[ ဘဝနှစ်ခြမ်း ]
💓💓💓💓
မရေရာခြင်းများစွာပေါ်
ရေရာခြင်းတစ်ခုနဲ့ နေ့စွဲတွေတက်ရပ်နေခဲ့တယ်
ကိုယ်တိုင်ပျိုးခဲ့တဲ့ ယုံကြည်မှု
မင်းရင်ဘတ်မြေကန်သင်းထဲ
အခိုင်အမာမှ ကုပ်တွယ်မိပါ့မလား
ကြိုးကမျှင်မျှင်လေး
ဒါပေမယ့် သွေးကြောတွေထက် ပိုစူးနစ်ခိုင်မာတယ်
စွယ်တော်ပင်ပျိုရဲ့ ဆည်းလည်း
လေပြည်ညင်းထဲက သမုဒယ ... ။ ။
#လေပြည်ချမ်းချမ်း
5:07 PM/ May 17th/ 2017/ Wed.
Comments
Post a Comment