Skip to main content

` ဒီ​နေ့မှာ ´ [What You Can Do Today]



ရှည်​လျားလှတဲ့ လမ်းမကြီးတစ်​ခု​ပေါ်မှာ​ပေါ့။

ရေကုမ္ပဏီတစ်​ခုဟာ ယိုစိမ့်​နေတဲ့ ​ရေပိုက်​လိုင်းဆ်ီ​ရောက်​ဖို့ လမ်း​ဘေးစင်္ကြန်​ကိုဖြတ်​ပြီး ကျင်းတူး​နေတဲ့အတွက်​ လမ်းမကြီး​​ပေါ်ကကား​တွေ ​ရှေ့ဆက်​မသွားနိုင်​ဘဲ ပိတ်​မိ​နေကြပါတယ်​။

ကျွန်​​တော်​တို့ကားဟာ သုံးစ်ီး​မြောက်​မှာ ရပ်​တန့်​လျက်​ပေါ့။

စောင့်​ဆိုင်း​နေစဉ်​မှာ ဟိုဟိုဒီဒီပတ်​ဝန်းကျင်​ကို ​လျှောက်​ကြည့်​​နေမိတယ်​။

အဲဒီမှာ မိန်းမ​တစ်​​ယောက်​ အိမ်​အိုကြီးတစ်​လုံးထဲကို အလျင်​အမြန်​ဝင်​သွားတာကို ​တွေ့လိုက်​ရတယ်​။ သူမမျက်​နှာမှာ စိတ်​ဖိစီးမှု​တွေ၊ စိုးရိမ်​​ကြောင့်​ကြမှု​တွေနဲ့ အ​ခြေအ​နေဆိုးဝါးမှု​တွေ အထင်းသား​ပေါ်လွင်​​နေတယ်​။ သူမမျက်​လုံး​တွေဟာ အချိန်​အကြာကြီး ငိုထားခဲ့ပုံ​ပေါ်ပါတယ်​။

သူမလက်​ထဲမှာချီထားတဲ့ သုံးနှစ်​အရွယ်​​လောက်​ရှိမယ့်​ က​လေးမ​လေး​ဟာ သူ့အ​မေရဲ့လည်​ပင်းကို ခပ်​တင်းတင်းဖက်​ထားလို့။ မျက်​နှာမှာလည်း မိခင်​ဖြစ်​သူရဲ့ စိုးရိမ်​​ကြောင့်​ကျမှု​တွေ ကူးစက်​ထင်​ဟပ်​လို့။

ဆယ်​မိနစ်​​လောက်​ကြာပြီး​နောက်​ အ​မေနဲ့သမီးနှစ်​​ယောက်​သား အဲဒီအိမ်​က​လေးထဲက ပြန်​ထွက်​လာတယ်​။ ဝင်​သွားတုန်းကနဲ့မတူဘဲ အ​မေရဲ့မျက်​နှာဟာ ဝင်းပ​နေတယ်​။ အပြုံးဟာ ကြီးမားဝင်းလက်​​တောက်​ပပြီး မျက်​လုံး​တွေကလည်း  ဒီလိုပဲ။ သမီးငယ်​​လေးဟာလည်း ခုန်​​ပေါက်​ရယ်​​မောရင်း အ​မေနဲ့အတူတူ လိုက်​ပါလာတယ်​။

ထူးခြားတာတစ်​ခုက​  ...

အ​မေ့လက်​ထဲမှာ ကိုင်​ဆွဲလာတဲ့  အစားအစာအိတ်​ အကြီးကြီးပါပဲ။

လက်​စသတ်​​တော့ အဲဒီအိမ်​အို​ဟောင်းက​လေးဟာ ​ဒေသန္တရ​ထောက်​ပံ့​ရေး​နေရာတစ်​ခုရဲ့ စား​သောက်​ကုန်​သို​လှောင်​ခန်းက​လေးပါလား။

အဲဒီ​နေ့ကစပြီး ကျွန်​​တော်​ဟာ အဲဒီစား​သောက်​ကုန်​သို​လှောင်​ခန်းက​လေးထဲ အစားအစာ​တွေပြည့်​ဖို့ တတ်​နိုင်​သ​လောက်​ ပါဝင်​လှူဒါန်းဖြစ်​ခဲ့ပါတယ်​။ အခုထိ နှစ်​ခါ​လောက်​ပါဝင်​လှူဒါန်းဖြစ်​ခဲ့ပါပြီ။  ကျွန်​​တော်​ဟာ ဘုရားသခင်​ကိုကူညီပြီး မွန်​မြတ်​တဲ့အံ့သြဆန်းကြယ်​မှုတစ်​ခုကို ဆက်​လက်​ထိန်းသိမ်း​ပေး​နေရသလို စိတ်​ချမ်း​မြေ့​နေတယ်​။ ကျွန်​​တော့်​ရဲ့​မေတ္တာ​တွေကို တတ်​နိုင်​​လောက်​မျှ​ဝေေ​ပးပြီး သူတစ်​ပါး​ရဲ့ပျော်​ရွှင်​ချမ်း​မြေ့မှုကို ​ငေးကြည့်​​နေရတာ  သိပ်​ကို​ ပီတိဖြစ်​စရာ​ကောင်းပါတယ်​။

ဒီ​နေ့ ​နေ​ပျော်​ချမ်း​မြေ့တဲ့ကမ္ဘာကြီးဖြစ်​လာဖို့ သင်​တတ်​နိုင်တဲ့အရာ ဘာကိုများ လုပ်​​ပေးဖြစ်​ခဲ့ပြီလဲ။

ဒီ​နေ့မှာ ...
ဆာ​လောင်​မွတ်​သိပ်​​နေတဲ့ က​လေးငယ်​တစ်​​ယောက်​ရဲ့ ဝမ်းဗိုက်​ကို ဖြည့်​​ပေးနိုင်​ပါတယ်​။

ဒီ​နေ့မှာ ...
ခက်​ခဲပင်​ပန်းဒုက္ခ​ရောက်​​နေတဲ့ မိသားစုတစ်​စုကို ​မျှော်​လင့်​ချက်​​လေးတစ်​ခု​လောက်​ ​ပေးနိုင်​ပါတယ်​။

ဒီ​နေ့မှာ ...
တစ်​စုံတစ်​ဦးရဲ့ ဝမ်းနည်းမှု​တွေကို သင့်​ရဲ့အပြုံး​တွေ၊ ကြင်​နာမှု​တွေနဲ့ ​ဖြေသိမ့်​​ပေးနိုင်​ပါတယ်​။

ဒီ​နေ့မှာ ...
သင့်​ရဲ့ပျော်​ရွှင်​မှု​တွေကို တခြားသူ​တွေဆီကို ကူးစက်​ဖြန့်​ကျက်​​အောင်​ သင်​လုပ်​​ဆောင်​​နိုင်​ပါတယ်​။

ဒီ​နေ့မှာ ...
သင့်​ရဲ့ဂရုစိုက်​တတ်​တဲ့ စိတ်​ဝိညာဉ်​နဲ့ ​သေးငယ်​တဲ့ အံ့သြထူးဆန်းဖွယ်​ရာ အခိုက်​အတန့်​​လေးများကို ဖန်​တီးနိုင်​ပါတယ်​။

ဒီ​နေ့မှာ ...
အဆုံးမရှိတဲ့ သင့်​ရဲ့​မေတ္တာလှိုင်းဂယက်​​လေး​တွေနဲ့  ကမ္ဘာ​မြေကို တတ်​နိုင်​သမျှ ​ထွေး​ပွေ့နိုင်​ပါတယ်​။

ဒီ​နေ့မှာ ...
သင့်​ဆီမှာရှိတဲ့ အရာ​လေး​တွေကို အသုံးပြုပြီး ပတ်​ဝန်းကျင်​ကို ပို​ကောင်းတဲ့၊ ပို​​နွေး​ထွေးတဲ့​နေရာ​လေးဖြစ်​​အောင်​ စွမ်း​ဆောင်​နိုင်​ပါတယ်​။

ဒီ​နေ့မှာ ...
ဘုရားသခင်​ပြုံးရယ်​​တော်​မူပြီး နတ်​​ကောင်းနတ်​မြတ်​​တွေရဲ့ မြူးရွှင်​သာယာတဲ့ ဂီတသံစဉ်​​တွေနဲ့ ကမ္ဘာ​မြေကို သာယာ​အောင်​ သင်​ လုပ်​နိုင်​ပါတယ်​။

ဒီ​နေ့ပဲ ကမ္ဘာ​ကြီးကို ပို​ကောင်းမွန်​တဲ့​နေရာ​လေး ဖြစ်​လာဖို့ ...သင်​တတ်​နိုင်​တဲ့အရာ​လေး​တွေနဲ့ ... ဒီ​နေ့ပဲ စတင်​လုပ်​​ဆောင်​လိုက်​ပါ ။      ။

`​လေပြည်​ချမ်းချမ်း´
[Ref: #WHAT_YOU_CAN _DO _TODAY
Inspirational stories Via Internet]

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´