Skip to main content

Posts

Showing posts from August, 2018

LIfe Is Simple - 4

🎈 • [ Life Is Simple - 4 ] • 🎈 ❤❤❤❤❤❤❤❤❤❤❤ 'စွန့်လွှတ်မှု'ဟာ 'ပိုင်ဆိုင်မှု' 'စောင့်မျှော်မှု'ဆိုတာ 'သံယောဇဉ်' 'မျက်နှာဖုံးမပါတဲ့ ဂုဏ်သိက္ခာ'ဟာ 'တန်ဖိုး' .... ကဲ.... ဘဝဟာ ဘယ်လောက်ရိုးရှင်းလိုက်လဲ ။ 'အချစ်' နဲ့ 'ဘဝ'မှာ ငါဟာ သိပ်ကို တန်ဖိုးရှိပြီး ဂုဏ်သိက္ခာရှိချင်တယ် ။ #လေပြည်ချမ်းချမ်း ❤ ( ✿◠‿◠ ) 6:18 PM/ Aug 20th/ 2018/ Monday.

Attitude - 4

• [ Attitude - 4 ] • 💝 💝 👑 💝 💝 📎 In order to be irreplaceable, you must always be different. 📎 အစားလဲလှယ်မရနိုင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ သင်ဟာ သာမန်လူတွေနဲ့ အမြဲကွဲပြားခြားနားနေရမယ် ။ #လေပြည်ချမ်းချမ်း ❤

Talking With The Stars

     🎈 • [ ကြယ်ငေးသူ - ၂ ] •             

Inspired Poems

• [ Poem Time ] • ယဉ်ကျေးခြင်းသည် တစ်ဦးအိတ်ထဲမှ ပိုက်ဆံ တစ်ဦးထံသို့ ညင်သာစွာ ရောက်ရှိလာရန်လိုသည် ။ ပန်းတွေ ရေမွှေးပုလင်းထဲ ရောက်ရှိ သစ်သီးများ ဝိုင်ပုလင်းထဲ ရောက်ရှိ ကျွန်းပင်များ ဧည့်ခန်းဆောင်ထဲ ရောက်ရှိ အဏုမြူများ နျူကလီးယားဗုံးထဲ ရောက်ရှိ ဘယ်လောက် သိမ်မွေ့လိုက်သလဲ ။ ခေတ်လူသားသည် ရေလောင်းအိမ်သာပေါ်မှာ အညစ်အကြေးတွေ မမြင်ရအောင် ထိုင်နေသလိုလေ ကျွန်တော်တို့ နေထိုင်ခဲ့ပြီ ။ ။ #သုခမိန်လှိုင်

The Goalkeepers

• [ ဂိုးဖမ်းသမားများ ] • 💭 💭 💭 💭 💭 💭 💭 ရွှီ …. ဒိုင်လူကြီး၏ ခရာမှုတ်သံနှင့်အတူ ပွဲက စတင်လာခဲ့ပါပြီ ။ ပွဲမစခင်က မာန်တကြွကြွ ခြေတဆဆ၊ ပွဲစဉ်အတွင်းမှာ တွန်းလိုက်ထိုးလိုက် ၊ ပွဲစဉ်အလယ်မှာ မောပန်းပေမယ့် ခြေကုန်သုတ်ရ ၊ ပွဲအပြီးမှာတော့ အနိုင်-အရှုံးဆိုတာ ကွဲပြားလာသည်မှာ ဘောလုံး၏ အဓိပ္ပါယ်တစ်ရပ်ပင်။ ရုရှားမှ ကမ္ဘာ့ဖလားဖြင့် တစ်ကမ္ဘာလုံးကို တံခါးခေါက်ချိန် …. ။ သည်အချိန်မှာတော့ တစ်ကမ္ဘာလုံးသည် နိုင်ငံရေးအမြင်ဝါဒအယူအဆတွေ ၊ လူ့အခွင့်အရေးယဉ်ကျေးမှုချိန်ခွင်တွေ ပစ်ချထားခဲ့ကာ ‘ဘောလုံး’ ဆိုသည့် ဦးတည်ချက်တစ်ခုဆီ မြစ်တစ်စင်းလို တူညီစွာ စီးဆင်းသွားကြပြီ ။ ဇွန်လ၏ အစပထမနေ့စွဲများသည် ကင်မ် နှင့် ထရမ့် တို့၏ အပြုံးတွေအောက် နူးညံ့စွာ အိပ်စက်ပျော်ခဲ့ပြီး နောက်နှစ်ရက်အကြာမှာတော့ ဒိုင်လူကြီးတို့၏ ၀ီစီခရာသံအောက်တွင် ပျော်မြူးစွာ နိုးထခဲ့ကြပါပြီ ။ နေမာတို့ ကော်တင်ညိုတို့ရဲ့ ဘရာဇီးလ်လား ။ ရိုနယ်ဒိုရဲ့ ပေါ်တူဂီလား ။ အဂွယ်ရိုတို့ မက်ဆီတို့ရဲ့ အာဂျင်တီးနားလား ။ လူကာကူ၊ ဒီဘရွန်း၊ ဟက်ဇ်ဇတို့ရဲ့ ဘယ်လ်ဂျီယမ်လား ။ ပေါ့ဂ်ဘာတို့၊ ဒမ်ဘယ်လီတို့ရဲ့ ပြင်သစ်လား ။ Defending Champion ကလို့စ်တို့ အိုဇေးတိ...

About Communication - 2

🎈 • [ About Communication -2 ] • 🎈 🌈 🌈 🌈 🌈 🌈 🌈 🌈 🌈 🌈 🌈 🌈 🌈 🌈 🌈 လူတစ်ယောက်ရဲ့Character အစစ်အမှန်ကို တွေ့ချင်ရင် သူနဲ့ မိတ်ဆွေဖြစ်နေတဲ့အချိန်မှာ မကြည့်နဲ့။ သူနဲ့ ရန်သူဖြစ်သွားတဲ့အချိန်မှ ကြည့်ပါ။ လူကောင်းနဲ့ရန်သူ ဖြစ်ရရင်တောင် အဲဒီလူမိုက်ဟာ အသိဥာဏ်၊ အသိမှန် တိုးတက်ပါတယ်။ လူကောင်းမှာ ဘယ်တော့မှ မယုတ်မာတတ်ဘူး။ လောကကြီးမှာ ကိုယ်နဲ့မတည့်ရင် မတည့်သလို ကလိတိတိ ရိတိတိနဲ့ ဗြောင်မဟုတ်ဘဲ ကောက်ကျစ် ယုတ်မာခြေထိုးတတ်တဲ့ သတ္တိကြောင်လူတန်းစားတွေ ပေါပါတယ် ။ အချိုပေါ်သကာအုပ်.... လိုချင်တာအတွက် ပြုံးဖြဲပြနေပေမယ့် လိုချင်တာမရတဲ့အခါ မြေခွေးလိုအပြုံးတွေ ဖြစ်သွားတတ်ကြတယ်။ လောကကြီးမှာ ဘယ်သူ့ကိုမှ လှေကားထစ်လို ခုတုံးလုပ် နင်းတက်ဖို့ မကြိုးစားပါနဲ့ ။ တချို့လှေကားတွေက နင်းမတက်နိုင်အောင် မတ်စောက်ပါတယ်။ စိတ်ထားမမှန်တဲ့သူ နင်းရင် .... နင်းတဲ့လူပဲ စိတ်အနာတရနဲ့ လျှောကျနိမ့်ဆင်းသွားပါလိမ့် မယ်။ #လေပြည်ချမ်းချမ်း ❤

Optimist & Realist

• [ Attitude-3 ] • ❤ ❤ ❤ ❤ ❤ ❤ 'အကောင်းမြင်ဖို့ထက် အမှန်မြင်ဖို့လိုတယ်' တဲ့။ အကောင်းမြင်တာက ဘဝကို နေသာစေတယ်။ ဒါပေမယ့် အမှန်ကိုမြင်ရင်တော့ ဘဝကို ပိုပြီးသတ္တိရှိလာစေတယ် ။ 👍 #လေပြည်ချမ်းချမ်း ❤