ငိုချင်ရင်
ဝရံတာပေါ်တက်တဲ့။
အဲဒီမှာ
ခိုကလေးတွေ၊ ငှက်ကလေးတွေ၊ သစ်ပင်တွေ
အဝေးအိမ်ဆီက မှန်ပြတင်းတွေနဲ့
ခေါင်မိုးတွေပဲ ရှိသတဲ့။
ကောင်းကင်ကြီးကရော
အတင်းမပြောမှာ သေချာလား။
ပြောချင်ရင် ငါ့အလွမ်းတွေသာ ချစ်သူ့ဆီပို့လှည့်ကွာ။
အနောက်ဘက်မှာတော့
တိမ်စိုင်နီထွေး နောက်ဆုံးအလင်း သွေးစို့နေပြီ။
#ဝရံတာပေါ်ကညနေ
#လေပြည်ချမ်းချမ်း
5:57 PM/ March 27th/ 2017/ Monday.
လာလည်သွားတယ်နော်
ReplyDelete