် ။ `Let nature be your teacher´ တဲ့ ။ အကယ်၍ သင့်မှာ ဖြေရှင်းမရတဲ့ ပုစ္ဆာတွေနဲ့ မေခွန်းတွေ၊ ပြဿနာတွေအတွက် အဖြေရှာမရဘူးဆိုရင် သဘာဝတရားကြီးဆီသာ ထွက်သွားလိုက်ပါ ။ အဖြေရှာတွေ့ပါလိမ့်မယ်တဲ့။ ... မယုံရင် ထွက်ရှာကြည့်လိုက်ကြစို့။ ။ ☺ ☺ ☺ 🌲 🌳 🌴 🌵 🍀 ⛅ ❄

Nov 23

[ နိုဝင်​ဘာ ၂၃ ...] နိုဝင်​ဘာဟာ  အညို​ရောင်​စိမ်း​သောတစ်​စုံတစ်​ရာ ... ​ဆွေးမြည့်​စူးစိုက်​​နေတဲ့ ဆူး​ခြောက်​​တွေရယ်​ မျက်​ရည်​​တွေရဲ့​ရေတံခွန်မြစ်​တစ်​စင်းရယ်​ ခပ်​စိမ့်​စိမ့်​​အေးစက်​​သောနက်​​မှောင်​​မှောင်​မျက်​ဝန်းတစ်​စုံရယ်​ တစ်​ချိန်​လုံးမျက်​နှာလွှဲထားပြီး  အပြီးအပိုင်​ထွက်​ခွာသွားရ​တော့မယ်​ဆိုမှ အ​သေအလဲဆွဲဆုပ်​ထားမိတဲ့ သံ​ယောဇဉ်​လက်​အ​သေ​တွေရယ်​ ဘယ်​​တော့မှ အဖြေပြန်​မရ​တော့မယ့်​​ မေးခွန်း​တွေရယ်​ ​နောက်​ကျမှသိတဲ့အမှားအတွက်​  ကိုယ်​တိုင်​ပြစ်​ဒဏ်​ဖန်​တီး​နေရတဲ့အဖြစ်​ ... ခွင့်​လွှတ်​တတ်​သူဆီက ဘယ်​​တော့မှ လွတ်​ငြိမ်းချမ်းသာခွင့်​မ​တောင်းခဲ့ပါဘူး အပြုံးတစ်​စုံကိုမှန်းဆရင်း နိုဝင်​ဘာကို ရင်​ဘတ်​ထဲထုပ်​ပိုး အို .... သူရွာချတဲ့မိုး​တွေ သည်းလွန်းလှချည့်​  ဒီနိုဝင်​ဘာဟာ ဒီရင်​ရိပ်​မှာ တစ်​နှစ်​ပတ်​လုံးမိုးရာသီ တခါတ​လေစိမ်းလန်းတယ်​ တခါတ​လေ စိမ်းကားတယ်​ တခါတ​လေ အုံ့မှိုင်းတယ်​ တခါတ​လေ သက်​တန့်​ထွန်းတယ်​ တခါတ​လေအပြုံးနဲ့​ထွေး​ပွေ့လို့ တခါတ​လေ ညို​မှောင်​ဆင်​လို့ နှုတ်​ဆက်​စကား​တောင်​ ​ဆိုခွင့်​မရခဲ့ပါဘူး အနမ်းတစ်​ပွင့်​နဲ့တိ...

Courage

Your Life :Your Shoes

`အိပ်မက်ဆိုတဲ့ ဖိနပ်တစ်ရံရှိရင်  ကမ္ဘာပတ်လို့ ရပြီ။ ဘာကိုတွေဝေနေမှာလဲ ...  အဲဒီဖိနပ်ကြီးထဲ ဘဝကိုထည့် ပြီးတော့...  ဆက်လျှောက် ... ... ...´ <3 #လေပြည်ချမ်းချမ်း 🎋[About Our Dreams]🎋 •••••••••••••••••••••••••••••••• “Go confidently in the direction of your dreams.  Live the life you’ve always imagined.”  #Henry_David_Thoreau အိပ်မက်တွေရဲ့ စေညွှန်ရာအတိုင်း  ယုံကြည်ချက်ရှိရှိ ခရီးနှင်ပါ ။ သင်အမြဲစိတ်ကူးခဲ့တဲ့အတိုင်း ဘ၀ကို နေထိုင်ပါ ။ #လေပြည်ချမ်းချမ်း www.laypyaychanchan.blogspot.com

How to build your self confidence

[ မိမိကိုယ်မိမိ ယုံကြည်မှု ဘယ်လိုတည်ဆောက်ကြမလဲ ] 🌈🌈🌈🍀🍀🍀🌵🌵🌵🌵🌵🍀🍀🍀🌈🌈🌈 “ကိုယ့်ကိုကိုယ်ယုံကြည်မှု”ဆိုတာ  “ကိုယ့်ကိုယ်ပိုင်ဖြစ်တည်မှု”ကို “နှစ်သက်မြတ်နိုးစွာ လက်ခံခြင်း”ဖြစ်ပါတယ်။  လူတွေကို သဘာဝတရားနဲ့ဘုရားသခင်က လှလှပပဖန်တီးပေးထားပြီးသားပါ။ ဒါကို လူတွေက သဘောမပေါက်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတစ်ပါးရဲ့လွှမ်းမိုးမှုကို ခံနေရတာကြောင့်ဖြစ်တယ်။ ထို့ကြောင့် သင်သည် သင်ပဲဖြစ်ပါစေ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါစေ။ လူတွေဟာ ချီးကျူးစကားပြောခံရတာကို နှစ်သက်တဲ့အတွက် ကိုယ့်ကိုကိုယ် သူများနှစ်သက်ကျေနပ်အောင် ကိုယ့်ကိုကိုယ်ချီးကျူးခံရအောင် ပြောင်းလဲဖို့ကြိုးစားလိုက်ကြတယ်။ တကယ်တော့ ဒါဟာ မှားပါတယ်။ ဒါက “နိမ့်ကျတဲ့စိတ်”တစ်ခုသာ ဖြစ်တယ်။ “မိမိကိုယ်မိမိယုံကြည်မှု”တည်ဆောက်ဖို့ဆိုရင် အဲဒီနိမ့်ကျတဲ့စိတ်ကို ဖျောက်ပစ်ရပါမယ်။ ပြီးတော့ သင့်ဘ၀နဲ့ပတ်သက်စပ်ဆိုင်တဲ့ လူတွေအားလုံးနဲ့အရာအားလုံးအပေါ် လက်ခံအသိအမှတ်ပြုရပါမယ်။ “ငြင်းပယ်ခြင်း”ဟာ နိမ့်ကျတဲ့စိတ်အတွက် အခြေခံကျတဲ့ အကြောင်းတရားတစ်ခုဖြစ်ပါတယ်။  ငြင်းပယ်ဖို့ မကြောက်ရွံ့ပါနဲ့။ ကိုယ့်မူအတိုင်းပဲ ရှေ့ကိုဆက်လက်ရွေ့လျားပါ။ ဘြာေ...

November

❄[ November ]❄  🍃🍒🍁🍂🍁🍒🍃 နိုဝင်ဘာရဲ့ ပြာလွင်​ခြင်းဟာ ​ဆောင်းရနံ့ကို ​ခေါ်​ဆောင်​လာတယ်​ အငိုသန်​ခဲ့တဲ့ ​ကောင်းကင်​​ပေါ် ဟိုတစ်​ကွက်​ ဒီတစ်​ကွက်​  တိမ်​မှုန်​​တွေ ပြန့်​ကျဲ​နေတုန်း...။ မိုးစက်​​တွေအငိုတိတ်​တဲ့အခါ သူ တိတ်​တိတ်​က​လေး ပြုံးလာပြီ ​မြောက်​​လေညင်းနဲ့ အတူတူ ... ။   ။  #လေပြည်ချမ်းချမ်း