• [ Poem Time ] •
ယဉ်ကျေးခြင်းသည်
တစ်ဦးအိတ်ထဲမှ ပိုက်ဆံ
တစ်ဦးထံသို့
ညင်သာစွာ ရောက်ရှိလာရန်လိုသည် ။
ပန်းတွေ
ရေမွှေးပုလင်းထဲ ရောက်ရှိ
သစ်သီးများ
ဝိုင်ပုလင်းထဲ ရောက်ရှိ
ကျွန်းပင်များ
ဧည့်ခန်းဆောင်ထဲ ရောက်ရှိ
အဏုမြူများ
နျူကလီးယားဗုံးထဲ ရောက်ရှိ
ဘယ်လောက် သိမ်မွေ့လိုက်သလဲ ။
ခေတ်လူသားသည်
ရေလောင်းအိမ်သာပေါ်မှာ
အညစ်အကြေးတွေ မမြင်ရအောင် ထိုင်နေသလိုလေ
ကျွန်တော်တို့ နေထိုင်ခဲ့ပြီ ။ ။
#သုခမိန်လှိုင်
ယဉ်ကျေးခြင်းသည်
တစ်ဦးအိတ်ထဲမှ ပိုက်ဆံ
တစ်ဦးထံသို့
ညင်သာစွာ ရောက်ရှိလာရန်လိုသည် ။
ပန်းတွေ
ရေမွှေးပုလင်းထဲ ရောက်ရှိ
သစ်သီးများ
ဝိုင်ပုလင်းထဲ ရောက်ရှိ
ကျွန်းပင်များ
ဧည့်ခန်းဆောင်ထဲ ရောက်ရှိ
အဏုမြူများ
နျူကလီးယားဗုံးထဲ ရောက်ရှိ
ဘယ်လောက် သိမ်မွေ့လိုက်သလဲ ။
ခေတ်လူသားသည်
ရေလောင်းအိမ်သာပေါ်မှာ
အညစ်အကြေးတွေ မမြင်ရအောင် ထိုင်နေသလိုလေ
ကျွန်တော်တို့ နေထိုင်ခဲ့ပြီ ။ ။
#သုခမိန်လှိုင်
Comments
Post a Comment