Skip to main content

Autumn Leaves Tale

🍃"သစ်​ရွက်​​တွေရဲ့​ဆောင်းဒိုင်​ယာ​လော့ဂ်​"🍃
🍃🍁🍁🍁🍂🍂🍂🍂🍂🍁🍁🍁🍃


[၁]

ကမ္ဘာ​လောကကြီးက သစ်​ပင်​ကြီးတစ်​ပင်​ ...ဆိုရင်
ကိုယ်​ဟာ အစိမ်း​ရောင်​သစ်​ရွက်​​လေးတစ်​ရွက်​ ။
ကိုယ်​တကယ်​ရင့်​ကျက်​ပြီလား ။
လေတိုက်​တိုင်းလည်း လွင့်​​မျောရမှာ​ကြောက်​တယ်​ ။
မိုးရွာတိုင်းလည်း စွတ်​စိုမှာ​ကြောက်​တယ်​ ။
စွတ်​စိုပြီးတိုင်းလည်း ပြန်​မ​ခြောက်​​​သွေ့မှာ​ကြောက်​တယ်​ ။
လွင့်​​မျောပြီးတိုင်းလည်း အရင်​​နေရာပြန်​မ​ရောက်​မှာ ​ကြောက်​တယ်​ ။
မေးပါရ​စေဦး ။
လွင့်​​မျောပြီးတိုင်းလည်း အရင်​​နေရာ ပြန်​​ရောက်ကြလို့လား ... 
စွတ်​စိုပြီးတိုင်း​ရော ခပ်​လွယ်​လွယ် မြန်​မြန်​​ပြန်​​ခြောက်​တတ်​လို့လား ။

[၂]

ပြတင်း​ဘောင်​​ပေါ် ခဏတာနား​နေတဲ့ အဖျား​ကော့လိပ်​ သစ်​ရွက်အို​ဟောင်းက 
ဆောင်းညှို့​လေဆီ မိုးရာသီ​နောက်​နားစွန်း​နေ့ရက်​​တွေဆီက​နေ ​ငေးတယ်​။
ဒီနှစ်​​ဆောင်း​က​တော့ ​ရေခဲမှုန်​​တွေနဲ့ နှင်းမှုန်​တစ်​၀က်​ သိပ်​လှမှာ​သေချာသတဲ့။
ကိုယ်​ ရှိရှိ မရှိရှိ​ပေါ့ ... ​ဆောင်းက​တော့ ​ရောက်​လာဦးမှာပဲ။
အရင်​လို လှပ​အေးချမ်းတဲ့ နှင်းမှုန်​သခင်​မရဲ့ဆံနွယ်​ဖြူ​တွေလည်း 
မြောက်​​လေညင်းမှာ ​၀ဲပျံလို့။
ကမ္ဘာ​မြေကို ​နွေး​ထွေးခြင်းအ​ကြောင်း နားလည်​​အောင်​ ​အေးစိမ့်​ခြင်း​တွေ အရင်​သင်​​ပြ​ပေးလိမ့်​ဦးမယ်​။
မီးမ​တောက်​ခင်​ ​လောင်​စာဖြစ်​​ဖို့ 
စိမ်းရာက​နေ ရင့်​ရတယ်​။ ရင့်​ရာက​နေ အို​ဟောင်း​ခြောက်​သ​ရောင်းသွားရတယ်​ ။ 
မကြာခင်​ ​ဆောင်းမနက်​ခင်းတစ်​ခုမှာ​တော့ ...
ငါဟာ ​ဟောဟို​အ​ဝေးကောင်းကင်​ကြီးဆီ တိမ်​​တွေနဲ့ အလှပြိုင်​ဖို့ အ​ပေါ့ပါးဆုံး ထွက်​ခွာသွားရ​တော့မှာပဲ။   

[၃]

'မီးခိုး​'တွေဆိုတာ အဆင်​ဆင့်ပြောင်းလဲမှုရဲ့ ​နောက်​ဆုံးဖြစ်​တည်​မှုလား။ 
'​ကြောက်​ရွံ့မှု'က ဘယ်​မှာလဲ ... ။
'ကြီးကျယ်​ခမ်းနားမှု'က ဘယ်​မှာလဲ ...။
'လိုအင်​ဆန္ဒ'​တွေက​ရော ... ဘယ်​မှာလဲ ။
သဘာဝတရားကြီးထဲမှာ 
မီးခိုး​တွေဟာ... အ​ပေါ့ပါးဆုံး လွင့်​ဝဲလို့ ။    ။

#​လေပြည်​ချမ်းချမ်း
10:12 PM/Oct 4th/2016/Tuesday.

Comments

Popular posts from this blog

`ကယ်​တင်​ခြင်းနီတိ´(`သံသယအကျဉ်း​ထောင်မှ )

လူ့​လောကထဲမှာ နေထိုင်​တဲ့လူတစ်​​ယောက်​အ​နေနဲ့ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါတယ်​ ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါ​သေးတယ်​ ။ လူတိုင်းက​တော့ အမြဲတမ်းသူတို့​နောက်​​ကျောမှာ  `ဓား´ဖွက်​မလာ​လောက်​ဘူးမဟုတ်​လား ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မရဲ့ဖြူစင်​တဲ့အရိုးခံယုံကြည်​မှုဟာ သူတို့ဓားသွား​ပေါ်ကအဆိပ်​​တွေကို  ချိုမြိန်​တဲ့ပျားရည်​အဖြစ် (​နောက်​ဆုံးတစ်​​နေ့မှာ) ​ပြောင်းလဲပစ်​နိုင်​မယ်​လို့ယုံကြည်​ပါတယ်​ ။ ကျွန်မ ပျားရည်ကိုကြိုက်​ပါတယ်။ သူတို့က အခါ​ပေါင်းများစွာ ​ဆေးဖက်​ဝင်​တယ်​​လေ ။   ။ `​လေပြည်​ချမ်းချမ်း´

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

*" မေမေ "*

*" မေမေ "* ၂၃ ၁/၂ ` တိမ်းစောင်းလည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ ... တည်မြဲတဲ့ ပြောင်းလဲခြင်းတရား .. ဘယ်တော့မှ မတိမ်းစောင်းဘူး ... ဆိုပေမယ့်လည်း ........... ဘ၀ဇာတ်ကြောင်း ... မှာ ကျေကျေနပ်နပ် ဇာတ်ပို့ပြီး "ဇာတ်ဆောင်"ရတဲ့ အကယ်ဒမီဆုအတွက် ၀မ်းသာပြုံးနဲ့ ...ပီတိမျက်ရည် ဖုံးတတ်တဲ့သူ ... ။ ရာဇ၀င်အဆက်ဆက် ..မှာ ပန်းပျိုးတဲ့ လက်ဖ၀ါး အစုံ ၊ စူးနစ်အနက်ရှိုင်းဆုံး ပေးဆပ်မှုတစ်ဖုံ နဲ့ .. မြေလွှာထဲမှာ အမြဲမှောင်နေရတဲ့ .. ရေသောက်မြစ် ..တစ်ခုပါ ၊ ပြီးတော့ ... ဆည်တဲ့ ကန်သင်းလည်း ဖြစ်ပြန်တယ် ။ ကြယ်ကလေးတွေရဲ့ အုပ်ထိန်းသူ ဖြစ်တဲ့ .. ပုခက်လွှဲတဲ့လက်အစုံဟာ .. ကမ္ဘာကို အုပ်စိုးဖို့ .. ကြီးမြတ်တယ် .. ဆိုတာ ဘယ်သူ ပြောင်းလဲပစ်နိုင်ဦးမလဲ ။ ။ 20 December 201   “ လေပြည်ချမ်းချမ်း ”