အိပ်မက်တွေ ဖူးပွင့်တဲ့မြို့မှာ ...
မနက်ခင်း ပုန်းကွယ်နေခဲ့တယ် ။
နိမိတ်ပုံတွေထဲ လျှောက်...လျှောက်
တခါတလေ...
အဆိပ်ကိုကြောက်ရင် ...
ဘယ်တော့မှ
ဖြေဆေးရှာမတွေ့တော့ဘူး ။
အကြောက်တရားဟာ အမှောင်ထက်ပိုဆိုး။
အနာဂတ်ကို ပုဒ်မချပစ်ဖို့
ခပ်တည်တည်ပဲ ၊
သူ ... ချောင်းမြောင်းနေခဲ့တယ်။
`လေပြည်ချမ်းချမ်း´
Comments
Post a Comment