Skip to main content

Posts

Showing posts from October, 2018

Encouragement

[ အားပေးစကားလေးများ ] [၁] ပင် ​ လယ် ​ ကို ကူးဖြတ်နေတဲ့လူတစ် ​​ ယောက် ​ ရယ် ​ ။ ကမ်း ​ ပေါ်ကရပ် ​ ကြည့် ​ နေတဲ့လူနှစ် ​​ ယောက် ​ ရယ် ​ ။ မိုးချုပ်လုညနေမှောင်ရီရီကို ကိုယ် ​​ ယောင် ​ ပြ ​ ပေး ​ နေတဲ့ကြယ် ​ က ​ လေး ​ တွေရယ် ​ ... ရှိတယ် ​ ။ [၂] ‘ပင် ​ လယ် ​ ကို   ​ ကူးဖြတ်တဲ့သူ’ က ကူးနေရင်းတွေးမိတယ်။ ‘အို ... ဒုက္ခပဲ။ ငါ ​ တော့ ငါ ရည် ​ ရွယ် ​ တဲ့ ​ ကမ်းတစ် ​ ဖက် ​ ကို ​ ရောက် ​ ပါ့မလား။ ရေစီးကလည်းကြမ်း၊ မုန်တိုင်းကလည်းထန်​။ ညကလည်း ​ မှောင် ​ လို့ ။ အ ​ ဖော် ​ မွန် ​ ဆိုလို့ လှိုင်းက ​ လေး ​ တွေပဲရှိတယ် ​ ။ သူတို့ကလည်း စိတ် ​ မထင် ​ ရင် ​ မထင် ​ သလို ငါ့ကို လက် ​ ကြမ်းကြီးနဲ့ ​ ရေ ​ အောက် ​ အနက် ​ ကြီးဆီ ဖိနှိပ် ​ ဆွဲချတတ် ​​ သေးရဲ့။ ငါ့မှာ မောရင်နားဖို့ လက်ဖြစ်ဖောင်ကလေးတောင် မရှိပါလား’ လမ်းခရီးမှာ သူစိတ် ​ ပင် ​ ပန်းစွာ ငိုညည်းမိတယ် ​ ။ [၃] ကမ်း ​ ပေါ်မှာ လူနှစ်ယောက်ရှိတယ်။ သူတို့က ပင်လယ်ဖြတ်ကူးတဲ့သူကို   အမှတ်မထင်တွေ့လိုက်မိကြတယ်။ ​‘ ဟော…ဟိုမှာ လူတစ် ​​ ယောက် ​ မဟုတ်လား။’   ပထမလူက ဆိုတယ်။ ...