“ ဘလက်ကော်ဖီ ”
[ Black Coffee ]
~•♦♦♦•♦♦♦•♦♦♦•~
‘စစ်မှန်မှု’ ဆိုတဲ့
‘အရည်အသွေး’တစ်ခုရဖို့...
‘အရသာ’ကို မပြင်ဆင်ခဲ့ဘူး ။
ရေဆူမှတ်ထဲမှာ တိုးဖွပျော်ဝင်
နည်းနည်းလေးဆိမ့်ဖို့ မဖြစ်စလောက်အချိုနည်းနည်းအုပ် …
အစိမ်းရောင်သံပရာခြမ်းက
စိတ်အတွေးတွေ လတ်ဆတ်ဖို့အဆာ … ။
ဘ၀ရဲ့အဓိပ္ပါယ်က လူကြိုက်များဖို့ဆိုရင်
ငါဟာ လူတွေ … လူတွေ
အကြိုက်တွေ့အောင် ဆွဲဆောင်ဖို့
အပျင်းထူတဲ့ 'ဘလက်ကော်ဖီ'တစ်ခွက် … ။
ကိုယ့် စစ်မှန်ခြင်းနဲ့ကိုယ်
ပျော်ပျော်ကြီး ခါးနေဦးမယ် …
မင်းကြိုက်ရင် လာသောက်လှည့် …
ရင်ဘတ်ချင်း အရသာဆွေးနွေးကြမယ် ။ ။
“ လေပြည်ချမ်းချမ်း ”
Wed 23rd Oct ; 2013
14:43 pm
‘အရည်အသွေး’တစ်ခုရဖို့...
‘အရသာ’ကို မပြင်ဆင်ခဲ့ဘူး ။
ရေဆူမှတ်ထဲမှာ တိုးဖွပျော်ဝင်
နည်းနည်းလေးဆိမ့်ဖို့ မဖြစ်စလောက်အချိုနည်းနည်းအုပ် …
အစိမ်းရောင်သံပရာခြမ်းက
စိတ်အတွေးတွေ လတ်ဆတ်ဖို့အဆာ … ။
ဘ၀ရဲ့အဓိပ္ပါယ်က လူကြိုက်များဖို့ဆိုရင်
ငါဟာ လူတွေ … လူတွေ
အကြိုက်တွေ့အောင် ဆွဲဆောင်ဖို့
အပျင်းထူတဲ့ 'ဘလက်ကော်ဖီ'တစ်ခွက် … ။
ကိုယ့် စစ်မှန်ခြင်းနဲ့ကိုယ်
ပျော်ပျော်ကြီး ခါးနေဦးမယ် …
မင်းကြိုက်ရင် လာသောက်လှည့် …
ရင်ဘတ်ချင်း အရသာဆွေးနွေးကြမယ် ။ ။
“ လေပြည်ချမ်းချမ်း ”
Wed 23rd Oct ; 2013
14:43 pm
Comments
Post a Comment