နွေဦး
အေးခဲနေတဲ့
မျှော်လင့်ချက်ကိုဖမ်းဆုပ်ပြီး
ကြွေရွက်တစ်ရွက်လို
ဆောင်းရာသီထဲ
ဘဝကိုခြွေချထားခဲ့တာ။
အေးခဲတိတ်ဆိတ်
အထီးကျန်
...
လေနေတဲ့စိတ်တွေ
... သိပ်ဖျားခဲ့တယ်။
လဲ့လဲ့လေးဖြာတဲ့
နေခြည်
နူးညံ့သွေးချိုတဲ့နွေဦး
ဘာကိုမှချည်နှောင်
ထားလေ့မရှိတဲ့
ပွင့်လင်းမှု
နွေတူရိယာ
လေညင်းပျိုရဲ့တေးချွန်သံ
။
အကန်သတ်မဲ့
တန်ဖိုးကြီးအခမဲ့တွေမှာ
အအေးမိစိတ်အထုံးတွေ
စိတ်ကူးအတိုင်း
နေပူဆာလှုံကြည့်ရအောင်
။
ရင်ဘတ်ထိပြုံးတတ်ရင်
နှစ်အထပ်ထပ်
စိတ်အညှိအခိုးတွေ
ရာသီအရွေ့လေထဲ
လွင့်ပြေးသွားမယ်ထင်ရဲ့ကွယ်။
ငါ ဒီနေ့
အကြမ်းတမ်းဆုံး
လောကဓံမှာ
အနူးညံ့ဆုံး
ပြုံးတတ်ပြီ ။ ။
"လေပြည်ချမ်းချမ်း"
Comments
Post a Comment