[ အောက်တိုဘာ ]
ဘ၀မှာ ရာသီတွေရှိသလို
လူတစ်ယောက်ချင်းဆီမှာလည်း သူ့ရဲ့ခေတ်၊
သူ့ရဲ့အကောင်းဆုံးအချိန်ဆိုတာ ရှိတယ်။
စောင့်ဆိုင်းတတ်ဖို့သာ လိုပါတယ်။
မိုးနှောင်းကုန်ရင် ပိုလတ်ဆတ် ပိုရှင်းသန့်
ပိုချိုမြ ပိုအေးချမ်းတဲ့
ဆောင်းဦးကို
ရောက်လာလိမ့်ဦးမယ်။
အောက်တိုဘာဟာ သင့်ကို ပြုံးကြည့်လို့ ။
သူ့လက်ကို တွဲလိုက်စို့။
လာလေ .... တူတူလျှောက်ရအောင် ။
" လေပြည်ချမ်းချမ်း "
Comments
Post a Comment