ဆုံမှတ်များ
ဟောဒီမှာ မျဉ်းတစ်ကြောင်း
ဒါ လမ်း တဲ့။
ဟောဒီမှာ မျဉ်းတစ်ကြောင်း
ဒါက ဆုံမှတ် ။
ကန့်သတ်ချက်နယ်လွန်ဟိုင်းဝေးလမ်းမတွေမှာ
ခလုတ်တိုက်လဲတာလည်း အခါခါ။
အစိမ်းရောင်သစ်ပင်လေး အသက်ရှုနေတဲ့ မနက်ခင်းမှာ
ခရမ်းရောင်ပန်းတွေ မပွင့်ဝေပါနဲ့ဦးလား
အက်ကွဲနေတဲ့ ဆည်းဆာမှာ
ညက ပန်ထားတဲ့ ကြယ်တစ်ပွင့်သာ
မျှော်လင့်စရာရှိတယ်
နာရီတွေကြည့်ပြီး အသက်ရှင်နေတဲ့
Ordinary ပန်းတစ်ပွင့်ပါ
သူ ... စေ့စေ့ပြုံးနေတယ်
ရင်ဘတ်တစ်ခုလုံး ပိတ်ဖုံးပြီးတော့ ။ ။
#လေပြည်ချမ်းချမ်း
6:42 PM/ Nov 25th/ 2016 / Fri.
Comments
Post a Comment