Skip to main content

The sound of love in the waterfall



 [  ရေတံခွန်တစ်စင်းထဲကဂီတ ]


"ဒီမှာ `သံလွင်'....၊ မေတ္တာဆိုတာ  ပေးအပ်ခြင်းပဲ။

ကိုယ် ပြန်ရဖို့ ဘာတစ်ခုမှ မပါဘူး။

သူများရဖို့ ကိုယ်ကပေးတာ။ ပေးချင်လို့ပေးတာ။

ကရုဏာ၊ အကြင်နာ၊ သန့်စင်တဲ့စိတ်ဝိညာဉ်ထဲကအမှန်တကယ်စာနာနားလည်နိုင်ခြင်းနဲ့ ချစ်ခင်နှစ်လိုစိတ်ဖြစ်ထွန်းခြင်းကြောင့်ပေးတာ။

ကိုယ်ရယူချင်တာ ရှိခဲ့တယ်ဆိုရင်လည်းကိုယ့်ဆီက မေတ္တာကြောင့် သူ့ဆီမှာ နွေးထွေးလင်းလက်သွားတဲ့ ပီတိလေးအပေါ် ကိုယ်ပါနွေးထွေးချမ်းမြေ့လှိုင်းခတ်ပျော်ရွှင်ရမှုလေးကို သူနဲ့အတူတူ နှစ်သိမ့်ကျေနပ်စွာ ခံစားကြည့်ချင်ခဲ့တဲ့ စိတ်ကလေးပဲ။

ကိုယ့်မေတ္တာကို ပြန်လည်တုံ့ပြန်နိုင်ဖို့ အသာထား။
ကိုယ့်မေတ္တာကို နားလည်သူတစ်စုံတစ်ယောက်သောပုဂ္ဂိုလ်နဲ့ အတူသွားရတဲ့ခရီးဟာ သဘာဝအတိုင်းစမ်းချောင်းလေးတစ်စင်း စီးဆင်းရတဲ့ခရီးလိုပဲ။

ချိုလွင်တယ်။ အေးချမ်းတယ်။ သာယာတယ်။

ဒါပေမယ့် မေတ္တာပေးခြင်းဆိုတာ အစ ပထမတော့ ဟိုးတောင်ကုန်းအမြင့်ကြီးကနေ ရေတံခွန်လို တဝုန်းဝုန်းမြည်အောင် ခုန်ချစီးဆင်းဖို့ သတ္တိမွေးရတယ်။

လူတိုင်းက အမြင့်ကိုသာတက်ချင်တာ။

အမြင့်မှာသာ နေချင်တာလေ။

'အပေး-အယူ' လို့ အဓိပ္ပါယ်ဖွင့်ဆိုတဲ့ လောကကြီးမှာ လူတိုင်းက အယူချည်းပဲယူချင်ကြတာ။ တစ်ချို့ကျတော့လည်း ကိုယ် ဘာမှပြန်မရမှာ သေချာနေရင် အပ်တဖျားလေးမှ ပေးလိုစိတ် မရှိကြဘူး။

'မေတ္တာတရား'ဆိုတာ မြင့်မြတ်တယ်လို့ဆိုရင် ပေးဆပ်ရလို့ 'အထက်စီးနင်းဆန်တယ်'လို့စွပ်စွဲပြီး နင်လက်ခံမယ်မဟုတ်ဘူး 'သံလွင်'ရယ်။

တကယ်တော့ 'မေတ္တာတရား'ဆိုတာ'သန့်စင်ကြည်လင်မှု'သက်သက်ပါ။ လူတစ်ဦးတစ်ယောက်အပေါ်မှာ အထက်စီးယူခြင်းမျိုးမဟုတ်ဘူး။

သူ့အလိုလိုသူ့တည်ရှိမှုကကို မြင့်မြတ်နေတာမျိုး။
ဘယ်သူမဆို ကိုယ့်အပေါ် ကြင်နာရင်၊ နွေးထွေးရင် ကိုယ့်ဘဝလေး အဓိပ္ပါယ်ပြည့်ဝလာသလို 
ခံစားရတယ်မဟုတ်လား။

မေတ္တာပေးဝေသူတွေဟာ မေတ္တာအငတ်ဆုံး၊သနားစရာအကောင်းဆုံးလူတွေလို့ နင် နားလည်ထားလိုက်စမ်းပါ။

ကိုယ့်ကြောင့် သူချမ်းမြေ့သွားရတဲ့ ၊ နွေးထွေးသွားရတဲ့ 
ပီတိကို အခံစားနိုင်ဆုံး၊ နားအလည်နိုင်ဆုံးလူတွေပေါ့။

ဘာကိုမှအလွယ်တကူမရနိုင်တဲ့ လောကကြီးမှာ ကိုယ်ပေးနိုင်တာကို တတ်နိုင်သလောက်ပေးပြီး စေးနှဲတွန့်တိုတဲ့ လောကကြီးကို ငါ အနိုင်ယူချင်တယ်....သံလွင်"

"အဲဒါဆို နင်ကလည်း အရွဲ့တိုက်တတ်သူပဲပေါ့ ယု။
အဲဒါကို မငြင်းနဲ့။"

`ယုယ'က ဖျပ်ခနဲ သူ့ကိုလှည့်ကြည့်ပြီး ခေါင်းကို
နောက်မော့လှန်ကာ အားရပါးရရယ်မောတော့သည်။

"အေးပါ ။ ငါ မငြင်းတော့ပါဘူး။ နင် ပျော်ရင် ငါလည်းပျော်တယ်။ တကယ်ပြောတာ 'စစ်' ...။ အဲလို အရွဲ့တိုက်ရတာမျိုးကိုတော့ ငါ တကယ် ပျော်ပါတယ် ။"

💭💭💭💭💭💭💭💭💭💭💭💭💭💭💭

" စမ်းချောင်း " ဆိုတာ  တစ်ချိန်တုန်းကတော့ ရေတံခွန်လေးတစ်စင်း။ တကယ်ကျွန်မတို့ လူသားအားလုံး အလိုချင်ဆုံးအရာဟာ ဒီမြေထက်က သာယာကြည်လွင်တဲ့ ကောင်းကင်ပြာထက်မှာ ချိုးဖြူ ငှက်ကလေးတစ်ကောင် လှလှပပပျံဝဲလို့နေတာကို စမ်းချောင်းလေးဘေး မြက်ခင်းစိမ်းပေါ်ကနေ ကြည်နူးစွာ ငေးမောကြည့်နေရတဲ့ သက်ရှိမေတ္တာပန်းချီကားလေးတစ်ချပ် ။ 


#လေပြည်ချမ်းချမ်း
21:51 PM/Oct 24th/ 2017/ Tuesday.

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´