ထောင့်မကျိုးတဲ့ကောင်မှာလည်း
ခေါက်ရိုးကျိုးအနာတွေ ရှိမယ်
လူ့ဘ၀ဟာ တိုတိုလေး
ခံစားချက်တွေအတွက်
အရှည်ကြီးဆွဲဆန့်အချိန်မပေးချင်တော့ဘူး
မနာကျင်ဘူးလား ....
နာကျင်ခြင်းဟာ ခုနစ်ရာ့နှစ်ဆယ်ဒီဂရီ
အပြစ်ကင်းတဲ့ ချစ်ခြင်းတစ်ခုလုံးစာ
ဒီရင်ဘတ်ထဲမှာ
ခပ်နက်နက်အနာတစ်ခု ရှိတယ် ။
လေပြည်ချမ်းချမ်း
8:38 PM/ Oct 7th / 2017/ Sun.
Comments
Post a Comment