Skip to main content

Posts

Showing posts from May, 2017

Accessories

[ အဆင်တန်ဆာများ ] ပုလဲလုံးလေးတွေ ...  ရွဲလုံးလေးတွေ ...  မဟုတ်ဘူး သစ်သားပုတီးစေ့လေးတွေကိုပဲ  အပြစ်အနာအဆာကင်းကင်း ဖန်တီးဆင်ယင်ပြီး လည်တိုင်မှာအမြတ်တနိုးဆွဲသီချင်ခဲ့တာ ရယ်စရာကောင်းလောက်အောင် မှားယွင်းနေခဲ့ပုံက ရောင့်ရဲရိုးသားလေးနက်မှုတွေတန်ဖိုးမဲ့ခဲ့ရ ... တကယ်တော့လည်း ဗလာဟင်းလင်းပြင်ဟာ အရှိတိုင်းလေး ကျော့ကျော့မော့မော့ ပိုလှပါတယ်။ ။ #လေပြည်ချမ်းချမ်း  1:24 PM/ 2017/ May 23rd/ Tue. (# ရယ်စရာကောင်းလောက်အောင် _မှားယွင်းနေခဲ့ပုံက ဆရာမင်းခိုက်စိုးစန်၏ စကားလုံးတွဲတစ်ခုကို သဘောကျ၍ ငှါးယူသုံးစွဲပါသည်)

Blind Hearts

💭[ နှလုံးသားအမြင်ကွယ်ခြင်း ] 💭

Risking

[ စွန့်စားခြင်း ] 🍀🍀🍀🍀 Without faith, struggle is meaningless at the end.  ယုံကြည်ချက်မပါတဲ့ စွန့်စားမှုဟာ အချည်းနှီးပါပဲတဲ့။  #လေပြည်ချမ်းချမ်း

Freedom

[ လွတ်လပ်ခြင်း ] မြက်ခင်းစိမ်းစိမ်းပေါ် လှဲအိပ် နေခြည်နွေးနွေး ပါးပြင်ပေါ်ဖြာကျ လေပြည်နုနုခိုစီးတဲ့  အဖြူရောင်တိမ်နွယ်မျှင်တွေငေးရင်း အတွေးမရှိ ဆန္ဒမရှိ စက္ကန့်တံတွေထဲ ငြိမ်းငြိမ်းချမ်းချမ်း ပကတိပျော်မွေ့နေထိုင်ခြင်းသက်သက်နဲ့  အပြုံးတစ်ပွင့် ...  မိုးသားပြာပြာထဲလွှတ်တင်လိုက်တယ် သက္ကရာဇ်အသစ်မှာ ငါ့ရဲ့ချိုးဖြူငှက်လေး ပဋိပက္ခအမှောင်ထောင့်က ကျည်တောင့်တွေရဲ့အဝေး အေးချမ်းပြာလွင်ခြင်းထဲ  အတိုင်းအဆမဲ့ ပျံသန်းနိုင်စေ ... ။       ။ #လေပြည်ချမ်းချမ်း 8:35 AM Jan 4th 2017 Wed.

Not for Sales

[ ရောင်းရန်မဟုတ်သည့် နာကျင်ဒဏ်ရာများ ] 🎈💛💙💜💚💛💛💛💚💜💙💛🎈 ကြေကွဲစရာသီချင်းများ ညည်းဆိုဖို့  ကိုယ့်​အသည်း မခိုင်​ဘူး။ ဒါ​ပေမယ့်​လည်း  ထပ်​ပြန်​တ​ကျော့​ကျော့သီဆို​နေရ မနှစ်​မြို့စရာ Chorus အပိုဒ်​ရယ်​  Version အမျိုးမျိုး ပြောင်း​ပြောင်းဆို​နေရ​တော့လည်း ဘဝဆိုတဲ့ ​တေးစီးရီးမှာ အဝင်​အထွက်​ အချီအချ  စိတ်​ထဲဘယ်​​လောက်​​ပေါက်​ကွဲကွဲ  ညင်​သာစွာ အဖွင့်​အပိတ်​သပ်​ရပ်​တတ်​ပြီ ။ ချစ်​မြတ်​နိုးဖွယ်​ ကြင်​နာတတ်​သူ​လေး​ရေ... အချစ်​ဆိုတာ ကိုယ်​နားမလည်​ဘူး စွန့်​လွှတ်​ခြင်းလား ​ပေးဆပ်​ခြင်းများလား ဘာကိုမှအလကားမရတတ်​​တော့လည်း ကတ်​ဦးထုပ်​က​လေးနဲ့ မျက်​ဝန်းခပ်​ရီရီမင်းရဲ့အပြုံး ကိုယ်​ မြင်​လို့ကြည့်​မိရုံ​လောက်​ပဲ ကိုယ့်​​ထောင့်​ချိုး မင်း​ထောင့်​ချိုး  တစ်​လမ်းဆီတူတူချိုးဝင်​ဖြစ်​မယ်​ဆို အ​တွေးမိုးတိမ်​ထက်​ မင်းအ​ကြောင်းအပြုံးတစ်​စကို ခံစားချက်​ Canvas ​ပေါ် ကိုယ်​ပန်းချီဆွဲမိမှာပဲ Inspiration အပြည့်​နဲ့ အသည်းနှလုံးပြခန်းတစ်​ခု​ပေါ်ချိတ်​ဆွဲတဲ့အခါ သိပ်​များ `ခ​ရေ´ဆန်​သွားမလား​ ... သိပ်​များ `စံပယ်...