လူ့လောကထဲမှာ နေထိုင်တဲ့လူတစ်ယောက်အနေနဲ့
ကျွန်မလူတွေကို ယုံကြည်ချင်ပါတယ် ။
အကယ်၍နောက်ကျောဓားထိုးခံရရင်တောင်
ကျွန်မလူတွေကို ယုံကြည်ချင်ပါသေးတယ် ။
လူတိုင်းကတော့ အမြဲတမ်းသူတို့နောက်ကျောမှာ
`ဓား´ဖွက်မလာလောက်ဘူးမဟုတ်လား ။
အကယ်၍နောက်ကျောဓားထိုးခံရရင်တောင်
ကျွန်မရဲ့ဖြူစင်တဲ့အရိုးခံယုံကြည်မှုဟာ
သူတို့ဓားသွားပေါ်ကအဆိပ်တွေကို
ချိုမြိန်တဲ့ပျားရည်အဖြစ် (နောက်ဆုံးတစ်နေ့မှာ)
ပြောင်းလဲပစ်နိုင်မယ်လို့ယုံကြည်ပါတယ် ။
ပြောင်းလဲပစ်နိုင်မယ်လို့ယုံကြည်ပါတယ် ။
ကျွန်မ ပျားရည်ကိုကြိုက်ပါတယ်။
သူတို့က အခါပေါင်းများစွာ ဆေးဖက်ဝင်တယ်လေ ။ ။
သူတို့က အခါပေါင်းများစွာ ဆေးဖက်ဝင်တယ်လေ ။ ။
`လေပြည်ချမ်းချမ်း´
Comments
Post a Comment