Skip to main content

Posts

Showing posts from December, 2016

Years

[ သက္ကရာဇ်များ ] ဟိုင်းဝေးလမ်းမတစ်ခုရယ်  ကျောပိုးအိတ်တစ်လုံးရယ် ကော်ဖီတစ်ခွက်ရယ်  မှတ်တိုင်တစ်ခုပြီးတစ်ခုရယ် ။ နှင်းမှုန်ဆောင်းရဲ့ဒီဇင်ဘာကပွဲမှာ နှုတ်ဆက်ညရဲ့ ဂီတကိုတီးခတ်သူဟာ သက္ကရာဇ်အသစ်တစ်ခုသာ                            ... လို့  သတိထားမိလာတဲ့အခါ ။ ဖိနပ်သစ်ကြီး  စီးဖို့ ပြင်ထားပါတော့ ပျော်ရွှင်စွာပဲပေါ့  တို့... ရှေ့ခရီးဆက်ကြမယ် ။   ။ #လေပြည်ချမ်းချမ်း 9:13 PM/ Dec 29th/ 2016/ Thurs.

The Livings

  နေထိုင်ခြင်းများ ဘယ်သူကိုယ့်ကို ... မြင်သလဲ ဘယ်သူ ကိုယ့်ကို မြင်သလဲ ... ဘယ်သူ ... ကိုယ့်ကို ...မြင်သလဲ ... ကြယ်တစ်ပွင့်က မေးတယ်။ ................................. ................................. ................................. ................................. ဒီလိုနဲ့ စကြဝဠာထဲ  ကြွေကြွေကျသွား ...  ခပ်ဖျော့ဖျော့ ပြည့်ပြည့်ဝဝ Ordinary ဘဝတွေရဲ့အကြောင်း။  #လေပြည်ချမ်းချမ်း  7:53 PM Dec 24th 2016 Sat

Just take it easy

[နေပျော်ခြင်း -၂] ☕☕☕☕☕ ဆောင်းက အေးတယ် ကော်ဖီက နွေးတယ် ငါ ... ကုတ်အင်္ကျီထဲမှာပဲ ဝင်နေလိုက်မယ် ။  နှလုံးသားမျက်နှာကျက်မှာ ကြယ်တွေရှိရင်  ကိုယ့်ကိုကိုယ်တွေ့ရှိတဲ့  ငါ့ရဲ့ညတွေ ... မမှောင်ပါဘူးကွယ် ။ ။ #လေပြည်ချမ်းချမ်း 10:18PM/ Dec 17th/ 2016/ Sat.

Sone Hmat Myar

ဆုံမှတ်များ ​ဟောဒီမှာ မျဉ်းတစ်​​ကြောင်း ဒါ လမ်း တဲ့။ ဟောဒီမှာ မျဉ်းတစ်​​ကြောင်း ဒါက ဆုံမှတ်​ ။ ကန့်​သတ်​ချက်​နယ်​လွန်​ဟိုင်းဝေးလမ်းမ​တွေမှာ ခလုတ်တိုက်လဲတာလည်း အခါခါ။ အစိမ်းရောင်သစ်ပင်လေး အသက်ရှုနေတဲ့ မနက်ခင်းမှာ ခရမ်းရောင်ပန်းတွေ မပွင့်ဝေပါနဲ့ဦးလား အက်ကွဲနေတဲ့ ဆည်းဆာမှာ  ညက ပန်ထားတဲ့ ကြယ်တစ်ပွင့်သာ မျှော်လင့်စရာရှိတယ် နာရီတွေကြည့်ပြီး အသက်ရှင်နေတဲ့ Ordinary ပန်းတစ်ပွင့်ပါ သူ ... စေ့စေ့ပြုံးနေတယ် ရင်ဘတ်တစ်ခုလုံး ပိတ်ဖုံးပြီးတော့ ။   ။  #လေပြည်ချမ်းချမ်း 6:42 PM/ Nov 25th/ 2016 / Fri.

Love Yourself!

[About Happiness] 🎈🎈🎈🎈🎈🎈🎈🎈 [• ပျော်ရွှင်ခြင်းအကြောင်း •] * ပျော်ရွှင်မှုကို သူများဆီကနေ ရှာရတာ တန်ဖိုးကြီးတယ်။ * ကိုယ့်ဆီကကိုယ် ရှာတွေ့ရင်တော့ တန်ဖိုးမဖြတ်နိုင်ဘူး။ * ဘာလို့လဲဆိုတော့ လူတွေက ကိုယ့်ကိုကိုယ်ချစ်ရခြင်းမှာ မအားလပ်ကြလို့ပါ။ ~ #လေပြည်ချမ်းချမ်း 8:54 PM/ Nov 29th/ 2016/ Tues.