`ချစ်လှစွာသော သစ်ရွက်လေးရေ ...´ နှင်းမှုန်တွေ မင်းကျောပေါ်မှာ သိပ်သိပ်သည်းသည်း ဖုံးနေတုန်း လား။ ခိုက်ခိုက်တုန်နေမှာပေါ့နော်။ မနက်ခင်းဆို ငါတို့စောင်ခြုံထဲ ကွေးနေတုန်း မင်းကတော့ စောစောထအစာချက်ပြီး သစ်ပင်ထိပ်ဖျားကနေ နေရောင်ခြည်ကိုမျှော်နေတတ်ပြီ။ နေခြည်ဖြာကျလာတော့ ဟော ...မင်းနွေးထွေးသွားပြီ။ နေ့လည်ကျတော့လည်း ဆောင်းလေညင်းက မြောက်ဘက်ကနေ တဖြူးဖြူးလွင့်ခတ်လာတာမို့ နေရောင်ထဲလည်း `ဆောင်း´က မင်းကို လတ်ဆတ်စေတုန်းပါပဲ။ မင်း ခဏခဏညည်းနေတတ်တဲ့ `ညနေခင်းက တိုလိုက်တာ၊ ဆည်းဆာက ခဏလေးပဲ´ ဆိုတာ ဟုတ်သားပဲ။ ဒီညနေတော့ ဒီညနေခင်းကို သတိတရ စိတ်လိုလက်ရ ငါငေးဖြစ်တယ်။ သစ်ရွက်လေးရေ ... မင်းသိရဲ့လား။ ငါတို့ လက်ထဲမှာ ဆုပ်ကိုင်မထားနိုင်ဘဲ သိပ်မကြာတော့တဲ့ အချိန်ကလေးအတွင်းမှာ ဆုံးရှုံးရတော့မယ်ဆိုတာ သိနေရတဲ့အရာတွေဟာ အလှဆုံး၊ ငါ့တို့စိတ်ကို အကိုင်လှုပ်နိုင်ဆုံးပဲ။ ဆည်းဆာလည်း ဒီလိုပဲပေါ့။ ညဆီရောက်သွားတဲ့အခါ ကောင်းကင်အမိုးခုံးပေါ် ပြန့်ကျဲနေတဲ့ကြယ်တွေနဲ့ အပြာရောင်လဝန်းက ငြိမ်းအေးသာယာမှုကိုညှို့ငင...
" Let's Write ... Let's Read " လေပြည်ချမ်းချမ်း ကဗျာများ နှင့် ရသ ထောင့်ချိုး