Skip to main content

Posts

Showing posts from June, 2017

Away Evening

ငိုချင်ရင်  ဝရံတာပေါ်တက်တဲ့။ အဲဒီမှာ  ခိုကလေးတွေ၊ ငှက်ကလေးတွေ၊ သစ်ပင်တွေ အဝေးအိမ်ဆီက မှန်ပြတင်းတွေနဲ့  ခေါင်မိုးတွေပဲ ရှိသတဲ့။ ကောင်းကင်ကြီးကရော  အတင်းမပြောမှာ သေချာလား။ ပြောချင်ရင်  ငါ့အလွမ်းတွေသာ ချစ်သူ့ဆီပို့လှည့်ကွာ။ အနောက်ဘက်မှာတော့  တိမ်စိုင်နီထွေး နောက်ဆုံးအလင်း သွေးစို့နေပြီ။ #ဝရံတာပေါ်ကညနေ #လေပြည်ချမ်းချမ်း 5:57 PM/ March 27th/ 2017/ Monday.

The Two Pieces of the Heart Leaf

[ ဘဝနှစ်ခြမ်း ] 💓💓💓💓 မရေရာခြင်းများစွာပေါ်  ရေရာခြင်းတစ်ခုနဲ့ နေ့စွဲတွေတက်ရပ်နေခဲ့တယ် ကိုယ်တိုင်ပျိုးခဲ့တဲ့ ယုံကြည်မှု မင်းရင်ဘတ်မြေကန်သင်းထဲ  အခိုင်အမာမှ ကုပ်တွယ်မိပါ့မလား ကြိုးကမျှင်မျှင်လေး ဒါပေမယ့် သွေးကြောတွေထက် ပိုစူးနစ်ခိုင်မာတယ် စွယ်တော်ပင်ပျိုရဲ့ ဆည်းလည်း လေပြည်ညင်းထဲက သမုဒယ ... ။ ။ #လေပြည်ချမ်းချမ်း  5:07 PM/ May 17th/ 2017/ Wed.