[ သက္ကရာဇ်များ ]
ဟိုင်းဝေးလမ်းမတစ်ခုရယ်
ကျောပိုးအိတ်တစ်လုံးရယ်
ကော်ဖီတစ်ခွက်ရယ်
မှတ်တိုင်တစ်ခုပြီးတစ်ခုရယ် ။
နှင်းမှုန်ဆောင်းရဲ့ဒီဇင်ဘာကပွဲမှာ
နှုတ်ဆက်ညရဲ့
ဂီတကိုတီးခတ်သူဟာ
သက္ကရာဇ်အသစ်တစ်ခုသာ
... လို့
သတိထားမိလာတဲ့အခါ ။
ဖိနပ်သစ်ကြီး
စီးဖို့ ပြင်ထားပါတော့
ပျော်ရွှင်စွာပဲပေါ့
တို့... ရှေ့ခရီးဆက်ကြမယ် ။ ။
#လေပြည်ချမ်းချမ်း
9:13 PM/ Dec 29th/ 2016/ Thurs.
Comments
Post a Comment