[ အဆင်တန်ဆာများ ]
ပုလဲလုံးလေးတွေ ...
ရွဲလုံးလေးတွေ ...
မဟုတ်ဘူး
သစ်သားပုတီးစေ့လေးတွေကိုပဲ
အပြစ်အနာအဆာကင်းကင်း ဖန်တီးဆင်ယင်ပြီး
လည်တိုင်မှာအမြတ်တနိုးဆွဲသီချင်ခဲ့တာ
ရယ်စရာကောင်းလောက်အောင် မှားယွင်းနေခဲ့ပုံက
ရောင့်ရဲရိုးသားလေးနက်မှုတွေတန်ဖိုးမဲ့ခဲ့ရ ...
တကယ်တော့လည်း
ဗလာဟင်းလင်းပြင်ဟာ အရှိတိုင်းလေး
ကျော့ကျော့မော့မော့
ပိုလှပါတယ်။ ။
#လေပြည်ချမ်းချမ်း
1:24 PM/ 2017/ May 23rd/ Tue.
(# ရယ်စရာကောင်းလောက်အောင် _မှားယွင်းနေခဲ့ပုံက
ဆရာမင်းခိုက်စိုးစန်၏ စကားလုံးတွဲတစ်ခုကို သဘောကျ၍ ငှါးယူသုံးစွဲပါသည်)
Comments
Post a Comment