Skip to main content

ပိုက်​ဆံမကုန်​​သောလက်​​ဆောင်​(၈)မျိုး

🎁🎁
`ပိုက်​ဆံမကုန်​​သောလက်​​ဆောင်​(၈)မျိုး´
🎋🎈🎁🎁🎁🎈🎋

ပေါင်းသင်းဆက်​ဆံ​ရေးအတွက်​ ကိုယ့်​မှာရှိထားသင့်​​သော အရည်​အ​သွေးများဆိုလည်း မမှားပါဘူး​နော်​။

(၁) နား​ထောင်​ခြင်းလက်​​ဆောင်
လွယ်​လွယ်​​လေးပါ။ တစ်​စုံတစ်​​ယောက်​ကို သူ​ပြော​နေတဲ့အ​ကြောင်းအရာအ​ပေါ်မှာ ဘာ​ဝေဖန်​သုံးသပ်​ချက်​မှမ​ပေးဘဲ စိတ်​ပါလက်​ပါနား​ထောင်​ခြင်းသက်​သက်​နဲ့ လက်​​ဆောင်​​ပေးခြင်းပါ။

(၂) ​မေတ္တာတရားလက်​​ဆောင်
ကြင်​နာတဲ့စကား​လေးတစ်​ခွန်း​ပြောလိုက်​တာ၊ သူ့အ​ပေါ်ဂရုတစိုက်​ရှိတဲ့ အပြုအမူမျိုးနဲ့ ကိုယ့်​​မေတ္တာတရား​ကြောင့်​ သူ့ကို ​နွေး​ထွေးသွား​စေခြင်းလက်​​ဆောင်​​လေးပါ။

(၃) ရယ်​​မောခြင်းလက်​​ဆောင်
ကာတွန်း​လေး​တွေ၊ ​ဆောင်းပါး​လေး​တွေ၊ ရယ်​စရာပုံပြင်​​လေး​တွေ မျှ​ဝေ​ပေးပါ။ အဲဒါက မင်းနဲ့အတူ ရယ်​​မောရတာကို နှစ်​သက်​တယ်​ဆိုတဲ့ အဓိပ္ပာယ်​ပါ။

(၄) ရေးထားတဲ့စာလက်​​ဆောင်
ရိုးရိုးက​လေးလည်းဖြစ်​နိုင်​ပါတယ်​။ `ကူညီ​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​´ ဒါမှမဟုတ်​ ကဗျာ​လေးတစ်​ပုဒ်​၊ ကိုယ့်​လက်​​ရေးနဲ့​ရေးထားတဲ့ စာတို​လေးတစ်​​စောင်​ပဲဖြစ်​ဖြစ်​ ဘဝတစ်​သက်​စာ အမှတ်​တရဖြစ်​​စေနိုင်​ပါတယ်​။ သူ့အတွက်​ ဘဝတစ်​ခုလုံးကို​တောင်​ ​ပြောင်းလဲသွား​စေနိုင်​ပါတယ်​။

(၅) ချီးမွမ်းစကားလက်​​ဆောင်
ရိုးရိုးရှင်းရှင်းနဲ့ ရိုးရိုးသားသား​လေးပဲ။ `အနီ​ရောင်​​လေး မင်းနဲ့လိုက်​တယ်​​နော်​´၊ `မင်းအ​ကောင်းဆုံးကို လုပ်​ခဲ့တာပဲ​နော်​´။ အဲဒီလိုမျိုးစကား​လေး​တွေဟာ လူတစ်​​ယောက်​အတွက်​ အဓိပ္ပာယ်​ရှိတဲ့​နေ့တစ်​​နေ့ဖြစ်​​စေပါတယ်​။

(၆) တစ်​ခုခုကိုလုပ်​​ဆောင်​​ပေးခြင်းလက်​​ဆောင်
နေ့တိုင်းသူတပါးအ​ပေါ်ဂရုတစိုက်​နဲ့ ကြင်​နာတဲ့လုပ်​ရပ်​​လေးတစ်​ခု အခွင့်​ကြုံရင်​ ပြုလုပ်​​ပေးပါ။

(၇) ထီးထီး​နေခွင့်​လက်​​ဆောင်
လူတစ်​​ယောက်​ဟာ တခါတရံမှာ တစ်​​ယောက်​တည်း​နေရတာ ပိုနှစ်​ခြိုက်​တဲ့အချိန်​မျိုး ရှိတတ်​ပါတယ်​။ အဲဒီလိုအချိန်​မှာ ဒီလိုလက်​​ဆောင်​မျိုး​လေး​ပေးလိုက်​ပါ။ ကိုယ့်​​ကြောင့်​ သူတပါးအ​နှောင့်​အယှက်​မဖြစ်​​စေဘဲ ကူညီတာမျိုးပါ။

(၈) ချိုသာရွှင်​ပြတဲ့အကျင့်​စရိုက်​လက်​​ဆောင်
တစ်​စုံတစ်​​ယောက်​ကို နူးညံ့ချိုသာတဲ့ စကား​လေးတစ်​ခွန်း​လောက်​​ပြော​ပေးဖို့ပါတဲ့။ `ဟဲလို´ ဆိုတဲ့ ချိုသာတဲ့နှုတ်​ခွန်းဆက်​စကားမျိုး၊ `​ကျေးဇူးပါ´ဆိုတာမျိုး​ ပြော​ပေးခြင်းမျိုးပါ။

Ref: ဆရာမ`လွန်းထားထား´ရဲ့ ၂၀၁၁-ခုနှစ်​၊ ​အောက်​တိုဘာလထုတ်​၊ `ချစ်​မြတ်​နိုးခြင်း​တွေ ဆွဲသီထားတဲ့လည်​တိုင်​ဆီ´ ဝတ္ထု​လေးက​နေ ​ကောက်​နုတ်​တင်​ပြပါသည်​။


°•~💞 သေချာတာက​တော့ ကိုယ့်​​ကြောင့်​သူတပါးကို ​နွေးထွေးချိုမြိန်​​စေတဲ့အခါ တစ်​ချိန်​ချိန်​မှာ​တော့ ကိုယ့်​စိတ်​နဲ့တူ​သောအကျိုး သင့်​အ​ပေါ်​ရောင်​ပြန်​ဟပ်​မှာ အ​သေအချာပါပဲ​နော်💞~•°

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´