Skip to main content

How to build your self confidence


[ မိမိကိုယ်မိမိ ယုံကြည်မှု ဘယ်လိုတည်ဆောက်ကြမလဲ ]
🌈🌈🌈🍀🍀🍀🌵🌵🌵🌵🌵🍀🍀🍀🌈🌈🌈

“ကိုယ့်ကိုကိုယ်ယုံကြည်မှု”ဆိုတာ 
“ကိုယ့်ကိုယ်ပိုင်ဖြစ်တည်မှု”ကို “နှစ်သက်မြတ်နိုးစွာ လက်ခံခြင်း”ဖြစ်ပါတယ်။ 

လူတွေကို သဘာဝတရားနဲ့ဘုရားသခင်က လှလှပပဖန်တီးပေးထားပြီးသားပါ။ ဒါကို လူတွေက သဘောမပေါက်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတစ်ပါးရဲ့လွှမ်းမိုးမှုကို ခံနေရတာကြောင့်ဖြစ်တယ်။ ထို့ကြောင့် သင်သည် သင်ပဲဖြစ်ပါစေ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါစေ။

လူတွေဟာ ချီးကျူးစကားပြောခံရတာကို နှစ်သက်တဲ့အတွက် ကိုယ့်ကိုကိုယ် သူများနှစ်သက်ကျေနပ်အောင် ကိုယ့်ကိုကိုယ်ချီးကျူးခံရအောင် ပြောင်းလဲဖို့ကြိုးစားလိုက်ကြတယ်။ တကယ်တော့ ဒါဟာ မှားပါတယ်။ ဒါက “နိမ့်ကျတဲ့စိတ်”တစ်ခုသာ ဖြစ်တယ်။

“မိမိကိုယ်မိမိယုံကြည်မှု”တည်ဆောက်ဖို့ဆိုရင် အဲဒီနိမ့်ကျတဲ့စိတ်ကို ဖျောက်ပစ်ရပါမယ်။ ပြီးတော့ သင့်ဘ၀နဲ့ပတ်သက်စပ်ဆိုင်တဲ့ လူတွေအားလုံးနဲ့အရာအားလုံးအပေါ် လက်ခံအသိအမှတ်ပြုရပါမယ်။

“ငြင်းပယ်ခြင်း”ဟာ နိမ့်ကျတဲ့စိတ်အတွက် အခြေခံကျတဲ့ အကြောင်းတရားတစ်ခုဖြစ်ပါတယ်။  ငြင်းပယ်ဖို့ မကြောက်ရွံ့ပါနဲ့။ ကိုယ့်မူအတိုင်းပဲ ရှေ့ကိုဆက်လက်ရွေ့လျားပါ။ ဘာကြောင့်လဲဆိုတော့ ငြင်းပယ်ခြင်းမပြုတာဟာ သင့်အပေါ် သူတို့မြင်ထားတဲ့ရှုထောင့်ကို ဘယ်တော့မှပြောင်းလဲပစ်လို့ မရနိုင်လို့ပါပဲ။ လူတိုင်းရဲ့ရင်ထဲမှာ ချီးကျူးခံချင်တဲ့ နိမ့်ကျတဲ့စိတ်အစွဲတွေ ရှိတတ်ပါတယ်။ဒီအစွဲတွေကို တိုက်ခိုက်ဖယ်ရှားပစ်ရပါမယ်။

“နှိုင်းယှဉ်ခြင်း”ဟာလည်း နိမ့်ကျတဲ့စိတ်အစွဲအလမ်းတစ်ခုကို ဖြစ်စေတယ်။ သင့်ကိုယ်သင် ဒါမှမဟုတ် သင့်ကလေးတွေကိုလည်း သူများနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။ လူတိုင်းမှာ ထူးခြားတဲ့အားသာတဲ့အချက်တွေ ရှိနေတတ်ပါတယ်။ လူတွေမှာ တစ်ယောက်နဲ့တစ်ယောက်မတူတဲ့ ပြိုင်စံရှားအရည်အသွေးတွေ ရှိပြီးသားပါ။ ဘာကြောင့် သူများနဲ့တူချင်လဲ ။

“ပြိုင်ဆိုင်ခြင်း”ဟာ ကောင်းပါတယ် ဒါပေမယ့် ကိုယ့်ကိုကိုယ်သာ ပြိုင်ပါ ။ တစ်နေ့ချင်း တစ်နေ့ချင်း သင်ပိုပိုပြီး ကောင်းမွန်ပြီးပြည့်စုံလာပါလိမ့်မယ်။

နိမ့်ကျတဲ့စိတ်အစွဲကို ဘယ်လို ကျော်လွှားကြမလဲ။ 

ပထမဆုံးမှာတော့ ကိုယ့်ဆီမှာရှိတဲ့ နိမ့်ကျတဲ့အစွဲကို ရှာဖွေပါ။  ပြီးရင် ဖယ်ရှားဖို့ တည့်တည့်မတ်မတ်ကြိုးစားပါ။

လူတွေနဲ့ စကားပြောပါ။ သင့်အမြင်ကိုလည်း ပြသပါ။ မှားသွားမှာကိုလည်း မစိုးရိမ်ပါနဲ့။ မိမိကိုယ်မိမိယုံကြည်မှုရှိဖို့ လူအုပ်ကြားမှာ စကားပြောပါ။  အရေးမပါတဲ့ အသုံးမ၀င်တာတွေတော့ မပြောမိစေနဲ့ ။

သူတစ်ပါးပြောတာကိုလည်း နားထောင်ကြည့်ပါ။ ကောင်းမွန်တဲ့ နားထောင်သူတစ်ယောက်ဖြစ်ပါစေ။ 
နားထောင်ခြင်းဟာ ကောင်းမွန်တဲ့အလေ့အကျင့်ဖြစ်ပြီးတော့ သင့်ကို ဗဟုသုတတွေ တိုးပွားစေပါလိမ့်မယ်။ ဗဟုသုတတွေ ပြည့်ဝလာရင် ကိုယ့်ကိုကိုယ် ယုံကြည်မှု အလိုလိုတိုးပွားလာပါလိမ့်မယ်။

ကိုယ့်ရပ်တည်ချက်ကို ပြသပါ။ ဒါဟာ “ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းရဲ့ လက္ခဏာတစ်ရပ်”ပါ။  သူတစ်ပါးနောက်ကနေ အစဉ်အမြဲခေါင်းညိတ်နေတတ်တဲ့ ဆက်ဆံရေးဟာ နိမ့်ကျတဲ့စိတ်အစွဲ ဖြစ်ပါတယ်။

ကိုယ့်နှလုံးသားကို အမြဲနားထောင်ပါ … ကိုယ်ဘာဖြစ်သလဲ ကိုယ်ဘာလုပ်ချင်သလဲ … ကိုယ့်ထင်မြင်ချက်က ဘာလဲ ။ စဉ်းစားပါ တွေးတောပါ …။ ထပ်ခါထပ်ခါ စဉ်းစားပါ တွေးတောပါ။  ကိုယ့်အတွေးအမြင်ကိုယ် ဆုံးဖြတ်ချက်ချပါ ။ ပြီးရင်တော့ သူတစ်ပါးကို ချပြပါ ။ သူတစ်ပါးကို လေးစားသလို ကိုယ့်ကိုကိုယ်လည်း လေးစားမှုရှိအောင် ကျင့်ကြံကြိုးစားပါ ။ 

ဒီလိုနဲ့  တစ်နေ့ပြီး တစ်နေ့ သင် ကိုယ့်ကိုကိုယ် ယုံကြည်မှုတည်ဆောက်ပြီးသား ဖြစ်လာပါလိမ့်မယ် ။

#လေပြည်ချမ်းချမ်း
3:55 PM/February 4th/2016/Thurs.
www.laypyaychanchan.blogspot.com
REF : How To Gain Self Confidence By Sonia Kaur 
http://www.sunnyskyz.com/feel-good-story/2172/How-to-gain-self-confidence#eCq8pB4cYybFttvE.99

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´