Skip to main content

The Two Wolves



• [ မြေခွေးနှစ်ကောင် ] •
🍂🍂🍂🍂🍂🍂🍂🍂

ညနေခင်းတစ်ခုမှာပေါ့။
အဘိုးအိုချာအိုကီဟာ တိုက်ပွဲတစ်ခုကြောင်း မြေးကလေးကို ပြောပြနေတယ်။

" ငါ့မြေး၊ တိုက်ပွဲတစ်ခု ရှိတယ်။

အဘိုးတို့အားလုံးရဲ့ အတွင်းစိတ်ထဲမှာရှိတဲ့ မြေခွေးနှစ်ကောင်ကြားက တိုက်ပွဲပေါ့။

တစ်ကောင်ကတော့ 'မကောင်းဆိုးဝါး' ဖြစ်တယ်။ အဲဒီမကောင်းဆိုးဝါးက ဘာတွေလဲဆိုတော့ အမျက်ဒေါသ၊ မနာလိုဝန်တိုမှု၊ ၀မ်းနည်းပူဆွေးမှု၊ နောင်တတရား၊ အလိုလောဘ၊ မာနတရား၊ ကိုယ့်ကိုကိုယ်သနားတဲ့စိတ်၊ လိပ်ပြာမလုံမှု၊ အရှက်သိက္ခာမဲ့မှု၊ သိမ်ငယ်မှု၊ မရိုးမဖြောင့်လိမ်ညာမှု၊ ဂုဏ်မောက်မှု၊  ပြီးတော့ ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းမှုတွေနဲ့ အတ္တတရားတွေ ဖြစ်တယ်။

နောက်ထပ်တစ်ကောင်ကတော့ 'ကောင်းမွန်တဲ့မြေခွေးတစ်ကောင်' ဖြစ်တယ်။ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ ချစ်ခြင်းမေတ္တာ၊ မျှော်လင့်ချက်၊ တည်ငြိမ်အေးချမ်းမှု၊ နှိမ့်ချတတ်မှု၊ ကြင်နာတတ်မှု၊ စေတနာထက်သန်မှု၊ ကိုယ်ချင်းစာတရားထားရှိမှု၊ သဘောထားကြီးမှု၊ အမှန်တရားကို မြတ်နိုးမှုနဲ့ နောက်တော့ .... သစ္စာတရားပြည့်ဝမှုတို့ ဖြစ်တယ်။"

မြေးကလေးဟာ သေချာနားစိုက်ထောင်နေတယ်။ နောက်ထပ် တစ်မိနစ်လောက်အကြာမှာတော့ သူက အဘိုးကို မေးတယ်။

" ဘယ်သူက အနိုင်ရသလဲ ဘိုးဘိုး။ "

အဘိုးက တစ်လုံးချင်းပဲ ရိုးရိုးရှင်းရှင်းလေး ဖြေပေးတယ်။

" မင်း အစာကျွေးပေးတဲ့ မြေခွေးက အနိုင်ရလိမ့်မပေါ့ မြေးလေးရယ် ။"

Ref: #Internet
#လေပြည်ချမ်းချမ်း
23:28 PM/ Nov 24th/ 2017/ Friday.

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´