Skip to main content

Posts

Showing posts from May, 2018

Your Sketch Of Acts Is Your History ....

•[ ကောက်ကြောင်းများအကြောင်း   (သို့မဟုတ်) ကမ္ဘာကြီးရဲ့သမိုင်း ]• မိုက်ရူးရဲဆန်မှုတွေက ချိုမြိန်ပါတယ် အသိတရားကတော့ ခါးတယ် ဒါဟာ ဘာကြောင့် ပျားရည်တုတွေ လူကြိုက်များနေရတယ်ဆိုတဲ့အကြောင်း မျက်စိဒေါက်ထောက် ကြည့်နေသူတွေကြားမှာ ခေါင်းလေးတစ်ချက်တော့ မော့ပါရစေကွယ် ခက်တာ.... ငါဟာ အစကတည်းက မျက်လွှာချထားခဲ့တာ မဟုတ်ဘူး ခေါင်းငုံ့ထားခဲ့တာ မဟုတ်ဘူး မုန်တိုင်းကို ကြို လင့်လို့ ဒီမိုးရာသီထဲ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ရဲရဲဖြတ်လျှောက်ခဲ့သူပေါ့ အမှန်တရားကို  ဝိုင်းတိုက်တဲ့မိုးခါးရေ အဆိပ်သင့်တဲ့တစ်နေ့ ဒီကမ္ဘာကြီး နှလုံးသားသစ်နဲ့ ပိုစိမ်းမြရှင်းသန့်လာလိမ့်မယ် ဒီနေ့ လူတွေရဲ့ နှလုံးသားထဲ သင် ထပ်ပြီး .... အမှိုက်မပစ်ပါနဲ့ ။ "လေပြည်ချမ်းချမ်း"

About Integrity - 2

[ About Integrity _ 2 ] <3 <3 <3 <3 <3 <3  မြစ်တွေလို ခေတ်ဆီ စီးဆင်းသွားလို့ရပါရဲ့။ အမှန်တရားကို ချစ်မြတ်နိုးတဲ့စိတ်ကတော့ ဘေးမှာမြင်နေရတဲ့ တောင်တန်းကြီးလို  တသမတ်တည်း ခိုင်မာရမယ် ။  "လေပြည်ချမ်းချမ်း"

Who Owns You?

 [ Who Owns You? ] <3 <3 <3 <3 ကိုယ်မပိုင်ဆိုင်နိုင်တဲ့  တိမ်တိုက်တွေအကြောင်း ပြောပြတော့ ကောင်းကင်ကြီးက ရယ်တယ် ခံစားပါ .... ကျေးဇူးတင်စွာနဲ့ ရရှိခဲ့ဖူးသမျှ ခံစားပါ .... ဒါဟာ ပိုင်ဆိုင်ခြင်း .... တဲ့ ။ ကိုယ် လွတ်လပ်သွားတယ် ။ အခု အရာအားလုံးကို လွတ်လပ်ခွင့်ပေးဖို့  ကိုယ် အဆင်သင့်ဖြစ်ပြီ ။ လေပြည်တစလို သိမ်းပိုက်မှုမျိုးနဲ့  ။ " လေပြည်ချမ်းချမ်း "

Life Is Just A Bowl Of Cherries

• [ ဘဝဆိုတာ ပျော်စရာ] • 💝💝💝💝💝💝💝💝 ဘဝမှာ လဲကျတိုင်း ပြန်ထရမယ်ဆိုရင် ကိုယ်ကိုယ်တိုင်ထရပ်,ပါ ဘယ်သူလာကမ်းပေးမယ့်လက်ကိုမှစောင့်မနေပါနဲ့ ဒါဟာ အစစ်အမှန်သန်မာကြံ့ခိုင်ခြင်းပဲ ။  #လေပြည်ချမ်းချမ်း 💌

International Mother's Day

“ နိုင်ငံကာအမေများနေ့ ” 💝💝💝💝💝💝💝💝 [ International Mother’s Day ] ‘အမေနေ့’ ဆိုတာ မိခင်ဘ၀ရဲ့ ဖြစ်တည်မှု နဲ့ မိခင်များရဲ့ လူမှုအဖွဲ့အစည်းအပေါ် လွှမ်းမိုးသက်ရောက်မှုကို အထူးပြုညွှန်းဖွဲ့တဲ့နေ့လေးတစ်နေ့ဖြစ်ပါတယ်။ ကမ္ဘာပေါ်က အရပ်ဒေသအသီးသီးမှာ ကျင်းပတဲ့နေ့ရက်တွေ ကွဲပြားခြားနားပေမယ့် အများအားဖြင့် နွေဦးရာသီလိုမျိုး (ဧပရယ် ၊ မေ … စသဖြင့်) လတွေမှာ ကျင်းပကြလေ့ရှိပါတယ်။ ‘အမေနေ့’ အထိမ်းအမှတ်ပွဲတွေကျင်းပခြင်းကို အမေရိကားမှာ (၂၀)ရာစုနှစ်ရဲ့အစောပိုင်းကာလများမှာ   ကတည်းက စတင်ခဲ့ပြီး တခြားနိုင်ငံတွေမှာ ‘အမေနေ့’ရယ်လို့ သီးသန့်သတ်မှတ်ချက် မရှိသေးပေမယ့်လည်း အမေများနဲ့ဆိုင်တဲ့ ဘာသာရေးနေ့တွေတော့ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ … ‘အမေနေ့ ‘ထင်ပေါ်ကျော်ကြားလာတဲ့အခါ ရှိရင်းစွဲနေ့ရက်တွေကို ‘အမေနေ့’ အဖြစ် နိုင်ငံတော်တော်များများမှာ မှတ်ယူကျင်းပခဲ့ကြပါတယ်။ “ အမေနေ့ သမိုင်း ” (Mother’s Day History) ~●●●●●●●●●●●~ ခေတ်သစ်အားလပ်ရက်ဖြစ်တဲ့ ‘အမေနေ့’ကို အမေရိကန်နိုင်ငံမှာ (၁၉၀၈) ခုနှစ်က စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အန်နာ ဂျားဗစ်စ် ဟာ အနောက်ဗာဂျီးနီးယားပြည်နယ်၊ ဂရစ်ဖ်တွန်မြို့မှာ သူမရဲ့မိခင်အ...

Spring

နွေဦး အေးခဲ​နေတဲ့​ မျှော်​လင့်​ချက်​ကိုဖမ်းဆုပ်​ပြီး ​ ကြွေရွက်​တစ်​ရွက်​လို ဆောင်းရာသီထဲ ဘဝကိုခြွေချထားခဲ့တာ။ ​အေးခဲ​တိတ်​ဆိတ်​ အထီးကျန်​​ ... လေ​နေတဲ့စိတ်​​တွေ ... သိပ်​ဖျားခဲ့တယ်​။ လဲ့လဲ့​လေးဖြာတဲ့ ​နေခြည်​​ ​​နူးညံ့​သွေးချိုတဲ့​နွေဦး ဘာကိုမှချည်​​နှောင်​ ထား​လေ့မရှိတဲ့ ပွင့်​လင်းမှု ​နွေတူရိယာ လေညင်းပျိုရဲ့​တေးချွန်​သံ ။ အကန်​သတ်​မဲ့ တန်​ဖိုး​ကြီးအခမဲ့တွေမှာ အ​အေးမိ​စိတ်​အထုံး​တွေ စိတ်​ကူးအတိုင်း ​နေပူဆာလှုံကြည့်​ရ​အောင် ။ ရင်​ဘတ်​ထိပြုံးတတ်​ရင်​ နှစ်​အထပ်​ထပ်​ စိတ်​အညှိအခိုး​တွေ ​ရာသီအ​ရွေ့လေထဲ လွင့်​​ပြေးသွားမယ်​ထင်​ရဲ့ကွယ်​။ ငါ ဒီ​နေ့ အကြမ်းတမ်းဆုံး ​လောကဓံမှာ အနူးညံ့ဆုံး ပြုံးတတ်​ပြီ ။      ။ "လေပြည်ချမ်းချမ်း"