Skip to main content

Posts

Showing posts from October, 2016

Depend On Yourself

Ref: ဂျူး -လရဲ့​အောက်​ဘက်​မိုင်​အ​ဝေးမှာ

Chit Chin Char Eain Mat Hman Nayan Myar

တိမ်တွေခြေရင်းမှာ  အိပ်မက်ကြိုးတွေ ချည်ထားတယ်။ မြေပြင်မှာ လူငယ်လေးတစ်ယောက် ဖိနပ်ကြိုးတွေ ချည် … လို့ ။ အတိတ်စိမ်းစိမ်းမှာ ရင်ဘတ်ပေါ်ဖြတ်လျှောက်သွားတဲ့ခြေရာတွေ ကတ္တရာလမ်းမတစ်ခုလို သူ ပျော်ပျော်နင်းဖြတ်သွားတယ် . . . ။ ခခယယ ကမ်းလင့်နေတဲ့လက်ထက်  ကျောခိုင်းထားတဲ့ရင်ဘတ်ကို လွမ်းနေတတ်တာမျိုး အလွယ်​ဖတ်လို့ရတဲ့ကဗျာကို သီချင်းတစ်ပုဒ်လောက် အလေးအနက် မခံစားတတ်တာမျိုး ။ တစ်ယောက်ကိုတစ်ယောက် မမှိတ်မသုန်ငေးပြီး တစ်လှမ်းချင်းတစ်လှမ်းချင်း နောက်ပြန်ဆုတ်ကြတာပေါ့ တရွေ့ရွေ့ဝေး တမြေ့မြေ့ဆွေး ကာရံတွေက လှည့်စားတတ်တယ်လို့  ကိုယ့်ကိုကိုယ် ယုံကြည်လာတဲ့ထိ အိပ်မက်တွေကို အဖော်ပြုမယ် ။ ကိုယ်ကြိုက်သလို အိပ်မက်တွေကို အိပ်မပျော်ခင် စီစဉ်ညွှန်ကြားလို့ရမှာလား … ‘အိပ်မက်’ ဆိုတာ ‘အချစ်​’လိုပဲ တံခါးတွေ ဓါးတွေ မကြောက်တတ်ဘူး ကြားတယ် ။ အညွှန်းတပ်မထားတဲ့ အိပ်မက်တွေနဲ့ ခက်ခက်ခဲခဲ အမှောင်တွေစားသုံးပြီး မနက်ခင်းတစ်ခု လေပြည်ထဲမှာ အသစ်ချိတ်ဆွဲတဲ့အခါ ...။                                 ...

Don't Limit

The Key To Success And Happiness

Years' Wine

[နှစ်​ချို့ဝိုင်​] 🍷🍷🍷 `အချစ်´ဆိုတာ  `အပြုံးလေးတစ်ပွင့်´လား ...။ ငေးမောနေဆဲကြွေကျမှုများ အရိုးသားဆုံး ရင်​ဘတ်​ထဲ လှိုင်းခတ်​လွင့်ဝေပါကွယ်။ အဆွတ်​ပျံ့ဆုံးအခိုက်အတန့်တွေ အခု ချနင်းထားတဲ့ သက္ကရာဇ်ပေါ်မှာ ရှိတယ်။ တစိမ့်​စိမ့်​ အမွှေးပျံ့ဆုံး  တရှိုက်​မက်​မက်​ အချိုမြဆုံး  တန်​ဖိုး အကြီးဆုံး ဝိုင်​တစ်​ခွက်​  ဒီ ရင်​ဘတ်​ရပ်​ဝန်းက​နေ ငါတူး​ဖော်​မလို့ ...။ အနာဂတ်​ဆီ အခက်​ခဲ​တွေဖြတ်​  အချစ်​​ရေ​ ... မင်း လိုက်​မှာလားကွယ့်​ ။     ။       #​လေပြည်​ချမ်းချမ်း 1:33 PM/Oct 9th/ 2016 /Sat.

The Autumn Leaves Tale

🍃"သစ်​ရွက်​​တွေရဲ့​ဆောင်းဒိုင်​ယာ​လော့ဂ်​"🍃 🍃🍁🍁🍁🍂🍂🍂🍂🍂🍁🍁🍁🍃 [၁] ကမ္ဘာ​လောကကြီးက သစ်​ပင်​ကြီးတစ်​ပင်​ ...ဆိုရင်​ ကိုယ်​ဟာ အစိမ်း​ရောင်​သစ်​ရွက်​​လေးတစ်​ရွက်​ ။ ကိုယ်​တကယ်​ရင့်​ကျက်​ပြီလား ။ ​လေတိုက်​တိုင်းလည်း လွင့်​​မျောရမှာ​ကြောက်​တယ်​ ။ မိုးရွာတိုင်းလည်း စွတ်​စိုမှာ​ကြောက်​တယ်​ ။ စွတ်​စိုပြီးတိုင်းလည်း ပြန်​မ​ခြောက်​​​သွေ့မှာ​ကြောက်​တယ်​ ။ လွင့်​​မျောပြီးတိုင်းလည်း အရင်​​နေရာပြန်​မ​ရောက်​မှာ ​ကြောက်​တယ်​ ။ ​မေးပါရ​စေဦး ။ လွင့်​​မျောပြီးတိုင်းလည်း အရင်​​နေရာ ပြန်​​ရောက်ကြလို့လား ...  စွတ်​စိုပြီးတိုင်း​ရော ခပ်​လွယ်​လွယ် မြန်​မြန်​​ပြန်​​ခြောက်​တတ်​လို့လား ။ [၂] ပြတင်း​ဘောင်​​ပေါ် ခဏတာနား​နေတဲ့ အဖျား​ကော့လိပ်​ သစ်​ရွက်အို​ဟောင်းက  ​ဆောင်းညှို့​လေဆီ မိုးရာသီ​နောက်​နားစွန်း​နေ့ရက်​​တွေဆီက​နေ ​ငေးတယ်​။ ဒီနှစ်​​ဆောင်း​က​တော့ ​ရေခဲမှုန်​​တွေနဲ့ နှင်းမှုန်​တစ်​၀က်​ သိပ်​လှမှာ​သေချာသတဲ့။ ကိုယ်​ ရှိရှိ မရှိရှိ​ပေါ့ ... ​ဆောင်းက​တော့ ​ရောက်​လာဦးမှာပဲ။ အရင်​လို လှပ​အေးချမ်းတဲ့ နှင်းမှုန်​သခင်​မရဲ့ဆံနွယ်​ဖြူ​တွေလည်း ​ မြောက်​​...

Autumn Leaves Tale