Skip to main content

Posts

Showing posts from 2013

" နိုဝင်ဘာ အလွမ်းသစ်ပင် "

" နိုဝင်ဘာ အလွမ်းသစ်ပင် " ●~ ♦♥♥♥♦~ ● ‘အပေးအယူမထားတဲ့ အချစ်’ ‘အတုံ့အလှည့်မမျှော်တဲ့ မေတ္တာ’ ‘အစုန်အဆန်မရှိတဲ့ မျှော်လင့်ချက်’ ဒီသစ်ပင်ဟာ ကမ္ဘာမြေပေါ် ရောက်ရှိခဲ့ရုံသက်သက် သူ့အတွက် ဘာကိုမှယူမသွားခဲ့ဘူး …။ ချစ်တဲ့ကမ္ဘာမြေရိပ်မြုံကို အောက်ဆီဂျင်ထုတ်ပေးရုံသက်သက် သူကတော့ … အသက်ဝအောင် ရှုမသွား…ဘူး။ နှင်းဝေဖုံးတဲ့ အဖြူဆွတ်ဆွတ်နိုဝင်ဘာ နှင်းစက်တွေကြား အလွမ်းတွေ တလက်လက် လွင့်ကြွေနေဆဲ …။ တဖြည်းဖြည်းပို,ပိုဝေးသွားတဲ့ ဒီအရိပ်အငွေ့ဟာ ဘယ်တော့မှ အေးစက်မသွားဘဲ ရင်ထဲ နက်နက်ရှိုင်းရှိုင်း ပို,ပို…နွေးထွေးလာနေတယ် ဆိုတာ … ။            ။ “ လေပြည်ချမ်းချမ်း ” Nov 14 th ,2013 Thurs, 22:19pm  [ Every Nov 23rd is violet colour of missing, Mom ...] 

" ကောင်းကင်ပြာ လွမ်းအိပ်မက် "

[၁] “ဒေါင် ဒေါင် ဒေါင် …” ကျောင်းဆင်းခေါင်းလောင်းထိုးသံက ခါတိုင်းနှင့်မတူ နားထဲမှာ ပို၍ ချိုမြိန်လွန်းလှသည်။ ဗိုက်က တကျုတ်ကျုတ်ဆာလောင်နေပြီ။ နေ့လည်က ကျောင်းမမီမှာစိုးသဖြင့် နေ့လည်စာကို ဂရုမစိုက်နိုင်ဘဲ ကမန်း ... ကတန်းကျောင်းသို့ ထွက်လာခဲ့သော မနှင်းဖွေးတစ်ယောက် နိုင်ငံတော်သီချင်းဆိုပြီးသည်နှင့် အတန်းထဲမှ ၀ုန်းခနဲပြေးထွက်ကာ စက်ဘီးအမြန်နင်းရင်း အိမ်သို့အသော့နှင်ခဲ့သည်။ အဆာပြေစားဖို့ … မေမေ ဘာတွေများ ပြင်ဆင်ထားမှာပါလိမ့်။ ငယ်ငယ်တုန်းက တက်ခဲ့သော မူလတန်းကျောင်းရှေ့က ဂွတ်ရှယ်မုန့်ုဟင်းခါးလား။ နေ့လည်ခင်းတွေမှာ တောင်းနှင့်လာရောင်းသော သာကူချို၊ ဂျုံယိုသည်ဆီမှ မုန့်လုံးကြီးဆီစိမ်များလား။ ဒါမှမဟုတ် … ထမင်းနှင့်အဆာပြေ ကျူရှင်သို့မပြေးမီ စားဖို့ သင်္ဘောသီးသုပ် (သို့မဟုတ်) ရှောက်သီးသုပ်များလား ။ အတွေးနှင့်ပင် မနှင်းဖွေးတစ်ယောက် သရေကျလာတော့မလိုလို ။ မနှင်းဖွေးတို့ အထက်တန်းကျောင်းက အိမ်နှင့်ဝေးသည်မို့ ချက်ချင်းတော့ မရောက်။ စက်ဘီးတ၀ုန်းဝုန်း နင်းလာတာတောင် ဆယ်ငါးမိနစ်လောက်နေမှ ရောက်သည်။ ဟိုးရှေ့မှာ အိမ်ကို လှမ်းမြင်နေရပြီ။ အိမ်ရှေ့က မယ်ဇလီပင်အောက် စက်ဘီးကို ဒေါက်ထောက်လိုက်ပြီး အိမ်ထဲသို့ လွယ်အ...

" Black Coffee "

“ ဘလက်ကော်ဖီ ” [ Black Coffee ]  ~•♦♦♦•♦♦♦•♦♦♦•~ ‘စစ်မှန်မှု’ ဆိုတဲ့ ‘အရည်အသွေး’တစ်ခုရဖို့ ...   ‘အရသာ’ကို မပြင်ဆင်ခဲ့ဘူး ။ ရေဆူမှတ်ထဲမှာ တိုးဖွပျော်ဝင် နည်းနည်းလေးဆိမ့်ဖို့ မဖြစ်စလောက်အချိုနည်းနည်းအုပ် … အစိမ်းရောင်သံပရာခြမ်းက စိတ်အတွေးတွေ လတ်ဆတ်ဖို့အဆာ … ။ ဘ၀ရဲ့အဓိပ္ပါယ်က လူကြိုက်များဖို့ဆိုရင် ငါဟာ လူတွေ … လူတွေ အကြိုက်တွေ့အောင် ဆွဲဆောင်ဖို့ အပျင်းထူတဲ့ 'ဘလက်ကော်ဖီ'တစ်ခွက် … ။ ကိုယ့် စစ်မှန်ခြင်းနဲ့ကိုယ် ပျော်ပျော်ကြီး ခါးနေဦးမယ် … မင်းကြိုက်ရင် လာသောက်လှည့် … ရင်ဘတ်ချင်း အရသာဆွေးနွေးကြမယ် ။ ။ “ လေပြည်ချမ်းချမ်း ” Wed 23rd Oct ; 2013 14:43 pm

‘လှိုက်လှဲဖိတ်ခေါ် ဆီးဂိမ်းပွဲတော်’ [ Welcome to Myanmar , 27th Sea Games 2013 ]

မြန်မာ့ရှုခင်း မြန်မာ့စိတ်ရင်း အခွင့်သာခိုက် ၀င်ကြည့်လှည့် … အဆွေ ။ မြန်မာ့အလှ မြန်မာ့ဘ၀ အခွင့်သာတုန်း ရှုကြည့်လှည့် …လေ ။ မြန်မာ့သတ္တိ မြန်မာ့အားမာန် … အားကစားဟန်ထဲ ဆန်းစစ်လှည့် …လေ။ ပိတ်ဆို့ခြေရာ မြူမှုန်ခွာရှင်း … တာဝေးကမ္ဘာ့ အပြေးလမ်းမတစ်ခွင် … ချဉ်းနင်းဝင်ရောက် တရှိန်ထိုးဖောက်မည်… ဇွဲလုံ့လနှင့် အားမာန်နှင့် ..၊ ဂုဏ်ယူပီတိနှင့် ချစ်ကြည်ရေးလက်နှင့်…၊ ဖော်ရွေအပြုံးနှင့် အားကစားစိတ်ဓါတ်နှင့်။ အရှေ့တောင်အာရှ ပဲ့တင်ထပ်အော် … နွေးထွေးဖိတ်ခေါ် လှမ်းခဲ့ပါနော် … လှိုက်လှဲကမ်းလင့် မြန်မာတို့မြေပေါ် … နှစ်ဆယ့်ခုနစ်ကြိမ်မြောက် ဆီးဂိမ်းပွဲတော် … ။            ။ “လေပြည်ချမ်းချမ်း”