Skip to main content

General U Aung San



'အောင်ဆန်း (သို့မဟုတ်) အရိုင်း' တဲ့ ။ 
ဆရာ ဒဂုန်တာရာက ဆောင်းပါးတစ်ခု ရေးခဲ့ဖူးပါတယ်။ 
ဗိုလ်ချုပ်အောင်ဆန်းဟာ ဘယ်တော့မှ ရေပေါ်ဆီတွေလို ဟန်ဆောင်ပန်ဆောင်မလုပ်တတ်တာကို ဆရာဒဂုန်တာရာက တည့်တည့်ရေးလိုက်တာပါ ။

ဗိုလ်ချုပ်ရဲ့ ရိုင်းပုံရိုင်းနည်းဟာ တကယ့်ကို ချစ်ခင်နှစ်လိုဖွယ်ရာ ။ တစ်ချိန်တုန်းက ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်ကာနယ်တစ်ယောက်နဲ့ မိတ္ထီလာရုံးချုပ်မှာ သွားတွေ့ရတယ်။ တွေ့တော့ ဗိုလ်ချုပ်ကို အင်္ဂလိပ်အရာရှိက ပြောတယ်။ ကျွန်တော်တို့က လွတ်လပ်ရေးဆွေးနွေးမယ်ပြောပြီး လာတွေ့ခိုင်းတယ်။ ခင်ဗျားကို ပြန်မလွှတ်ဘဲ ဖမ်းထားလိုက်ရင်ရောဆိုတဲ့ သဘောမျိုး မေးတယ်။ အဲဒီအခါ ဗိုလ်ချုပ်က ဆတ်ခနဲထ၊ အင်္ဂလိပ်အရာရှိအိတ်ကပ်ထဲက ဘောလ်ပင်ကို ဆတ်ခနဲ ဆွဲယူပြီး ခင်ဗျားတို့မပေးရင် ကျွန်တော်က တရားမျှတမှုကို ဒီလိုယူရလိမ့်မယ်လို့ မကြောက်မရွံ့ဖော်ပြလိုက်တယ်။
ပြီးတော့ တခါတုန်းက ရှမ်းပြည်က အဘိုးကြီးတစ်ယောက်က ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကို ရောက်လာပြီး ဗိုလ်ချုပ်နဲ့ တွေ့ချင်တယ်လို့ ဆိုတယ်။ 
ဘာကိစ္စရှိလို့လဲဆိုတော့ ဗိုလ်ချုပ်ကို လေးစားလို့ ရွှေချောင်းတွေ ပေးချင်လို့ပါ တဲ့ ။ 
ဗိုလ်ချုပ်ကို သွားပြောတော့ ဟာ....ကျွန်တော် မတွေ့ဘူး။ လက်မခံနိုင်ဘူး ။ ဘယ်သူဖြစ်ဖြစ် ပြန်လွှတ်လိုက်လို့ ငြင်းတယ် ။

အဲဒီမှာ ဗိုလ်ချုပ်ကို သခင်တစ်ယောက်က အကြံပေးတယ်။ ဟိုက လေးစားရှာလွန်းလို့ ဗိုလ်ချုပ်ကို ကိုယ်တိုင်လာပေးတာ ထွက်တောင်မတွေ့ဘဲ ငြင်းရင် ဗိုလ်ချုပ်ရိုင်းရာကျမယ်။ သူတို့ကလည်း ဗိုလ်ချုပ်ကို အထင်လွဲမယ်။ ဗိုလ်ချုပ်က ထွက်တွေ့လိုက်ပါ ပြီးတော့ ဗိုလ်ချုပ်လက်မခံလည်း ရှေ့ဆက်ရမယ့် လွတ်လပ်ရေးကြိုးပမ်းမှုအတွက် လိုအပ်လာနိုင်တာဖြစ်လို့ အဖွဲ့ချုပ်ကို လှူတဲ့အလှူအဖြစ် ဗိုလ်ချုပ်က ထွက်တွေ့ပြီး လက်ခံလိုက်ပါလို့ အကြံပေးတယ်။
အဲဒီတော့မှ ဗိုလ်ချုပ်က ပြုံးပြုံးရွှင်ရွှင်ထွက်တွေ့ပြီး 
'ဦးကြီး.... ကျွန်တော့်ဆီ ဒီလိုလာတွေ့တာ ဝမ်းသာပါတယ်။ ရွှေချောင်းတွေ ကျွန်တော့်အတွက် လက်မခံပါရစေနဲ့။ အဖွဲ့ချုပ်အတွက် လှူမယ်ဆိုရင် ကျွန်တော် ဝမ်းသာအားရလက်ခံပါမယ်' လို့ ယဉ်ယဉ်ကျေးကျေး ဆိုတယ် ။ 
အဲဒီတော့မှ ရှမ်းအဘိုးကြီးလည်း ဝမ်းသာအားရ မျက်ရည်လည်ပြီး ဗိုလ်ချုပ်ကို ကန်တော့ ၊ ရွှေချောင်းတွေထားခဲ့ပြီး ပြန်သွားပါတယ်။

အဲဒီလို မဟုတ်မခံ ၊ 
အမှန်တရားကို အထိခိုက်မခံ ရိုင်းတတ်တဲ့ ဗိုလ်ချုပ်၊
လွတ်လပ်ရေးအတွက်သာ အချိန်ပြည့် ခေါင်းထဲရှိပြီး မှန်ကန်ဖြောင့်မတ်ငွေမမက်တဲ့ ဗိုလ်ချုပ် ၊
လွတ်လပ်ရေးရပြီးရင် အေးအေးချမ်းချမ်း စာရေးဆရာဘဝနဲ့ပဲ အရိုးထုတ်ချင်ပါတယ်ဆိုတဲ့ ဗိုလ်ချုပ် ။

လွတ်လပ်ရေးရပြီး ဒီအတိုင်းသာ စည်းပျက်ကမ်းပျက် ဆက်သွားရင် ခင်ဗျားတို့လက်ထဲ ဒီနိုင်ငံဟာ ဖာနိုင်ငံ ဖြစ်သွားမယ်လို့ ကရုဏာဒေါသောနဲ့ အများညီရင် အမှားကိုတောင် အမှန်လုပ်ချင်တဲ့ ၊ ဤ ကို ကျွဲလို့ ဖတ်ချင်တဲ့ အကျင့်ပျက် စည်းပျက်ကမ်းပျက် ပြည်သူပြည်သားတွေကို ကရုဏာဒေါသောနဲ့ ခပ်ပြတ်ပြတ် ကြိမ်းမောင်းခဲ့တဲ့ ဗိုလ်ချုပ်ရယ်ပါ ။
အခုထိလည်း အကျင့်ပျက်ပြည်သူပြည်သားတွေကို နိုင်နိုင်နင်းနင်း မချုပ်ကိုင်မတည့်မတ် မဆုံးမနိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ၊ ရဲစခန်းဋ္ဌာနတွေ၊ လာဘ်စားတဲ့ တရားသူကြီးတွေ ၊ ငွေပေါ်လိုက်ပြီး ဥပဒေခြွင်းချက်တွေရှိတဲ့ တိုင်းပြည်မှာ ကျွန်မတို့ နေထိုင်ကြရဆဲပါ ။
ဒီနေ့လို ဗိုလ်ချုပ်မွေးနေ့မှာ ဒဂုန်တာရာက အရိုင်းရယ်လို့ ချီးမွမ်းဂုဏ်တပ်ခဲ့တဲ့ ဗိုလ်ချုပ်ကို ကျွန်မတို့ လွမ်းဆွတ်ပါတယ်။
ဗိုလ်ချုပ်ရိုင်းသလိုသာ မဟုတ်မခံ ဘက်မှာ ရိုင်းတတ်ခဲ့ကြရင် ကျွန်မတို့နိုင်ငံသားတွေ စည်းနဲ့ ကမ်းနဲ့ သူတပါးကို မထိခိုက်စေရဘဲ ကိုယ့်အမှားရှိရင် တောင်းပန် ပြုပြင်ပြီး အကျင့်သိက္ခာ ပိုမိုကောင်းမွန်တဲ့လူသားတွေ ဖြစ်လာမှာပါ။
ကိုယ့်အမှားအပေါ် ဖုံးကွယ်ချင်ဇောနဲ့ ထပ်ခါထပ်ခါ ပိုလို့ မယုတ်မာကြဘဲ နိုင်ငံကြီးသားစိတ်ဓာတ်နဲ့ ကျင့်ကြံ
နေထိုင်သင့်ကြပြီ မဟုတ်ပါလား ။

ဗိုလ်ချုပ်လို လူမျိုး နှစ်တစ်ရာမှာ တစ်ယောက်ပေါ်ထွက်ခဲတယ်လို့ အင်္ဂလိပ်စာရေးဆရာ ကိုယ်တိုင်က ဗမာပြည်အေ
ကြာင်း သူ့စာအုပ်မှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

အခု ဗိုလ်ချုပ်အသက် ၁၀၄ နှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးသက်တမ်း ၇၁ နှစ်၊ အန်တီဒေါ်အောင်ဆန်းစုကြည်အသက် ၇ဝ ကျော်ပါပြီ ။
မြန်မာပြည်ကြီးမှာ အားမနာစတမ်းဝေဖန်သုံးသပ်ရရင် ဗိုလ်ချုပ်ခြေရာနင်းမယ့် ၊ ဒေါ်အောင်ဆန်းစုကြည်ခြေရာနင်းမယ့် အတွေးအခေါ်မှန်ကန်တဲ့ ၊ အကျင့်အကြံ မှန်ကန်တဲ့ နိုင်ငံသားတွေ ရှိတော့ရှိတယ်။ ရှားပါးလွန်းနေတာ အမှန်တရား တစ်ခုပါပဲ ။
ဗိုလ်ချုပ်ကို ချစ်ခင်လေးစားကြတဲ့အခါ၊ 
ဗိုလ်ချုပ်အတွေးအခေါ်၊ အကျင့်အကြံအတိုင်း လိုက်နာကျင့်ကြံခြင်းဖြင့် ဗိုလ်ချုပ်ကို ချစ်မြတ်နိုးနိုင်ကြပါစေ ။

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´