" နိုဝင်ဘာ အလွမ်းသစ်ပင် "
●~♦♥♥♥♦~●
‘အပေးအယူမထားတဲ့ အချစ်’
‘အတုံ့အလှည့်မမျှော်တဲ့ မေတ္တာ’
‘အစုန်အဆန်မရှိတဲ့ မျှော်လင့်ချက်’
ဒီသစ်ပင်ဟာ
ကမ္ဘာမြေပေါ် ရောက်ရှိခဲ့ရုံသက်သက်
သူ့အတွက် ဘာကိုမှယူမသွားခဲ့ဘူး
…။
ချစ်တဲ့ကမ္ဘာမြေရိပ်မြုံကို
အောက်ဆီဂျင်ထုတ်ပေးရုံသက်သက်
သူကတော့ …
အသက်ဝအောင် ရှုမသွား…ဘူး။
နှင်းဝေဖုံးတဲ့ အဖြူဆွတ်ဆွတ်နိုဝင်ဘာ
နှင်းစက်တွေကြား အလွမ်းတွေ
တလက်လက် လွင့်ကြွေနေဆဲ …။
တဖြည်းဖြည်းပို,ပိုဝေးသွားတဲ့
ဒီအရိပ်အငွေ့ဟာ
ဘယ်တော့မှ အေးစက်မသွားဘဲ
ရင်ထဲ နက်နက်ရှိုင်းရှိုင်း
ပို,ပို…နွေးထွေးလာနေတယ်
ဆိုတာ … ။ ။
“လေပြည်ချမ်းချမ်း”
Nov 14th ,2013
Thurs, 22:19pm
Comments
Post a Comment