Skip to main content

Believe


[ ယုံကြည်မှု ]
🎈🎈🎈🎈

အုတ်တွေနဲ့ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့နေရာကို 'အိမ်' လို့ လူတွေကခေါ်ကြတယ်။

ဘ၀ရဲ့လှပမှုကို သတိမပြုမိဘဲနဲ့ဘဲ ၊ ကိုယ့်ကိုကိုယ်ကယ်တင်ခြင်းမပြုဘဲ ကိုယ့်စိတ်ခံစားမှုတွေ ပိုပြီးဒုက္ခတွင်းထဲရောက်အောင် ကျွန်တော်တို့အများစုက ဖန်တီးမိနေကြတယ်။

အချိန်နဲ့ ရည်မှန်းချက်တွေက  ကိုယ့်အိပ်မက်တွေကို တည်ဆောက်ပေးပါလိမ့်မယ်။

အဲဒီသဘောသဘာဝတရားကို သတိမမူမိဘူးဆိုရင် ကိုယ့်အိပ်မက်တွေပြည့်ဝလာလိမ့်မယ်လို့ ယုံကြည်မှုရလာမှာမဟုတ်ဘူး။

ကိုယ့်စိတ်ဝိညာဉ်ရဲ့စွမ်းပကားကို ယုံကြည်ပါ။

ကိုယ့်စိတ်ရဲ့ကြံ့ကြံ့ခိုင်နိုင်မှုကို ယုံကြည်ပါ။

ကိုယ့်မျက်လုံးတွေရဲ့မြင်ပုံမြင်နည်းကို ယုံကြည်ပါ။

ကိုယ့်စိတ်ရဲ့ ခွန်အားကို ယုံကြည်ပါ။

နေ့တစ်နေ့တိုင်းမှာ ကိုယ့်ရဲ့စစ်မှန်တဲ့စိတ်ဝိညာဉ်ကို ရှာဖွေတွေ့ရှိဖို့ကို လက်ဆောင်အဖြစ် ရရှိထားပါတယ်။

ကိုယ်သည် ကိုယ်ပဲ အလုံးစုံဖြစ်တယ်လို့ လုပ်ဆောင်ပေးမယ့် အရာဝတ္ထုတွေကို ဦးနှောက်ထဲမှာ ဖန်တီးပါ။

အခု ကျွန်တော့်နောက်ကနေလိုက်ရွတ်ကြည့်ပါဦး။
ငါ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ချင်တယ်။
ငါ အသင့်တော်အမှန်ကန်ဆုံးဖြစ်အောင် လုပ်ဆောင်ချင်တယ်။
ငါ တခြားသူတွေကို ကူညီချင်တယ်။
ငါ ကမ္ဘာမြေကြီးကို အကောင်းဆုံးပေးဆပ်ချင်တယ်။
ဒီကမ္ဘာကြီးဟာ ငါရဲ့စိတ်ဝိညာဉ်နဲ့ စိတ်ဓါတ်ကို လိုအပ်တယ်။
ငါဟာ အကြောင်းပြချက်တစ်ခုနဲ့ မွေးဖွားလာခဲ့တယ်။
ဘာကြောင့်လဲဆိုတဲ့ အဲဒီအကြောင်းပြချက်ကို ငါပဲ ကြိုးစားတည်ဆောက်ဖန်တီးမယ်။

ပြီးတော့ အဲဒီမှန်ကန်တဲ့ရည်ရွယ်ချက်ဆီရောက်ဖို့ ဘယ်တော့မှ အညံ့ခံအရှုံးမပေးနဲ့ ။
ဘ၀ဆိုတာ .... အခု အချိန်ခဏလေးပဲ။
အားတင်းပါ ။ ရှင်သန်နေထိုင်ပါ ။ ပြီးတော့ ဘ၀အပေါ်မှာ ယုံကြည်မှုရှိပါ ။

#လေပြည်ချမ်းချမ်း ❤
00:31 PM/ Nov 26th/ 2017/ Sunday.
Ref: https://www.sunnyskyz.com/feel-good-story/2795/Believe


Comments

Popular posts from this blog

`ကယ်​တင်​ခြင်းနီတိ´(`သံသယအကျဉ်း​ထောင်မှ )

လူ့​လောကထဲမှာ နေထိုင်​တဲ့လူတစ်​​ယောက်​အ​နေနဲ့ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါတယ်​ ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါ​သေးတယ်​ ။ လူတိုင်းက​တော့ အမြဲတမ်းသူတို့​နောက်​​ကျောမှာ  `ဓား´ဖွက်​မလာ​လောက်​ဘူးမဟုတ်​လား ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မရဲ့ဖြူစင်​တဲ့အရိုးခံယုံကြည်​မှုဟာ သူတို့ဓားသွား​ပေါ်ကအဆိပ်​​တွေကို  ချိုမြိန်​တဲ့ပျားရည်​အဖြစ် (​နောက်​ဆုံးတစ်​​နေ့မှာ) ​ပြောင်းလဲပစ်​နိုင်​မယ်​လို့ယုံကြည်​ပါတယ်​ ။ ကျွန်မ ပျားရည်ကိုကြိုက်​ပါတယ်။ သူတို့က အခါ​ပေါင်းများစွာ ​ဆေးဖက်​ဝင်​တယ်​​လေ ။   ။ `​လေပြည်​ချမ်းချမ်း´

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

*" မေမေ "*

*" မေမေ "* ၂၃ ၁/၂ ` တိမ်းစောင်းလည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ ... တည်မြဲတဲ့ ပြောင်းလဲခြင်းတရား .. ဘယ်တော့မှ မတိမ်းစောင်းဘူး ... ဆိုပေမယ့်လည်း ........... ဘ၀ဇာတ်ကြောင်း ... မှာ ကျေကျေနပ်နပ် ဇာတ်ပို့ပြီး "ဇာတ်ဆောင်"ရတဲ့ အကယ်ဒမီဆုအတွက် ၀မ်းသာပြုံးနဲ့ ...ပီတိမျက်ရည် ဖုံးတတ်တဲ့သူ ... ။ ရာဇ၀င်အဆက်ဆက် ..မှာ ပန်းပျိုးတဲ့ လက်ဖ၀ါး အစုံ ၊ စူးနစ်အနက်ရှိုင်းဆုံး ပေးဆပ်မှုတစ်ဖုံ နဲ့ .. မြေလွှာထဲမှာ အမြဲမှောင်နေရတဲ့ .. ရေသောက်မြစ် ..တစ်ခုပါ ၊ ပြီးတော့ ... ဆည်တဲ့ ကန်သင်းလည်း ဖြစ်ပြန်တယ် ။ ကြယ်ကလေးတွေရဲ့ အုပ်ထိန်းသူ ဖြစ်တဲ့ .. ပုခက်လွှဲတဲ့လက်အစုံဟာ .. ကမ္ဘာကို အုပ်စိုးဖို့ .. ကြီးမြတ်တယ် .. ဆိုတာ ဘယ်သူ ပြောင်းလဲပစ်နိုင်ဦးမလဲ ။ ။ 20 December 201   “ လေပြည်ချမ်းချမ်း ”