[ လွတ်လပ်ခြင်း ]
မြက်ခင်းစိမ်းစိမ်းပေါ် လှဲအိပ်
နေခြည်နွေးနွေး ပါးပြင်ပေါ်ဖြာကျ
လေပြည်နုနုခိုစီးတဲ့
အဖြူရောင်တိမ်နွယ်မျှင်တွေငေးရင်း
အတွေးမရှိ ဆန္ဒမရှိ
စက္ကန့်တံတွေထဲ ငြိမ်းငြိမ်းချမ်းချမ်း
ပကတိပျော်မွေ့နေထိုင်ခြင်းသက်သက်နဲ့
အပြုံးတစ်ပွင့် ...
မိုးသားပြာပြာထဲလွှတ်တင်လိုက်တယ်
သက္ကရာဇ်အသစ်မှာ ငါ့ရဲ့ချိုးဖြူငှက်လေး
ပဋိပက္ခအမှောင်ထောင့်က ကျည်တောင့်တွေရဲ့အဝေး
အေးချမ်းပြာလွင်ခြင်းထဲ
အတိုင်းအဆမဲ့ ပျံသန်းနိုင်စေ ... ။ ။
#လေပြည်ချမ်းချမ်း
8:35 AM Jan 4th 2017 Wed.
Comments
Post a Comment