Skip to main content

`အ​တွေးသစ်​ပင်​´




အ​တွေး​တွေနဲ့ ​လေလွင့်​​နေတဲ့ 
စိတ်​​တွေ ......
ခုချိန်​ထိ ​လောကနဲ့
နေသားတကျ မဖြစ်​​သေးဘူး ။

ရင်​ခုန်​သံ ... လား ။
စွဲလမ်းမှု ... လား ။
တိုက်​ဆိုင်​မှု ... လား ။
ဖြစ်​တည်​မှု ... လား ။
ကျိုးပျက်​မှု ... လား ။
ကြိုးပြတ်​မှု ... လား ။
သေချာတာက
လောကထဲကအ​နှောင်​အတွယ်​မှန်​သမျှ
ဘယ်​လိုမှ မြဲ​အောင်​မချည်​​နှောင်​တတ်​ခဲ့သူ ။

တစ်​ခါက 
လူတစ်​​ယောက်​က ဆိုတယ်​။
`အမှန်​တရား´ဆိုတာ တစ်​ခုပဲရှိတယ်​´တဲ့။
ခါးခါးသီးသီးရယ်​​မောငြင်းဆန်​ခဲ့ဖူးတယ်​။
ထောင်​ထားတဲ့လက်​တစ်​ဖက်​ဟာ 
ကိုယ့်​ဘက်​မှာ လက်​ဖမိုးဖြစ်​​နေပြီး
သူ့ဘက်​မှာ​တော့ လက်​ဖဝါး ဖြစ်​​နေခဲ့တယ်​​လေ။

လူ​တွေက 
ကိုယ့်​အမှန်​တရားနဲ့ကိုယ်​ သက္ကရာဇ်​​တွေကိုတိုက်​စားဖို့
နေ့ရက်​​တွေကို တရကြမ်းနင်းဖြတ်​​နေကြ​လေရဲ့။
အဲဒီ​နေ့ရက်​​တွေထဲ
သူ့အမှန်​တရားနဲ့ ကိုယ့်​အမှန်​တရား
ကြိုး​တွေညှိဖို့ ကြိုးစားရင်း၊
`နားလည်​မှု´ဆိုတဲ့ လှပတဲ့သံစဉ်​ထွက်​လာဖို့၊
ခဲခဲယဉ်းယဉ်း ကြိုးပမ်း​နေကြတယ်​။
ဒါ `လူ့ဘဝရဲ့အဓိပ္ပာယ်​´ပဲ။

အ​ပေး-အယူဆန်​တဲ့ ​လောကကြီးမှာ၊
ဘာမှလည်း 
သူများလက်​ခံ​အောင်​ ​ချော့​မော့မ​ပေးချင်​ဘူး။
ဘာမှလည်း
ဇွတ်​အတင်းအကြပ်​ လက်​ခံမယူချင်​ဘူး။
တစ်​ခါတုန်းက
အ​တွေးဥာဏ်​​တွေ အရိပ်​လွှမ်းမိုးခံခဲ့ရတဲ့တစ်​ချိန်​က​တော့
လူတိုင်း​လျှောက်​​နေကျ အက်​​ကြောင်းထပ်​ လမ်းက​လေးမှာ
`အ​ပေးအယူ´ဆိုတဲ့ ကိစ္စရပ်​​တွေနဲ့
ဘဝ​နေ့ရက်​​တွေ
ပင့်​ကူအိမ်​လို ရှုပ်​​ထွေး​နေခဲ့ဖူးတယ်​။
နားလည်​မှု​တွေ တည်​​ဆောက်​ဖို့ ကြိုးစားရင်း
အသက်​ရှူမဝ​အောင်​ ​မောပန်းခဲ့ဖူးတယ်​။

လောကမှာ
လူသား​တွေအ​ပေါ်
အလွှမ်းမိုးဆုံး၊ အခြိမ်း​ခြောက်​နိုင်​ဆုံး
စကားလုံး​လေးလုံး ရှိတယ်​။
`အနိုင်​ အရှုံး´တဲ့ ။
`အနိုင်​´ ဆိုတာကလည်း 
တစ်​ခါတစ်​ရံမှာ မချိုမြိန်​တတ်​သလို
`အရှုံး´ဆိုတာလည်း
အမြဲတမ်း ခါးသီးမ​နေခဲ့ဘူး။
တစ်​ချို့၊ 
အနိုင်​ကို သိပ်​မက်​​မောပြီး ဘယ်​လိုနည်းနဲ့မဆို နိုင်​မှ ဆိုတဲ့
စိတ်​ဓာတ်​ပြင်းထန်​လွန်းသူ​တွေ ရှိတယ်
တစ်​ချို့၊
အရှုံး​တွေပဲ ကြုံလွန်းလို့ ဘဝ​ပေးအ​ခြေအ​နေကို
စိတ်​ပျက်​အားငယ်​​နေတဲ့သူ​တွေ ​တွေ့ဖူးတယ်​ ။
တကယ်​တမ်း ဒီနှစ်​ခုက အပြင်​ပန်းကာရံထားတဲ့ `အခွံသက်​သက်​´ပဲ။
အတွင်းမှာရှိတဲ့
`စိတ်​ချမ်းသာမှု´ဆိုတဲ့အသီးက​တော့ အရသာအတူတူပဲ​လေ။
ဒီအသိ​လေးကိုပဲ ဘာ​ကြောင့်​ လူ​တွေ ထွန်းညှိဖို့ ခက်​​နေရတာလဲ။

အခုချိန်
မျက်​လုံးအစုံ​မှေးမှိတ်​ပြီး
ကိုယ့်​အ​တွေးနဲ့ကိုယ်​ ​ရေ​သေလို
တသမတ်​တည်း တည်​ငြိမ်​​နေတဲ့ဘဝ​လေးမှာ
`စိတ်​ချမ်းသာမှု​´တွေ အပိုင်​ထည့်​​မွေးမြူဖို့
ကြံစည်​ကြိုးစားတုန်း .....။

အိမ်​​ရှေ့တံခါးဝက​နေ
ဘဝလမ်းကို ​ခေါက်​တုံ့​ခေါက်​ပြန်​ဖြတ်​​လျှောက်​​နေတဲ့သူ​တွေ၊
အငြိမ်​မ​နေတတ်​တဲ့ သူတို့မျက်​လုံး​တွေ သဘာဝအတိုင်း
တစ်​ချို့ ....
မျက်​​မှောင်​ကြုတ်​ပြီး တည့်​တည့်​ကြည့်​တယ်​။
တစ်​ချို့ .....
စွေကြည့်​ ​စောင်းကြည့်​သွားကြတယ်​။
မျက်​လုံး​တွေလိုပဲ ဘယ်​​တော့မှအငြိမ်​မ​နေတတ်​တဲ့
နှုတ်​ခမ်း​တွေကလည်း တတွတ်​တွတ်​နဲ့ ​ရေရွတ်​​ဝေဖန်​သွားလိုက်​ကြလို့ ....။
ဘာ ... တဲ့  ။
`ခုချိန်​ထိ  ​ပေ​ပေ​တေ​တေ ​လေလွင့်​​နေတုန်းပဲလား´ တဲ့ ....။ 

`လေပြည်​ချမ်းချမ်း´
[ ရတီမဂ္ဂဇင်း ၊ သြဂုတ်​လ ၊ ၂၀၁၅ ]

Comments

Popular posts from this blog

`ကယ်​တင်​ခြင်းနီတိ´(`သံသယအကျဉ်း​ထောင်မှ )

လူ့​လောကထဲမှာ နေထိုင်​တဲ့လူတစ်​​ယောက်​အ​နေနဲ့ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါတယ်​ ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါ​သေးတယ်​ ။ လူတိုင်းက​တော့ အမြဲတမ်းသူတို့​နောက်​​ကျောမှာ  `ဓား´ဖွက်​မလာ​လောက်​ဘူးမဟုတ်​လား ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မရဲ့ဖြူစင်​တဲ့အရိုးခံယုံကြည်​မှုဟာ သူတို့ဓားသွား​ပေါ်ကအဆိပ်​​တွေကို  ချိုမြိန်​တဲ့ပျားရည်​အဖြစ် (​နောက်​ဆုံးတစ်​​နေ့မှာ) ​ပြောင်းလဲပစ်​နိုင်​မယ်​လို့ယုံကြည်​ပါတယ်​ ။ ကျွန်မ ပျားရည်ကိုကြိုက်​ပါတယ်။ သူတို့က အခါ​ပေါင်းများစွာ ​ဆေးဖက်​ဝင်​တယ်​​လေ ။   ။ `​လေပြည်​ချမ်းချမ်း´

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

*" မေမေ "*

*" မေမေ "* ၂၃ ၁/၂ ` တိမ်းစောင်းလည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ ... တည်မြဲတဲ့ ပြောင်းလဲခြင်းတရား .. ဘယ်တော့မှ မတိမ်းစောင်းဘူး ... ဆိုပေမယ့်လည်း ........... ဘ၀ဇာတ်ကြောင်း ... မှာ ကျေကျေနပ်နပ် ဇာတ်ပို့ပြီး "ဇာတ်ဆောင်"ရတဲ့ အကယ်ဒမီဆုအတွက် ၀မ်းသာပြုံးနဲ့ ...ပီတိမျက်ရည် ဖုံးတတ်တဲ့သူ ... ။ ရာဇ၀င်အဆက်ဆက် ..မှာ ပန်းပျိုးတဲ့ လက်ဖ၀ါး အစုံ ၊ စူးနစ်အနက်ရှိုင်းဆုံး ပေးဆပ်မှုတစ်ဖုံ နဲ့ .. မြေလွှာထဲမှာ အမြဲမှောင်နေရတဲ့ .. ရေသောက်မြစ် ..တစ်ခုပါ ၊ ပြီးတော့ ... ဆည်တဲ့ ကန်သင်းလည်း ဖြစ်ပြန်တယ် ။ ကြယ်ကလေးတွေရဲ့ အုပ်ထိန်းသူ ဖြစ်တဲ့ .. ပုခက်လွှဲတဲ့လက်အစုံဟာ .. ကမ္ဘာကို အုပ်စိုးဖို့ .. ကြီးမြတ်တယ် .. ဆိုတာ ဘယ်သူ ပြောင်းလဲပစ်နိုင်ဦးမလဲ ။ ။ 20 December 201   “ လေပြည်ချမ်းချမ်း ”